Pages

Wednesday, 5 June 2013

မိတ်ဆွေများ အားလုံးကို ဖိတ်ကြားအပ်ပါသည်






နှစ်စဉ် သြဂုတ်လ ၂၆ နေ့သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ် ပြဌာန်းခဲ့ သောနေ့ထူးနေ့မြတ်ဖြစ်ပါသည်။
လာမည့် ၂၆-၈-၂၀၁၃ ဆိုလျှင် ၅၂ ပြည့်မြောက်ပြီဖြစ်ပါသည်။

တရားဝင် ဥပဒေထုတ်ပြန်၍ အတည်ပြု ပြဌာန်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သမိုင်းအဆက်ဆက် မေ့လျော့ထားခံခဲ့ရသော အထိမ်းအမှတ်နေ့ဖြစ်ပါသည်။

ထိုသမိုင်းဝင်အထိမ်းအမှတ်နေ့ကို မ, မေ့လျော့ခဲ့သော ဗဟန်း မင်္ဂလာမဏ္ဏိုင်ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာသိရီဦးဆောင်သည့် အဖွဲ့သည် အခါအခွင့် သင့်သည်နှင့် တစ်ပြိုင်နက် ပြန်လည်ဖော်ဆောင်ရန် ကြာမြင့်စွာအားထုတ်ခဲ့ရာ၊ အသီးအပွင့်အဖြစ်
ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင် ပြီး ၅၁ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

ထူးခြားချက်အနေနှင့် ထိုခမ်းအနားနှင့်တွဲဖက်၍ " ထေရဝါဒ ဓမ္မကွန်ရက်" ဟုခေါ်တွင်သော အမျိုးဘာသာ၊ သာသနာအရေး ဆောင်ရွက်အကောင်ထည်ဖော်နေသည့် အဖွဲ့ပေါင်း ၄၀ ခန့်ကို စုစည်းကာ ကွန်ရက်သဖွယ်ချိတ်ဆက်ပေးသည့် အဖွဲ့အစည်းကြီးကို လည်း အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထိုအဖွဲ့ကြီးအနေနှင့် တောင်ဒဂုံ ၂၆ ရပ်ကွက် တရားရိပ်သာမှ ဘုရားရုပ်ပွားတော်များ ကို သန်လျင်တွင်သွားရောက်စွန့်ပစ်ခဲ့သည့် ကုလားနောက်ခံပေးထားသော ဘာသာပျက်မိသားစုကို တရားစွဲဆိုခြင်း၊ မွတ်ဆလင်ကုလားပိုင် မေခလာသိန်းအထည်ဆိုင်မှ ဘုရားပုံပါသော ထမီများရောင်းချမှုကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်ပေးပြီး ပါဝင်အမှုလိုက်ပေးနေခြင်း စသည့် ထင်ရှားသေားကိစ္စများအပါအဝင် ဘာသာ၊ သာသနာအရေးများစွာကို ဆောင်ရွက်အကောင်ထည်ဖော်လျက်ပါသည်။

ယခုအခါ ထို " ထေရဝါဒ ဓမ္မကွန်ရက်" ကြီးမှ ဦးဆောင်ပြီး ယခုနှစ်၏ နိုင်ငံတော်ဘာသာနေ့ကို စည်ကားအောင်မြင်စွာကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိရာ နိုင်ငံတော်ဘာသာနေ့ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် မီဒီယာရှင်းလင်းပွဲကြီးကို လာမည့် ၉-၆-၂၀၁၃ နေ့တွင် ရန်ကုန်မြို့တိပိဋကကျောင်းတိုက် (ပဲခူးကလပ် ကားမှတ်တိုင်အနီး) တွင် နေ့လည် ၁ နာရီမှ ၄ နာရီအတွင်း ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာ၊ သာသနာအရေး တွေးဆပူပင်၍ စိတ်ဝင်တစားရှိကြကုန်သော၊ ငွေအားလူအားတို့ဖြင့် ပံ့ပိုးလိုကြကုန်သော သူတော်ကောင်းမိတ်ဆွေအပေါင်းတို့ တက် ရောက်နိုင်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

တစ်ဆက်တည်းဖိတ်ကြားလိုသည်မှာ လာမည့် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို တောင်ဒဂုံ တိပိဋကကျောင်းတိုက်ကြီးတွင် ကျင်းပမည်ဖြစ်ပါသည်။ ၂၆-၈-၂၀၁၃ နေ့သည် တနင်္လာနေ့ကျရောက်သောကြောင့် အခမ်းအနားကို အကြိုနေ့ဖြစ်သော ၂၅-၈-၂၀၁၃ နေ့တွင်ကျင်းပပြီး၊ ၂၆-၈-၂၀၁၃ တွင် မူ နေအိမ်များတွင်သာသနာ့အလံများလွှင့်ထူခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ဖြင့် ကုသိုလ်ယူကြမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

6 comments:

  1. Congratulation " ထေရဝါဒ ဓမ္မကွန်ရက်" ဗဟန်း မင်္ဂလာမဏ္ဏိုင်ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာသိရီ,thanks SAYA Mg Karlu.

    ReplyDelete
    Replies
    1. Yes,Since 1948 when the country gained its independence from Great Britain, both civil and military governments have supported Theravada Buddhism. The 1947 Constitution states, "The State recognizes the special position of Buddhism as the faith professed by the great majority of the citizens of the Union." The Ministry of Religious Affairs, created in 1948, was responsible for administering Buddhist affairs in Burma. In 1954, the prime minister, U Nu, convened the Sixth Buddhist Synod at Kaba Aye Pagoda in Rangoon (Yangon), which was attended by 2,500 monks, and established the World Buddhist University.The construction of the pagoda and cave were a part of U Nu’s attempt to establish Buddhism as the official religion of Burma(Myanmar), thereby creating a Buddhist state. ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ `ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေနေအရပ်ရပ်အတွက်ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်

      လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၀၀- ကျော်တိုင်အောင် အသက်ရှင်ရပ်တည်ခဲ့တဲ့

      ဘာသာတရားတခုဖြစ်တယ်´ လို့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနိုင်ပါတယ်။

      အိန္ဒိယတိုက်ကြီးတခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့မေ့ပြောက်ထားနိုင်ခဲ့ကြတဲ့ အထိ

      သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတွေကို

      မွတ်ကျူးကျော်သူတွေ လက်ထဲထိုးအပ်ခဲ့ရပါတယ်။

      အိန္ဒိယနဲ့ နီပေါတို့ကိုတော့ ဟိန္ဒူတွေရဲ့ လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလည်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်း ဒေသတွေကိုလဲ

      ညှိနှိုင်းလို့မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။

      ဒီလိုဆုံးရှုံးမှုကြိးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ နောက်ထပ်ဘယ်လောက်များများ

      ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။

      ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

      Delete
  2. ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမိုင်းကြောင်းနဲ့ ချီပြီး ပြောရမယ်ဆိုရင်

    ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့အင်အားဟာ သံဃအဖွဲ့စည်းပေါ်မှာ အခြေဆိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မယာယနပဲဖြစ်ဖြစ်၊ တိဗက်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊

    ဘယ်အဖွဲ့စည်းမှားမဆို သံဃအဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်း တစ်ရပ်လုံးရဲ့ အဓိက ကြောရိုးအဖြစ်

    တည်ရှိလာခဲ့ပါတယ်။

    ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှု့ကို သံဃအဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မတ်လေ့ ရှိပါတယ်။

    ဗုဒ္ဓသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိန်းစောင့်ရှောက်ခဲ့တဲ့ သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခူနီတွေနဲ့ သီလရှင်တွေပဲ ဖြစ်ပါတယ်။

    ယနေ့အချိန်ထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။ August 26, 1961 (Saturday),Burma(Myanmar)constitution to declare Buddhism as the nation's official religion.

    ReplyDelete
    Replies
    1. ၂၀၀၉-ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့အစည်းကို `ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံး´ ဘာသာတရားဆုချီးမြှင့်ခဲ့သည်။ အဆိုပါအထူးတစ်လည်ချီးမြှင့်သည့် ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင်အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သောဗုဒ္ဓဘာသာကို မိမိတို့ဘာသာထက် ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

      Delete
  3. အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများစွာကို သံဝေဂလောက်ယူပြီး အနာဂတ်မှာ ထိုထိုသို့သော အဖြစ်မျိုးများမကြုံရလေအောင် ပစ္စုပ္ပန်တည့်တည့်မှာ တစ်မျိုးသားလုံး အင်နဲ့ အားနဲ့ တွန်းတွန်းတိုက်တိုက် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ချီတက်မှသာလျှင် နောင် အနာဂတ်မှာ ကိုယ့်ရဲ့မျိုးဆက်သစ်များ အခြေလှ အနေလှမည်ဖြစ်ပါသည်။ ဆိုလိုတာက အတိတ်ကဖြစ်ပျက်ခဲ့တဲ့ (ဥပမာ) မလေးရှားနိုင်ငံ၊ အင်ဒိုနိုင်ငံ အာဖဂန်နစ္စတန်နိုင်ငံစတဲ့ နိုင်ငံများဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်ခဲ့ကြပါတယ်။ သို့သော် ဘာသာခြား လူမျိုးခြားတို့၏ လူလူချင်းဝါးမြိုမှု၊ အကြမ်းဖက် ဖျက်စီးမှုတို့ကြောင့် ထိုနိုင်ငံများဟာ ဘာသာခြားနိုင်ငံများဖြစ်သွားကြပါပြီ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်အောင် ဘယ်လိုမှ ပြန်လုပ်လို့မရတော့ပါဘူး။ အဲဒီတော့ အဲဒီအဖြစ်ဆိုးမျိုးတွေ မြန်မာနိုင်ငံမှာ မကူးစက်အောင် မဖြစ်ရအောင် အဲဒီ ဘာသာခြားနိုင်ငံများ ဖြစ်သွားရတဲ့ နိုင်ငံအပေါင်းကို သံဝေဂယူပြီး ယခုအချိန်ကာကွယ်မည်ဆိုလျှင် ဆေးမှီနိုင်သေးတယ်ဆိုတာကို သိစေချင်တာပါ။

    သေတော့မယ့် လူနာတစ်ယောက်ဟာ ဆေးကောင်းတစ်ခွက်သောက်မိဖို့ အလွန်အင်မတန်မှ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ သတိနဲ့ အသိတရားများကို လက်ကိုင်ထားပြီး ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာ ရှောင်နိုင်ဦးမယ်ဆိုရင်တော့ ဆေးမှီပါသေးတယ် လို့ပဲ ပြောချင်ပါတယ်။ အနာရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တစ်ယောက်ကို ဒီဆေးသောက်ရင် ပျောက်မယ်ဆိုတာ သိလျက်နဲ့ မသောက်ဘဲ ငြင်းဆန်နေမယ်ဆိုရင် မိဘတွေအနေနဲ့ အတင်းချုပ်ပြီး တိုက်သင့်ရင် တိုက်ရပါ့မယ်။ အဲဒီလိုပါပဲ၊ အမျိုး သာသာ သာသနာနဲ့ ပတ်သတ်ပြီး မကွယ်မပျောက်အောင် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်တွေ လူတိုင်းကိုယ်စီ ရှိနေပါလျက် ကာကွယ်စောင့်ရှောက်မှုမရှိဘဲ မသိကျိုးကျွန်ပြုနေကြမယ်ဆိုရင်လည်း အတင်းအကြပ်နားလည်သဘောပေါက်အောင် ပြောသင့်ရင် ပြောရပါလိမ့်မယ်။ ကိုယ်နဲ့ဘာမှမဆိုင်သလို ဘာမှမပြောဘဲ နေခဲ့မယ်ဆိုရင် လူမျိုးရော ဘာသာပါ တဖြည်းဖြည်း လုံးပါးပါးသွားနိုင်ပါတယ်။ ဆိုလိုတာက ဥပမာ ကိုယ့်အသိဖြစ်စေ မသိတဲ့သူဖြစ်စေ ဗုဒ္ဓဘာသာဝင်မိန်းကလေးတစ်ယောက် ဘာသာခြားနဲ့တွဲသွားတွဲလာ ချစ်ကြိုက်နေသည်ကို မြင်တွေ့ပါလျှင် ကိုယ့်နှမ၊ကိုယ့်အစ်မ ကဲ့သို့သဘောထားပြီး တားမြစ်ပိတ်ပင်နားချရမည်ဖြစ်၏။ မသိသလို မဆိုင်သလို မနေသင့်ပါ။ ပြီးတော့ သူ့လူကိုယ့်ဘက်သားလုပ်ပြီး ဘာသာခြားနဲ့ အောင်သွယ်ပြီး ကိုယ့်ဘာသာမိန်းကလေးများကို ပေးစားတာမျိုး မလုပ်သင့်သလို အားပေးအားမြှောက်လည်းမဖြစ်သင့်ပါ။ အဖြစ်ပျက်တစ်ခု သတိရမိ၏။ ဘာသာခြားတစ်ယောက်ရဲ့ ဆိုင်ကယ် အနောက်မှာ ဗုဒ္ဓဘာသာ လူငယ်တစ်ယောက်ပါစီးလာပါတယ်။ ဘာသာခြားက ဗုဒ္ဓဘာသာမိန်းကလေးကိုစပါတယ်။ အဲဒါ အနောက်က ကပ်ပြီးစီးလာတဲ့ ဘာသာတူလူငယ်က ဘာသာခြားကို တားဆီးရမှန်းမသိ၊ တားမြစ်ရမှန်းမသိသည့်အပြင် သူကပါပြုံးရွှင်နေပါသေးတယ်။

    အသားထဲကထွက်လာတဲ့ လောက်ကောင်ပါ။ မျိုးချစ်စိတ် ဘာသာစိတ်အလွန်နည်းပါပြီး အသိတရားက ခွေးလောက်ပင်မရှိဟု ထင်မိပါတယ်။ ထိုသို့သော လူမျိုးမဖြစ်အောင်ထိန်းသိမ်းကြပါ။ အားလုံးလည်းသိပြီးလောက်ပြီးထင်ပါတယ်။

    ReplyDelete
  4. ရွှေပလောင်6 June 2013 at 23:22

    တတိုင်းပြည်လုံးသိအောင် ၀ိုင်းဝန်းကြိုးစားကြပါ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်