Pages

Tuesday, 27 May 2014

ပုဒ်မ ၄၃၆ ပြင်ချင်နေတာ ၅၉(စ) တစ်ခု တည်း အတွက်ဟုယူဆနေသော အမျိုးသားရေးသမားတွေ ထင်မထားမိသော အခြားအကြောင်းအရာများ




အခြေခံဥပဒေ အခန်း (၁၂) အခြေခံသပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်သင့်သည် မှာမှန်က န်သော်လည်း လွှတ်တော်ကိုယ်စား ၇၀% (သို့မဟုတ်) ၇၅% ၏ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်သည်ဟု ပဲပြောင်းလည်းသင့်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း မှ အခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မကို တင်ကြပ်ထားမှုမရှိပါက အခြေခံဥပဒေ ပါ ပြဌာန်းချက်များကို လွယ်လင့်တကူ ပြင်ဆင်ခြင်း ဖျက်သိမ်းခြင်းများပြုလုပ်နိုင် သွားမည်ဖြစ် သည်။
ထိုသို့ လွယ်ကူစွာ ပြုပြင် ဖျက်သိမ်း နိုင်ခြင်းရှိသွားပါခဲ့သည်ရှိသော် အခြေခံဥပ အခန်း(၁) မှ ပုဒ်မ ၄၂(ခ) ကို ဖျက်သိမ်းခဲ့သည်ရှိသော် မြန်မာနိုင်ငံရေး ပိုမိုရှုပ်ထွေးလာနိုင်သည်ကို သတိချပ်စေလိုပါတယ်.။

Tuesday, 29 April 2014

တောင်ကြီး ၈၈ မျိုးဆက် ငြိမ်း/ပွင့် လယ်သမားရေး တာဝန်ခံ ကို သေနတ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထား



၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း (တောင်ကြီး)မှ လယ်သမားရေးတာဝန်ခံ ကိုကျော်နိုင် ဦးကို သေနတ်ကိုင်ဆောင်မှုဖြင့် ဧပြီ ၂၂ ရက်တွင် ရွှေညောင်ရဲစခန်းက ဖမ်းဆီးထားကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

ဧပြီ ၂၂ ရက် ည ၉ နာရီခွဲခန့်က တောင်ကြီးမြို့ ရွှေညောင်နယ်မြေရဲစခန်း မှ ဒု-ရဲအုပ် ဇော်လင်းနိုင် ဦးစီးအဖွဲ့နှင့် သက်သေဖြစ်သူ ရေနွေးကျေးရွာအုပ်စုမှူး ဦးရွှေသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေနွေး ကျေးရွာ လွယ်မင်းဒင် ဘုရားတောင်အနီး လှည့်ကင်းဆောင်ရွက်စဉ် မင်္သကာဖွယ်ရှိသူ တစ်ဦးအား စစ် ဆေးရာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ကိုကျော်နိုင်ဦး (၄၄) နှစ် (တောင်သူ)၏ လွယ်အိတ်အတွင်းမှ အရှည် (၂၂) လက်မခန့်ရှိ သစ်သားဒင်ဖြင့် ပြုလုပ်ထားသော သေနတ်ရှည်တစ်လက်၊ ပွိုင့် (၂၂) ကျည် ၅ တောင့်၊ သေနတ်မောင်းသီး တစ်ခုနှင့် ခဲသီး ၄၄ လုံး ရှာဖွေ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။


Sunday, 9 March 2014

မြန်မာနိုင်ငံသားများအားလုံး အထူးသတိပြုစရာများ


သတိပြုစရာ (၁) ကျောင်းသား သမဂ္ဂတွေ၈၈ ရဲ့ ဦးဆောင်မှု တွေနဲ့ လိုက်ဖွဲ့စည်းနေကြတယ်။ဒေါင်း သူရဲကောင်းများဟု အမည်တပ်တယ်။

သတိပြုစရာ (၂) ရွှေဝါရောင် တော်လှန်ရေးကာလ ပုံရိပ်တွေ ပြန်ထုတ်လာကြတယ်။

သတိပြုစရာ (၃) ဗလီတွေထဲမှာ လက်နက်မျိုးစုံကို တွေ့ရှိနေရပြန်တယ်။

သတိပြုစရာ (၄) အစ္စလမ်များကျောင်းသားသမဂ္ဂ ဆိုတာကလဲဖွဲ့ စည်းထားတာတွေ့တယ်။

ကလေးများ အသုံးချခြင်းရပ်တန့်ကရပ်ကြပါ



ကလေးစစ်သားကင်းဝေးရေးဆိုပြီး အော်ခဲ့တုန်းက လေးစားလိုက်ရတာ ချီးကျူးလိုက်ရတာ..။

အခုတော့ ကလေးတွေကိုဖြူစိမ်းဝတ် လမ်းပေါ်တင်၊ မိုးပေါ်ထောင်မဖောက်တဲ့ လူတွေကများ စိတ်ဖောက်ြ ပီး ထပစ်ရင် ကလေးတွေသေကြကြေတဲ့ပုံကို အမိအရရိုက်ယူပြီး ကမ္ဘာကိုငိုပြပလ္လင်လုကြဦးမယ်..။

Saturday, 1 March 2014

ပြည်သူတွေကိုအထင်သေးလွန်းနေပြီထင်တယ်


ပုဂ္ဂိုလ်တဦးတယောက် အဖွဲ့အစည်းတခုအရေးထက် အနာဂါတ်တိုင်းရင်းသားပြည်သူတို့ရဲ့အရေး အမျိုး ဘာသာ သာသနာအရေးထက်ဦးစားပေးတဲ့မင်းတို့ဂဏန်းတွေ ဒို့ ပြည်သူတွေကိုအထင်သေးလွန်းနေပြီထင်တယ်ပြည်သူလူထုရဲ့အကျိုးကိုလိုအပ်နေတာတွေနစ်နာနေတာတွေထက်
 
လုပ်ကွက်ရှာပြီးမှဖျာခင်းတက်တဲ့ မင်းတို့ရဲ့သောက်ကျင့် တွေကိုဒို့ပြည်သူတွေအားလုံးကသိပြီး သဘောပေါက်ပြီး ဖြစ်နေပြီ မယုံရင်စမ်းကြည့်လိုက်လေ

Monday, 21 October 2013

လင်ကြီး ၊ လင်လတ် ၊ လင်ငယ်အားကိုသော မယ်စု



စစ်တပ်နှင့် စစ်အစိုးရနီးစပ်သူများ နိုင်ငံရေးတွင် အထူးနေရာယူထားမှုကိုရပ်ဆိုင်းဖို့   ပြင်သစ်ရောက် ဒေါ်စု တောင်းဆို

မြန်မာ့ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရေး ဥရောပသမဂ္ဂ ဖိအားပေးဖို့ လူဇင်ဘာ့ဒ်နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ယတိပြတ်ပြောဆို


Friday, 18 October 2013

ရန်ကင်းကလေးဆေးရုံမှာ အာဏာပြခဲ့တဲ့ ဒေါ်စု



ဒေါ်စု နင့် ရန်ကင်း ကလေးဆေးရုံအုပ် တို့၏ တစေ့တစောင်း။

၁။ ရန်ကင်း ကလေးဆေးရုံ တွင် ပစ္စည်းမစုံလင်မူ နင့် ပက်သက်၍ရောင်္ဂါမကုသ နိင်ခြင်း နင့် အဖိုးအခ ယူ၍ ကုသခြင်းနင့် ဆရာဝန်မ မှ ယောကျားအားသတ်ခြင်း မှာ မိမိတို၏ ကုသမူ ညံ့ဖျင်းသဖြင့် လင်ယောကျာ်းမှ ပြသနာရှာ မလေးစားမူများဖြစ်ကြောင်း ပြောဆိုခဲ့သည်မှာ လက်ထောက်ဆရာဝန် များရှေ့တွင် နစ်ပြားမတန်ပြောခဲ့ပါတယ်။ ဆေးရုံအုပ်က ဘက်ဂျက် အနေအထားအရ ပစ္စည်းများမဝယ်ယူ နိင်ခြင်း ဖြစ်ကြောင်း၊ ကုသစရိတ်မယူဘဲ ဆေးဖိုးသာယူ၍သာကုသခြင်း ဖြစ်ကြောင်း ၊ မိမိတက်စွမ်း သရွှေ့အနစ်နာခံကုသပေးကြောင်း ပြန်လည် ရှင်းပြသော်လည်း မရခဲ့ချေ။ ဒေါ်စု ဘက်ဂျက်အသာထား လုပ်စရာ ရှိတာ ရအောင်လုပ်၊ မရတာ လာမပြောနဲ့။ စရိတ်မျှပေး ကျန်းမာရေး ဖြစ်အောင်လုပ် ဒါပဲပြော ချင်တယ် ဆိုခဲ့ပါတယ်။

Wednesday, 16 October 2013

အကြာမြင်ရ ဗေဒင်ဆတြာကီ ဂျီစု

ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားသိပ်နားလည်နေတယ် - သိပ် ကြိုမြင်နေတယ် - သိပ် တော်နေတယ် ဆိုရင် ထောင်ချောက်ဆင်တဲ့ လူ/အဖွဲ့အစည်းကို ထုတ်ပြောလိုက်ပါလား။

ခင်ဗျား ကြိုတင်ဟောကိန်းထုတ်လို့ မှန်ခဲ့တာတွေ ရှိရင်ပြော .....


ပုံ

နေမျိုးဝေ ( ဥက္ကဌ )

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ


Monday, 14 October 2013

NLDလူ ၅၀၀သာ မောင်ကိုနီ စကားကို နားယောင်ထောက်ခံ


ဗဟန်းမှာ လူ ၅၀၀ လောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပညာပေးဟောပြောပွဲကို တက်ရောက်တယ်လို့ သိရတယ်။

ဒီလူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေအများစုလို့ SKY NET က ကြေငြာသံကြား လိုက် တယ်။

ဒီနေရာမှာ အချက်နှစ်ချက် စဉ်းစားမိပါတယ်။

၁။ မောင်ကိုနီပြောတာက ဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖတ်ဖူးကာ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ နကန်းတစ်လုံးမှ နားမလည်သူများကို ရှင်းပြတာလို့ပြောတယ်။ ဒီစကားအရ တက်ရောက်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖတ်ဖူးသော ဘာမှ မသိနားမလည်တဲ့ နလပိန်းတုန်းတွေ ဖြစ်ကြပါတယ်။


Sunday, 8 September 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD အဖွဲ့ချုပ်မှ တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားသော်လည်း ၆ ဖွဲ့သာ တက်ရောက်



NLD ပါတီ မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲအတွက် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့ကို ဖိတ်ကြားသော်လည်း ၆ ဖွဲ့သာတက်ရောက် ခဲ့တယ်လို့ NLDပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က စက်တင်ဘာ ၇ရက်နေ့ က NLD အဖွဲ့ချုပ်ရုံး မှာကျင်းပပြုလုပ်တဲ့ထိုပွဲမှာပြောကြားပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စသည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိတယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

Monday, 26 August 2013

NLD ဘာလဲ၊ ဘယ်လဲ၊ ဘယ်လမ်းလျှောက်နေသလဲ



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟာ ရှစ်လေးလုံးအရေးတော် ပုံကြီးနဲ့အတူ ပေ့က်ဖွားလာတဲ့ ပါတီပါ အောင်၊ စု၊ တင် (ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး)ဆိုတဲ့ ကြီးသုံးကြီးအပေါ် အခြေခံပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး မကြာမီ ဥကဋ္ဌ ဦးအောင်ကြီးက NLD အတွင်း လက်ဝဲဝီ ကွန်မြူနစ်တွေ ကြီးစိုးနေကြောင်း စွပ်စွဲပြီး သူ့ရဲ့အဆိုအပေါ် မဲခွဲရာ ဦးအောင်ကြီးရူံးနှိမ့်တဲ့အတွက် ပါတီမှ ထွက်ခွာခဲ့ရ ပါတယ်။ ဆိုလိုတာက NLD ဟာ အကွဲအပြဲနဲ့စခဲ့တယ်ပြောတာပါ။

NLD က "မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြ"ဆိုပြီး ကြွေးကြော်ပါတယ်။ အဲဒီလို ကြွေကြော်ပြီး မကြာမီ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို လူစုလူဝေးနဲ့ ချီတတ်ဖို့ NLD က လုပ်ပါတယ်။ စစ်အစိုးရကလည်း လူစုလူဝေးနှင့် မချီတတ်ရ။ အမိန့်မနာခံရင် ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း ကြေညာပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင် မြို့နယ်အသီသီးရှိ NLD အဖွဲ့ဝင်များ အထူးသဖြင့် လူငယ်အဖွဲ့ဝင်များဟာ အာဇာနည်ကုန်းသို့ ချီတတ်ဖို့ ပြင်ဆင်နေကြပါပြီ။

Tuesday, 23 April 2013

ဣဿာ မစ္ဆရိယတွေနဲ့ စူပုပ် နှုတ်ပိတ်နေသူများ

လူ့အခွင့် အရေး တစ်တွတ်တွတ် ရွတ်ဖတ် သရဇ္ဇာယ်နေတဲ့ ရဲရဲတွတ်ကြီးတွေက စီးပွါးရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာကို ဝမ်းသာတဲ့ စကားလေးတောင် မပြောနိုင်ရှာပဲ ဣဿာ မစ္ဆရိယတွေနဲ့ စူပုပ် နှုတ်ပိတ် နေလိုက်ကြတာများဗျာ မြင်လို့တောင်မကောင်းဘူး။

ဒီပိတ်ဆို့မှုတွေဟာလည်း မြန်မာ ပြည်သားတွေရဲ့ လူ့အခွင့်အရေးကို ခြိုးဖောက်နေတာပဲ မဟုတ်လား။

သူတောင်းစား ခွက်ပျောက်လို့ ကိုယ့်ဖင်ကိုယ်ဆောင့် သေကြတော့မယ့် Burma Campaign UK နဲ့ ဘင်္ဂါလီအလိုတော်ရိများ


ကဲ အောက်က ပုံကို ကြည့်ပါ.....

Burma Campaign UK က ဘယ်လောက်အထိ ဆတ်ဆတ်ခါအောင် နာသွားသလဲဆိုတာကို ဖော်ပြနေပါ တယ်.... ၀ါကာအူဒင် ပါတယ်....ဇိုရာဖန်းတို့ ပါတယ်....မြအေး သမီး ဝေနှင်းပွင့်သုန်ဆိုတဲ့ ဘင်္ဂါလီတွေ ပါတယ်..... ဘင်္ဂါလီ အရေး ရှေ့တန်းတင်ပြီး EU က ဆန်ရှင် မရုပ်အောင် တိုက်ကွက်ဖော်တယ်....

ဒါပေမယ့် အီးယူက သိတော်မူကြတဲ့အတိုင်းပဲ အကုန်လုံး ဖယ်ရှားပေးလိုက်တယ် ..အေးရော .....

Wednesday, 17 April 2013

အရည်အချင်းအစစ်ကြောင့် မဟုတ်သော်လည်း Vote ပေးရန် မျက်စိနောက်အောင် တောင်းဆိုကြသူများကြောင့် သြာဇာအရှိဆုံးသူ ကို Click ရွေးချယ်မှု ဒေါ်စု ပထမ ရရှိ

မဟာသင်္ကြန် မင်္ဂလာရက်မြတ် များ နှင့် နှစ်ဆန်း (၁) ရက်နေ့ တွင် ဘုရား၊ တရားဖြင့် အချိန်မကုန်ကြပဲ  အတင်း အဓ္ဓမ ဆုလိုချင်စိတ်ဖြင့်   မျက်စိနောက်အောင် တောင်းဆိုကြသူများကြောင့်  သြဇာအရှိဆုံးသူ ကို Click ရွေးချယ်မှု ဒေါ်စု ပထမ ရရှိ  ခဲ့သည်။





Tuesday, 16 April 2013

ကြောင်ခံတွင်းပျက်နေမျိုးဇင်နှင့် ဇရက်တောင်ပံကျိုး သမီးဆိုး



နေမျိုးဇင်ဆိုတဲ့ အွန်လိုင်းသူတောင်းစားဟာဘယ်သူလဲ
++++++++++++++++++++++++++++++++

လူပုံနွဲ့ နွဲ့ နဲ့  ငယ်ငယ်က အခြောက်တွေနဲ့ ခိုးပေါင်းလို့ ညီအကို အချင်းချင်းထိုးကြကြိတ်ကြဖြစ်ဖူးတယ် ။၂၀၀၃ ခုနှစ်/တောင်ကြီး က ၂၆၂ တပ်ထိန်းတပ်ခွဲမှာတာဝန်ကျတော့ လောင်းကစားကိုမက်လာပြီး ။မိန်းမ ရှုပ်ချင်လာတယ် ။ လက်အောက်က ဆရာကြီးကတော် ကိုပြန် ကြောင် တယ်။ သူ့ ကိုစည်းကမ်းမလိုက်နာ လို့ ထွက်မှာလား ထုတ်ရမှာလား လို့  ပြောတော့ ကိုယ့်ပါကို ထွက်စာတင်သွားတယ် ..။

Saturday, 13 April 2013

သင်္ကြန်မှာ ဝိုင်သောက်ပြီး မူးကြောင်းကြောင်းဖြစ်နေတဲ့ Su Su Nway တို့ကတော့ လုပ်ချလိုက်ပြန်ပြီး ပေါက်ကရတွေပြောပြီး ပြည်သူရဲ ကို အသလွတ်ဖဲ့သွားတယ်...

 
Su Su Nway ဖေ့ဘုတ်မှာ ဖော်ပြထားသည့် သတင်းမှား

သတင်းမှန်မှာ

ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်

Saturday, April 13, 2013
ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-ပဲခူး ကားလမ်းမ မိုင်တိုင် ၃၈/၅ အနီးတွင် ယာဉ်မောင်း ကိုအောင်အောင် (၂၃ နှစ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မောင်းနှင်လာသည့် ဆလွန်း
ကား အနက်ရောင်တစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း အား ဝင်တိုက်ကာ တိမ်းမှောက် မှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကိုအောင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသူ မသဇင်ဖြိုး၊ မဝါဝါဝင်း၊ ကိုထွန်းဇော်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

စုစုနွေး ဓာတ်ပုံ ရိုက်ခဲ့တဲ့ သင်္ကြန်အကြိုနေ့ အနိဋ္ဌာရုံ

Opposite Eye



သင်္ကြန်အကြိုနေ့ အနဌာရုံ မြင်ကွင်း တစ်ခုကို ပထမဆုံး စတင်ဖော်ပြ သူကတော့ ထန်းမနိုင်ရွာသူကနေ ဆုတံဆိပ်များစွာ ရရှိလာခဲ့တဲ့ စုစုနွေး ဆိုသော အမျိုးသမီးတစ်ယောက်ပါ။ ဖြစ်စဉ်ကို ဖော်ပြအပြီး နိုင်ငံရေး သမားတို့ရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ပြည်သူရဲ (သို့မဟုတ်) စစ်တပ်ကို တိုက်ခိုက်လိုက်ပါသေးတယ်။ ပွဲချင်းပြီး ဆုံးသွားတာမို့ သူမ ဘာမှတော့ မကူညီနိုင်ခဲ့ပေမယ့် ဓာတ်ပုံလေး ရိုက်ပြီး Facebook ပေါ် တင်လိုက်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

Friday, 12 April 2013

သင်္ကြန်လား? စည်းရုံးရေးလား? လုပ်စားတာလား?


သင်္ကြန်လား?  စည်းရုံးရေးလား?  လုပ်စားတာလား? ကျွန်တော်တို့ ဗိုလ်ချုပ်ကိုတော့ အဲ့လိုမလုပ်သင့်ဘူး လို့မြင်ပါတယ်.. ဗိုလ်ချုပ်ရဲ့ တန်ဖိုးကျသွားလိမ်မယ်.. ဗိုလ်ချုပ်ဟာ တစ်ဦး၊တစ်ဖွဲ့ရဲ့ ပြယုဒ်မဟုတ်ပါဘူး၊ တစ်မျိုးသားလုံးရဲ့ ပုံရိပ်ပါ..



Tuesday, 9 April 2013

ဖွဲ့...ဖွဲ...ဖွဲ့ ကြမယ်ဟေ့ ကော်မရှင်


ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းကပာပါတယ်။

အဲဒီကော်မတီတွေထဲက လူငယ်ရေးရာကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်