Su Su Nway ဖေ့ဘုတ်မှာ ဖော်ပြထားသည့် သတင်းမှား
သတင်းမှန်မှာ
ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်
Saturday, April 13, 2013
ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-ပဲခူး ကားလမ်းမ မိုင်တိုင် ၃၈/၅ အနီးတွင် ယာဉ်မောင်း ကိုအောင်အောင် (၂၃ နှစ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မောင်းနှင်လာသည့် ဆလွန်း
ကား အနက်ရောင်တစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း အား ဝင်တိုက်ကာ တိမ်းမှောက် မှုဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကိုအောင်အောင်မှာ ပွဲချင်းပြီး
သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသူ မသဇင်ဖြိုး၊ မဝါဝါဝင်း၊ ကိုထွန်းဇော်တို့မှာ
ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈
ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အင်းတကော် စခန်းမှူး ဒုရဲအုပ် ဦးသန်းစိုးက ပြောကြားခဲ့သည်။
Eleven Media Group
Read More -----> http://www.news-eleven.com/local/mandalay-news-and-local/18972
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်