စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာ၌၊ ဒေါ်စိုးစိုးလွင် အသက် (၃၆) နှစ်၏ ဖြစ်ရပ်မှန် အတွေ့ အကြုံလေးပါ။ဒေါ်စိုးစိုးလွင်၏ ဖခင်အမည်က ဦးတင်ငွေ (ကန့်ဘလူ)ပါ။ မူဆလင်အစစ်ပါ။ အမိအမည် က ဒေါ်ခင်ပြုံး (ကောလင်း) ဇာတိပါ၊ ဗမာ/ဗုဒ္ဓ ဖြစ်ပါတယ်။ ဒေါ်ခင်းပြုံးက ဦးတင်ငွေနှင့် လက်ထပ်သော အခါ အစ္စလာမ်ဘာသာ ခံယူပါတယ်။
သားသမီးတွေရသည့်အခါမှာတော့ ဒေါ်ခင်းပြုံးက ဗုဒ္ဓဘာသာကို ပြန်လည် ကိုးကွယ်ပါတယ်။ဦးတင်ငွေက မကြိုက်သော်လည်း မတားမြစ်ခဲ့ပါဘူး။ ဤသို့ဖြင့် သားဖြစ်သူက ဗုဒ္ဓဘာသာ၊ သမီးအကြီးဖြစ်သူက အစ္စလာမ် ဘာသာဝင်နှင့် အသီးသီး အိမ်ထောင်ကျသွားပါသည်။