Monday, 29 April 2013
ဗုဒ္ဓဘာသာတိုင်း သိထားသင့်သည့် ဘာသာရေးမေးအဖြေ
ဘာသာခြားတစ်ယောက်က ဆရာတော်တစ်ပါးအား မေးလာသောမေးခွန်းတစ်ခုမှာ ဗုဒ္ဓဘာသာတိုင်း ကြိုသိထား သင့်သဖြင့် သတိရတုန်းဖော်ပြလိုက်ပါသည်။
ဒကာ။ ။ဆရာတော်၊ဆရာတော်တို့ ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ်လို့ လည်းပြောကြတယ်။တစ်ခါ အခုလို သာသနာနှစ် ကြာတဲ့အချိန်မှာ အဆိုးဆုံးဘာသာခြား တစ်ခုပေါ်လာ လိမ့်မယ်။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက်သာသနာပြုပြီး ဖျက်ဆီးကြလိမ့်မည် လို့ ဟောခဲ့တယ်လို့လည်း တပည့်တော်မကြားဖူးပါဘူး ဘုရား။ဒီတော့အကုန်သိမယ်ဆိုရင်လည်း ဒီအကြောင်းတွေဟောခဲ့ရမယ်။အခုမဟောခဲ့ပုံထောက်ရင်ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ
မသိလို့ဆိုတဲ့သဘော သက်ရောက်မနေဘူးလားဘုရား။
Wednesday, 24 April 2013
'' စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် သို့ ဖြေကြားစာ"
ဗုဒ္ဓဘာသာဝင်များ အားလုံးလေ့လာဖက်မှတ်ထားရန် လိုအပ်လှပါသည်
မူဆလင်ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မှ မတူကွဲပြားပါတီဥက္ကဋ္ဌ ဒကာကြီး ဦးနေမျိုးဝေ ၏ ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက်ပြဝေ ဘန်မှုအား ကျနသေခြာ ပညာရှိများ လက်ခံနိုင်လောက်သည့်အထိ ဖြေရှင်းနိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်းထုတ်ထားကိုတွေ့ရှိရပါတယ်။
မူဆလင်ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မှ မတူကွဲပြားပါတီဥက္ကဋ္ဌ ဒကာကြီး ဦးနေမျိုးဝေ ၏ ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက်ပြဝေ ဘန်မှုအား ကျနသေခြာ ပညာရှိများ လက်ခံနိုင်လောက်သည့်အထိ ဖြေရှင်းနိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်းထုတ်ထားကိုတွေ့ရှိရပါတယ်။
Saturday, 20 April 2013
ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့်ဘုရားဟူသည်
ဘုရားဟူသည် လူစင်စစ်ကသာဖြစ်ရပါသည်။ လူမဟုတ်သော ၊ လူနှင့်မထိတွေ့နိုင်သော လူတို့မမြင် ခဲ့ရသော ကောင်းကင်ဘုံက ဖန်ဆင်းရှင်ဘုရားဟူသော လူတစ်ဦးတစ်ယောက်၏ ပြောစကားဖြင့် မှန်းဆရသော (Imaginary)၊အရာသည် ဘုရားမဟုတ်ပေ။ (Unscientific)ကျနသေချာမှုမရှိသော သိပ္ပံနည်းမကျသော လက်တွေ့မကျသော လူပြောသူပြောဖြင့် ဘုရားဟူ၍ မှန်းဆရခြင်းသည်လည်း ဘုရားမဟုတ်ချေ။ နတ်၊ ဗြဟ္မာ တို့သည်လည်း ဘုရားမဟုတ်။ နဂါး စသည့်တိရစ္ဆာန်တို့သည်လည်း ဘုရားမဖြစ်နိုင်ချေ။
Friday, 19 April 2013
အိမ်ဆောက်တဲ့အုတ်နဲ့ ရွှေတိဂုံစေတီလို စေတီတည်ထားတဲ့ အုတ် အတူတူဖြစ်လျှက်နဲ့ဘာဖြစ်လို့ စေတီအုတ်ကိုရှိခိုးနေကြရပါသလဲ
ဒီမေးခွန်က အွန်လိုင်မှာရော အပြင်ပတ်ဝန်းကျင်မှာပါ ဗုဒ္ဓဘာသာအကြောင်းကို မသိကြတဲ့ ဘာသာခြား တစ်ချို့က မေးတတ်တဲ့ မေးခွန်းလေးပါ ကျနော်ကိုယ်တိုင်လည် ကြုံတွေ့ဖူးပါတယ်..အဲဒီတုန်က မသိတော့ ဘာပြန်ပြောလို့ ပြောရမှန်မသိဘူးဖြစ်ခဲ့တာ အဲဒီတော့ ကျနော်လို့ ရုတ်တရပ် အမေးခံရ ပါက ပြန်လည် ရှင်းပြတတ်စေရန် မျှဝေလိုက်ပါသည်။
ရွှေဟင်္သာဆရာတော်နှင့်ဝတ်လုံတော်ရတစ်ဦး၁၂၈၂ခုနှစ်၊ရန်ကုန်မှညောင်တုန်းသို့ အပြန်သင်းဘောပေါ်
တွင်ဖြစ်၏။ အင်္ဂလိပ်လူမျိုးဝတ်လုံတော်ရတစ်ဦးနှင့် စွယ်တော်ကျောင်းဘုန်းကြီးဦးပဏ္ဍိတသိရီ (နောင်ရွှေဟင်္သာ ဆရာတော်)တို့ဆုံမိကြသည်။
Thursday, 18 April 2013
ဆင်းတုရှိခိုးတာ အကျိုးရှိသလား
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့မေးခွန်းတွေ ပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြား ထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
Tuesday, 19 March 2013
ထေရဝါဒနဲ့ လွဲနေတဲ့ဘာသာရေး အယူဆများ ၁
ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သိကြားသာသနာလို့ပြောနေတာမှားယွင်နေတဲ့ ဘာသာရေးအယူဆတွေပါ တကယ်တော့ သိကြားသာသနာ မရှိပါဘူး။
စာရေးသူတို့ ငယ်ရွယ်စဉ်က သာသနာ နှစ်ထောင့်ငါးရာ ကျော်ရင် သိကြားသာသနာ ရောက်လိမ့်မယ်။ အဲဒီအခါ သိကြားမင်းက မကောင်းသူတွေကို ပယ်၊ ကောင်းသူတွေကို ကယ်လိမ့်မယ်-ဟု လူကြီးများ ပြောဆို သံ ကြားခဲ့ရဖူး၏။ ယခုလည်း အချို့လူများကသိကြားသာသနာ အကြောင်း မေးကြ မြန်း ကြ၏ ။ ယခု ကျမ်းဂန် လာသည့်အတိုင်း ဤအကြောင်းကို တင်ပြပါမည်။
စာရေးသူတို့ ငယ်ရွယ်စဉ်က သာသနာ နှစ်ထောင့်ငါးရာ ကျော်ရင် သိကြားသာသနာ ရောက်လိမ့်မယ်။ အဲဒီအခါ သိကြားမင်းက မကောင်းသူတွေကို ပယ်၊ ကောင်းသူတွေကို ကယ်လိမ့်မယ်-ဟု လူကြီးများ ပြောဆို သံ ကြားခဲ့ရဖူး၏။ ယခုလည်း အချို့လူများကသိကြားသာသနာ အကြောင်း မေးကြ မြန်း ကြ၏ ။ ယခု ကျမ်းဂန် လာသည့်အတိုင်း ဤအကြောင်းကို တင်ပြပါမည်။
ထေရဝါဒနဲ့ လွဲနေတဲ့ဘာသာရေး အယူဆများ ၂
( ဘုရားလက်ထက်၌ သိကြားမင်း သာသနာပြုပုံ )
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ရာဇဂြိုဟ်မြို့ အနီး ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူချိန် ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂတိုင်းနှင့် မဂဓတိုင်း တိုင်းသူတိုင်းသား အများစုတို့သည် နှစ်စဉ်ကျင်းပလေ့ရှိသော မီးပူဇော်ပွဲကြီးကို ကျင်းပရန် စီစဉ်နေကြသည်။ သူတို့သည် လှည်းအစီး ၆၀-တိုက်လောက် ထင်းပုံကြီးကို ပထမတွင် စုပုံကြ၏။ အချိန်ကျသောအခါ မီးရှို့ကြ၏။ မီးတောက်မီးလျှံတို့ ထလာချိန်၌ သူတို့ ယူဆောင်လာ ခဲ့ကြသည့် ထောပတ်၊ ပျား၊ တင်လဲ စသည်တို့ကို ထိုမီးပုံကြီးထဲသို့ လောင်းထည့်ကြ၏။ မဟာဗြဟ္မာကြီးအား ပူဇော်ပါကုန်၏-ဟုလည်း နှုတ်သံပေး၍ ဟစ်ကြွေးကြ၏။ တကြိမ်လောင်းထည့်သော ထောပတ်စသော လှူဖွယ်သည် အကျိုးတထောင်ကို ပေးစွမ်းနိုင်၏ဟူ၍ စွဲလမ်းယူဆကြ၏။
Subscribe to:
Posts (Atom)