Pages

Monday, 12 May 2014

KIA ပထွေး အရွေးမှားပြီလား




ငြိမ်းချမ်းရေးဆိုရာမှာ အစိုးရ,တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပဲ မြင်နေလို့မရပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုအနေအထားကိုလည်း ထည့်တွက်ရပါလိမ့်မယ်။

ရှင်းအောင်ဆိုရရင် လွတ်လပ်ရေးရပြီးကတည်းက တချိန်လုံးတိုက်လာရတဲ့ ကရင်,ရှမ်း စတဲ့ အမေရိကန်အထောက်အပံ့ပေး သြဇာညောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အိုဘားမားတို့ ကလင်တန်တို့ရဲ့ မြန်မာ့မြေခြေချမှုနဲ့အတူ မြန်မာအစိုးရနဲ့ အင်မတန်ကို ပလူးပလဲဖြစ်သွားပါတယ်။ ဒါက မြန်မာ-အမေရိကန်ဆက်ဆံရေးရဲ့ မှတ်တိုင်တခုပါပဲ။


Sunday, 6 April 2014

ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ဖြစ်စဉ်


သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေ စဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေမဟုတ်သော ဒေသများတွင် သန်းခေါင် စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံ သေဆုံးသွားကြောင်း သိရပါတယ်။

Friday, 14 March 2014

“KIA ဘယ်လို ယုတ်မာလိုက်လဲဆိုတာ နှင်းမေသာ မေးကြည့်ပါ”

ရှိုက်ကြီးတငင် ငိုနေရှာတဲ့ KIA မှ ဖမ်းဆီးသွားခံရသူ နှင်းမေ

  ဝါးခရာဘွမ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ခင်တန်ခေါင်းဆောင်တဲ့ KIA ၃ ဦးဟာ စီသော်ကျေး ရွာသို့ ညနေ ၄ နာရီချိန်ခန့်တွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး စီသော်ကျေးရွာမှ စီငန်း ကျေးရွာအထွက် သစ်ကွင်း တွင်ဈေးရောင်နေသော မိုးဒါးလေးကျေးရွာနေ မနှင်းမေအား အတင်း အဓမ္မဆွဲခေါ်ကာ ကားပေါ်သို့ တင်ဆောင်၍ စီသော်ကျေးရွာ ကျောင်းရှေ့နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သဖြင့် ရပ်ကွက် လူကြီးများမှ သွားရောက်တောင်းပန်ခဲ့ရာ ည ၁၀ နာရီ အချိန်တွင်ပြန် လည်စေလွှတ်ပေးခဲ့တယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။


Friday, 28 February 2014

ညအချိန် လယ်ကွင်း၌ KIA ဖမ်းဆီးခံရသော ဖြူဖြူချောချော မိန်းခလေး


ညအချိန်တွင် KIA ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး KIA ဖမ်းဆီးစဉ်အချိန်က ၂၃ နှစ်သာရှိသေးသောမြန် မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့၊ ဧရာဦးရပ် ကွက်နေ မအိအိရွှေ၊ အသက် (၂၅)နှစ် လက်ရှိ၊ အဘ-ဦးရဲရွှေ+အမိ-ဒေါ်မ၀ိုင်း၊ ၁/ဆဘန(နိုင်) ၀၀၁၆၀၆ ကို ဆင်ဘိုမြို့နှင့် (၈)မိုင်ဝေးသော (၈)မိုင် နန်ထွတ်လယ်ကွင်းတွင် (၁၀၊၁၁၊၂၀၁၁)ရက်နေ့ ည(၈)နာရီ ခန့်အချိန်က ဦးလှဝမ် ဦးဆောင်သော KIA စုဆောင်းရေးအဖွဲ့၏ စုဆောင်းဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။


Saturday, 29 December 2012

ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?


KIA ကိုတိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက်လက်နက်ကိုင်တိုက်ပွဲ ၀င်နေတဲ့အဖွဲ့လို့ အရင် ကစိတ်ထဲမှာအသိအမှတ်ပြုခဲ့သေးတယ်။ဒါပေမယ့် ခုနောက်ပိုင်းတဖြည်းဖြည်းသိလာတာက နိုင်ငံရေး ခံယူချက်မည်မည်ရရမရှိတဲ့အဖွဲ့တစ်ခုဆိုတာပါပဲ။ဘယ်လိုနိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲ ၀င်နေ တာလဲ၊(အကယ်၍)ကချင်ပြည်နယ်ကိုKIAလက်ထဲ ထည့်ပြီး “ခင်ဗျားတို့စိတ်ကြိုက်အုပ်ချုပ်ပါ” ဆိုရင် ဘယ်လိုဖွဲ့စည်းပုံနဲ့ဘယ်လို အုပ်ချုပ်မယ်ဆိုတာမျိုးရှိရဲ့လား၊ချင်လူထုအကျိုးအတွက်လုပ်ကိုင်ဆောင်
ရွက်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတာသေချာရဲ့လားဆိုတဲ့မေးခွန်းတွေကိုမေးခွန်းထုတ်ရပါလိမ့်မယ်။

Friday, 21 December 2012

KIA ဘယ်သူ့ရဲ့ လက်ကိုင်ဒုတ်လည်း


တပ်မတော်သား တစ်ယောက်က ကေအိုင်အေနဲ့ ပါတ်သက်လို့ သူ့ဟာသူ စဉ်းစားရင် ခေါင်းကိုက်လို့ ဆိုပီး မေးထားတာလေးတွေပါ..... အဲ့ဒါတွေက....
KIA ကို ဘယ်သူတွေထောက်ပံ့၊ ဘာကြောင့်ထောက်ပံ့၊ တဖြည်းဖြည်း KIA က ဘာအဖွဲ့ပုံ ပေါက်လာပီလဲ၊ KIA ကိုအပြုတ်တိုက်မယ်ဆို KIA ကဘာအော်မလည်း၊ အပြုတ်တိုက်မယ်ဆို ဘာခေါင်းစဉ်နဲ့တိုက်လို့ရ၊ ဘာအချက်တွေလိုလဲ၊ KIA နဲ့ပတ်သတ်ပြီး ဘာသတင်းတွေ ဦးစားပေးထုတ်ပြန်လဲ၊ တိုက်မှာလား၊ မတိုက် ဘူးလား၊ တိုက်မယ်ကွာ ဆို ဘာစကားလုံးသုံးပြီး တိုက်ချင်သလို တိုက်လို့ရလဲ၊ US ကဘာကို တိုက်မယ် တဲ့လဲလို့ မေးထားပါတယ်.... သူက ထပ်ဆင့် သုံးသပ်ပါတယ်...... အဲ့ဒါကတော့ ထိုးကျွေးထားတဲ့ နယ်ရုပ်တွေ၊ ဟာနေတဲ့နေရာတွေတော့ အစားခံရမယ်ထင်တာပဲ။


လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်