Pages

Sunday, 6 January 2013

စစ်သားဘ၀နှင့် စစ်သား၏ မိခင်မေတ္တာ



အပူချိန်ပြင်းပြင်းပူနေတဲ့ နေမင်းကြီးရဲ့အောက်မှာ တောရွာများကို ပြေးဆွဲနေတဲ့ လိုင်းကား အဟောင်း အိုကြီးတစ်စီး တစ်ရွာပြီး တစ်ရွာ ပြေးလွှားနေပါတယ်။ ရထားလမ်း ဆက်ကူးနိုင်သော ရွာတစ်ရွာသို့ ကားအိုကြီး ထိုးရပ်လိုက်သောအခါ အသက် ၆၀ ခန့် အဖွားအို တစ်ယောက် လက်ဆွဲအထုပ်ဟောင်းလေး ဆွဲလျှက် ကားပေါ်မှ ဆင်းလာပါတယ်။ ကားထွက်သွားသည်နှင့် ဖုန်လုံးကြီးများ ထကျန်ခဲ့ပါတော့တယ်။ မလှုပ်မယှက် ရပ်ကြည့်နေသော ရီဝေေ၀ မျက်ဝန်းပိုင်ရှင်… အလက်ဇန်းဒရား ။ အိုး… အရမ်းပူပြင်းတဲ့ အရပ်ဒေသပါလား… သစ်ပင်သစ်ရွက်တို့ နည်းပါမှုကြောင့်လား ရာသီဥတုကြောင့်လား နှင့် တွေးတောနေ ရင်းမှ သတိဝင်လာမိပါတော့တယ် ။

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်