Pages

Friday, 14 March 2014

“KIA ဘယ်လို ယုတ်မာလိုက်လဲဆိုတာ နှင်းမေသာ မေးကြည့်ပါ”

ရှိုက်ကြီးတငင် ငိုနေရှာတဲ့ KIA မှ ဖမ်းဆီးသွားခံရသူ နှင်းမေ

  ဝါးခရာဘွမ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ခင်တန်ခေါင်းဆောင်တဲ့ KIA ၃ ဦးဟာ စီသော်ကျေး ရွာသို့ ညနေ ၄ နာရီချိန်ခန့်တွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး စီသော်ကျေးရွာမှ စီငန်း ကျေးရွာအထွက် သစ်ကွင်း တွင်ဈေးရောင်နေသော မိုးဒါးလေးကျေးရွာနေ မနှင်းမေအား အတင်း အဓမ္မဆွဲခေါ်ကာ ကားပေါ်သို့ တင်ဆောင်၍ စီသော်ကျေးရွာ ကျောင်းရှေ့နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သဖြင့် ရပ်ကွက် လူကြီးများမှ သွားရောက်တောင်းပန်ခဲ့ရာ ည ၁၀ နာရီ အချိန်တွင်ပြန် လည်စေလွှတ်ပေးခဲ့တယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။


KIA ဆီကနေတော့ သတင်းမှန် သိရမှာမဟုတ်ဘူး… မနှင်းမေအနေနဲ့လည်း စကားမေး မရဘဲ ငိုပဲငိုနေပြီး ဘာမှ မပြောရဲရှာဘူးဖြစ်နေတယ်… ဒေသခံအချို့ကတော့ မနှင်းမေဟာ ခင်တန် တို့အုပ်စုရဲ့ အဓမ္မပြု ကျင့်ခြင်းကိုခံခဲ့ရတာလို့ ထင်ကြေးပေးပြောဆိုနေကြပါတယ်။ ဒါ သိတဲ့ကိစ္စ… ဘယ်သူမှ မသိလိုက်ဘဲ မုဒိမ်းကျင့်ခံရတဲ့ ကချင်ပြည်နယ်ထဲက မိန်းကလေးတွေ ဘယ်နှစ်ယောက် လောက် ရှိမလဲဆို တာတော့ တွေးသာကြည့်ကြပါတော့ဗျာ….။

ရပ်ကွက်လူကြီးတွေကတော့ ခု KIA တွေရဲ့ လုပ်ရပ်ဟာ ဇာတ်လမ်းထဲက လူကြမ်းတွေရဲ့ လုပ်ရပ် မျိုးဖြစ်ကြောင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံရဲ့ဥပဒေကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက် ခြင်း ဒေသခံတွေ ကို လက်နက်ကိုင်အနိုင်ကျင့်ခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

KIA တွေဟာ မနှင်းမေကို ညနေ ၄ နာရီကနေ ည ၁၀ နာရီထိ အလှကြည့်နေကြတာ လား? ဒါမှမဟုတ်… ထမင်းဖိတ်ကျွေးတာလား… ဘာတွေလုပ်ခဲ့ကြပြီး ဘာတွေဖြစ်ခဲ့တယ် ဆို တာတော့ မနှင်းမေပဲ အသိဆုံးဖြစ် ပါလိမ့်မယ်… ပရိတ်သတ်ကြီးရော ခင်တန်တို့အုပ်စု ဘာလုပ် မယ်လို့ ထင် မြင်ယူဆကြပါသလဲ…?

စိုင်းစိုင်း Kachin Land

1 comment:

  1. [ စွတ် ဖဲ့ ]14 March 2014 at 20:16



    အင်းးးးးးးးးး အင်္ဂလိပ်က လာစော်ကားလိုက်.........ဂျပန်က

    လာစော်ကားလိုက်........သောက်ကုလားက လာစော်ကား

    လိုက်.....တရုပ်က လာစော်ကားလိုက်.....အခုလည်း ကိုယ့်

    တိုင်းရင်းသား အချင်းချင်း စော်ကားနေကြပြန်ပြီ......ကျုပ်

    တို့ မြန်မာနိုင်ငံလည်း......နိုင်ငံနဲ့ မတူတော့ပဲ သာလာယံဇ

    ရပ်နဲ့ တူနေပြီ....ဒီပုံစံအတိုင်းသာ ဆက်သွားနေကြအုံးမယ်

    ဆိုရင်တော့...ကြားထဲကနေ " ခွေးဘုရားပွဲ " တွေ့သွားလိမ့်

    မယ်.............................................................................

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်