Pages

Saturday, 15 March 2014

ကိုရမ်းကျမ်း တစိတ်တစ်ပိုင်းကို အလယ်တန်းဖတ်စာတွင် သခန်းစာတခုအဖြစ် သင်ကြားနိုင်စေဖို့ အစိုးရအားတိုက်တွန်း


ရန်ကုန်၊ ဖေဖော်ဝါရီ(၁၇)ရက်၊ ၂၀၁၄။
သတင်း- ဇောင်းလေး

“ စာများများဖတ်ဖို့ပေါ့၊ ဘာသာရေးစာပဲဖတ်ဖတ်၊ အပြင်စာပဲဖတ်ဖတ် အဓိကစာများများဖတ်ဖို့ပေါ့။ စာဖတ် ရင်းကနေ ရလာတဲ့အသိကို ကိုယ်လည်းကျင့်သုံး၊ သူများလည်း မျှဝေပေါ့၊ ပညာရေးကတော့ ကမ္ဘာကတော့ အများကြီးတိုးတက်နေပါပြီ၊ မြန်မာက အများကြီး ကြိုးစားရအုံးမယ်၊ အစ္စလာမ် ကျမ်းစာတွေ ကိုခပ်များများလေ့လာသင့်တယ်’’ ဟု ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)က မြန်မာ မွတ်စလင်မ်မီဒီယာ ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး) အဖွဲ့ မှ ဦးစီး၍ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ ကို ဖေဖော်ဝါရီ(၁၂)ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါဟောပြောပွဲမှာ မြန်မာနိုင်ငံပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ပညာရေးကဏ္ဍတိုးတက်ဖို့အတွက် အများကြီး ကြိုးစားရဦးမယ်ဆိုတဲ့အကြောင်းတွေကို ဦးဆောင်ဟောပြောတဲ့ဆရာတွေက ပြောကြားခဲ့ပါတယ်။

“ ပညာဆိုတာ တတ်သာတစ်ခုထဲနဲ့ မပြီးဘူးပေါ့နော်၊ ပညာဆိုတာအမှားအမှန်ကို ခွဲခြားနိုင်တာ ကျင့်သုံး မှုဖြစ်တယ်၊ အဓိက က ပညာတတ်နေရုံလည်းပဲ ပညာရှိလို့ မဆိုနိုင်ဘူး တစ်ကယ်ပညာကို ကျင့်သုံးသူကိုမှ အမှားအမှန်ကို ခွဲခြားနိုင်တဲ့သူမှ ပညာရှိဖြစ်နိုင်တယ်၊ အဲ့တော့ပညာကို တတ်တဲ့အဆင့် ကနေပညာကို ရင်ထဲမှာရှိတဲ့အဆင့်ကို ကြိုးစားပါလို့ပြောလိုပါတယ်’’ ပါမောက္ခဒေါက်တာ စိုးနိုင်(မြန်မာစာဌာန၊ အနောက် ပိုင်းတက္ကသိုလ်)က မြန်မာမွတ်စလင်မ်မီဒီယာ ကို ပြောကြားခဲ့ပါတယ်။

" ပညာရေးဆိုင်ရာတွေ့ဆုံးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ကိုလည်းပါမောက္ခ များ နဲ့ တိုင်ပင်ပြီးတော့ ထပ်မံလုပ်သွားမယ်၊ ကိုရမ်းကျမ်း တစိတ်တစ်ပိုင်းကို အလယ်တန်းဖတ်စာတွင် သခန်းစာတခုအဖြစ် သင်ကြားနိုင်စေဖို့ အစိုးရအားတိုက်တွန်းသွားမယ် "လို့ မ.မ.လဥက္ကဌ ဟာဂျီ ဦးမြင့်ထွန်း (မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ် စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ က မြန်မာ မွတ်စလင်မ်မီဒီယာကို ပြောကြားခဲ့ပါတယ်။

“ ဆရာတို့အနေနဲ့ကတော့ စကားလုံးတွေပေါ်မှာ သိပ်အဓိကမထားပဲနဲ့ မြေပြင်အနေအထားအရ လက်တွေ့ ကြကြ ပြုပြင် ပြောင်းလဲသွားရင် မြန်မာနိုင်ငံပညာရေးက ဘာမှသိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး လို့ပြောလိုပါတယ်။ဒီပွဲကနေတစ်ဆင့်တစ်ဆင့် တက်ပြီးတော့ စကားဝိုင်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေလုပ်နိုင်ရင်တော့ ပိုပြီးတော့ အကျိုးရှိပါတယ်’’ ဟု ပါမောက္ခ ဒေါက်တာစိုးနိုင် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာမွတ်စလင်လူငယ်များ(ဘာသာရေးအဖွဲ့)မှပြုလုပ်ကျင်းပတဲ့ပညာရေးဆိုင်ရာ စာပေဟောပြောပွဲများကို တစ်နှစ် တစ်ကြိမ်ကနေ ၊ တစ်နှစ် နှစ်ကြိမ် တိုးမြှင့်ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။

5 comments:

  1. [ စွတ် ဖဲ့ ]16 March 2014 at 15:36



    ×××××××××××( ဖြေပါ )××××××××××××


    ( ပြည်ထောင်စုပွား.......တိုင်းရင်းသားတို့ )


    ဒို့များမြန်မာ...........................ဤကမ္ဘာ၌

    စဉ်လာသမိုင်း.....................ဘယ်မရိုင်းပဲ

    လူတိုင်း နှင့်ပင်..................ချစ်ကျွမ်းဝင်၍

    ခင်မင်ပေါင်းသင်း...........ဆက်ဆံ ခြင်းဖြင့်

    စိတ်ရင်း ဖြူဖြူ...................မြန်ပြည်သူတို့

    ရန်သူကင်းဝေး.................နေထိုင် ရေးကို

    သေဘေးတမျှ....................ပြုခဲ့ ကြ သည်


    ဖြူလွှစိတ်ထား..................ရင်းခဲ့ငြားလည်း

    တိုင်းခြားဧည့်သည်.....ညာဏ်ရေးကြွယ်ကာ

    ဒို့လယ်ယာမြေ...............သိမ်း ပိုက်လေ ၏

    ဒို့ဆွေဒို့မျိုး...........................သူ နှိမ်ချိုး ၏

    ဒို့ဘိုးဒို့ဘွား.........................သူစော်ကား၏

    ဒို့များဘာသာ...................တိုက်ခိုက် လာ၏

    ကညာသမီး.........................သူဖျက် ဆီး၏

    လောင်မီးအသွင်.............မုန်တိုင်း ဆင်ကာ

    ဖြူစင်ရိုးသား.........................မြန်မာများကို

    မုသားဇတ်သွင်း..................ငွေ ဖြ င့် ရင်း ၍

    ခြေနင်းပမာ...........................သူ ပြု လာ ခဲ့


    ခု ခါ တစ် မျိုး........................တစ်ဆင့်တိုး၍

    ထပ်ပိုးညာဏ်ဆင်...........ေ ခြ လှ မ်း ပြ င် ပြီ

    ....အ သ င် ကြ ည့် နေေ တာ့ မ ည် လား....


    ReplyDelete
  2. aye par har ! tha tg sar tway ta min ta kar a sel khan chinn dar lar tg ma ti vu ..
    sate pain dar

    ReplyDelete
  3. ကဗျာဆရာ လူဘဝ

    ReplyDelete
  4. မင်းကခွေကဗျာ

    ReplyDelete
  5. good writing, I like it.

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်