Pages

Saturday, 13 April 2013

မြန်မာတို့ရဲ့ သင်္ကြန်ဆိုတာ





သင်္ကြန်ပုံတွေကြည့်ပြီး ဘယ်လိုမှ ခံစားလို့မရတော့ဘူး။ အတာရေ က အေးပါ တယ် ဘာညာတွေပြောပြော .. လူတွေပိုက်ဆံ အကုန်ကျခံပြီး Risk ယူကြတယ် ဆိုပြီး မြင်တော့တယ်။ Positive Thinking လည်း မရှိဘူး ဆိုပြီး မပြောပါနဲ့။

Logic ရော Facts နဲ့ စဉ်းစားကြည့်ရင် .. တကယ်တန်းကြည့် ရင် ရေစိုလိုက် နေပူလိုက် နဲ့ အသားရည် မည်းတူးတာပဲ အဖတ်တင်မယ်။ သင်္ကြန်လည်လို့ ကျွန်တော် ကျွန်မတို့ အသားဖြူလာပါတယ် ဆိုပြီး တွေ့ ဖူးလို့လား။

သင်္ကြန်နားရောက်ရင် ဝင်ငွေမရှိတဲ့ ချာတိတ်တွေ အိမ်ကို ပူစာပြီ .. အခုတော့ ဘယ်လောက်ကုန်ကျလည်း မသိဘူး။ ဟိုးလွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတော့ တစ်ယောက် ၂ဝဝဝ ၃ဝဝဝ ပဲ။ တစ်ချို့ဆို .. အိမ်က မပေးတော့ .. အဝတ်တွေ ပေါင်ကြတယ် .. ရောင်းကြတယ်။

ရူးသွပ်သူများကတော့ သင်္ကြန်အတွက် ဝတ်မယ့် ဖက်ရှင်ကို တကူးတက တယုတယနဲ့ ငွေကုန်ခံလုပ် လုပ်ကြသဗျ။ တစ်ချို့ဆို သင်္ကြန်စီးဖို့ Country Boots ..

ထိုခေတ်အခေါ်က Country ဒေါက် ဘာညာပေါ့ Underground တို့ Underground မ ground တာတွေလည်း ဝတ်ကြတယ်။ သင်္ကြန်လည်း ပြီးရော ဖိနပ်က ဖေဖေကျွတ် ဖွတ်ဖွတ်ကြေပြီး တွန့်ကြေပြီး နိုင်ငံခြားက အိုးမဲ့အိမ်မဲ့တွေ စံသာလတွေ စီးတဲ့ ဖိနပ်ကမှ သူ့ထက်သားနားတဲ့ အမြင်ရှိသေးတဲ့ အဖြစ်ကို ရောက်သွားတယ်။ အရေးထဲ သင်္ကြန်ကျမှ ဖက်ရှင်လုပ်ဖို့ နားပေါက်ဖောက်ကြတယ်ဗျ။

တစ်ချို့ဆို အပ်ဖယောင်းတိုင်မီးကင်ပြီး အစိမ်းလိုက်ထိုးနေလေရဲ့။ သင်္ကြန်လည်းပြီးရော အနာကယင်းနေလို့ ဆရာဝန်တွေ ပိုက်ဆံအိပ်ဖောင်း ပါလေရော။ ယဉ်ကျေးမှု?? ပါးစပ်ပြောပဲ ရှိတယ် .. နှိုက်လိုက်ကြတာ တီကောင်ဆားတို့တဲ့ အတိုင်းပဲ။ မျက်မြင်ကိုယ့်တွေ့အရပြောပြရရင် .. တစ်ခါသား မန်းဒပ်တစ်ခုမှာ ပိုက်နဲ့ထိုးတဲ့သူကထိုး နှိုက်တဲ့သူကနှိုက်ပေါ့ .. သေချာကို ဂွင်ဆင်ပြီး လုပ်နေတဲ့အတိုင်း .. ဘေးကကြည့်တဲ့သူက အတိုင်းသားမြင်နေရတယ်။

ဒါနဲ့ ခေါင်းမြီးခြုံထားတဲ့ အမျိုးသမီး တစ်ယောက်ကို ပိုက်နဲ့ထိုး တုန်း နောက်ကနေ အောက်ကနေ ကလေးမမွေးနိုင်တဲ့ ဗိုက်ကြီးသည်များ ဆရာဝန်တွေသုံးလေးယောက်လောက် ကူပြီးမွေးပေးနေ သလား   အောင်းမေ့ရတယ် .. ကန်တော့ပါရဲ့ အထက်ရော အောက်ရော ..

ဟိုကလည်း ခေါင်းမြှီးခြုံထားပေမယ့် ခွက်နဲ့ပြန်ခေါက်နေတယ် .. ဒါနဲ့ အဲဒီ မန်းဒပ်က မီးသတ်ပိုက်တွေလွန်သွားတော့ အခုခေါင်းမြှီးခြုံ ထားတဲ့ အမျိုးသမီးလည်း ခြုံထားတဲ့ တံဘက်ဖော်ပြီး ဆဲပါလေရော။ ကြည့်နေတဲ့ ကျွန်တော်တို့မှာ ပါးစပ်ဟောင်းသားဖြစ်သွားရှာတယ်။ အဖွားကြီး .. အဖွားကြီးမှ အသက် ၇ဝ လောက် .. ကျော်တောင်ကျော်အုံးမယ်။ အိမ်မှာ တစ်ယောက် တည်းထားခဲ့ရမှာကို စိတ်မချလို့ မိသားစုလိုက် ခေါ်လာ တာလားမသိရိုးအမှန်ပါ။

အခုနက သားဖွာဆရာဝန်အုပ်စုကလည်း .. အဲယောင်လို့ .. အခုန နှိုက်ကြ တဲ့သူတွေကလည်း ကြောင်အမ်းအမ်းတွေ ဖြစ်ကုန်ရော။ ယဉ်ကျေးမှု ထွန်းကားချက်ကတော့ ခေတ်စကားနဲ့ပြောရင် ၉ လောက်ရှိတယ်။ နောက် ပစ္စည်းပျက်စီးမှု .. ကားဝပ်ရှော့ ဆိုင်ကယ်ဝပ်ရှော့တွေ အကြိုက်ပေါ့ .. ပြင်ရတာ လက်ကို မလည်ဘူး။

 မန္တလေးသင်္ကြန်မှာ မလည်ခင်ကတည်းကကို ဝပ်ရှော့သွား ပြီး ခေါင်းဖြတ်ရတာနဲ့ (ခေါင်းဖြတ်တယ် ဆိုတာ မီးခွက်ကို ဖြုတ်တာ) စတစ်ကာ ကပ်ရတာနဲ့ အိပ်ဇောလဲရတာနဲ့ .. မောင်မင်းလူကလေးတွေ က တော်တော် နည်းပညာကို ကျွမ်းကျင်တယ် ဗျ .. သူတို့အခေါ် .. အိပ်ဇောပြောင်းတိုက ဆွဲတယ် ဆိုပဲ။

နည်းစနစ်ကျကျ ထွင်ပေးထားတဲ့ ကိုရွှေဂျပန်တွေ ကြားတာနဲ့ အော်ငို ကြလိမ့်မယ်။ အော်ရယ်ျချင်တယ်အိပ်ဇောတွေ မကောင်းလို့ ဆိုပဲ။ ဟိုကကြားရင် တိုယိုတာကားတွေ ပြန်လဲပေးသလို လုပ်ပေးကြမလား မသိဘူး။ ကိုယ့်ကြောင့်လည်း သူများ နားဒုက္ခရောက် ကိုယ်တိုင်လည်း ပိုက်ဆံကုန် .. ကိုယ်တိုင်တော့ မကုန်ပါဘူး .. အိမ်က ပိုက်ဆံကုန်ရတာ။ စည်းမဲ့ကမ်းမဲ့ နိုင်လွန်းလှတယ်။ မိန်းကလေးတွေလား .. ပြောမနေနဲ့တော့ .. အာဖရိကက ချောကလက်မလေးတွေ အားကျလို့ သူတို့ခမျာ ဆံပင်ကို တစ်ချောင်းချင်း ကျစ်ရတာ ဝါသနာ။

အဲဒါမလုပ်ရရင်ဖြင့် လူမသိ နတ်မသိ သူ့ကို ဘယ်သူမှ သူတို့ဆံပင်အလှကို မကြည့်တော့မလိုဖြစ်နေလို့ အဲဒီ ဖက်ရှင်လုပ်ကြလေရဲ့။ ပြီးတော့ ဆံပင်ပျက် သွားလို့ ဆိုင်မှာ သွားပြီး ကုထုံးတွေနဲ့ ပြန်လုပ်ကြနဲ့ ဆံပင် အလှပြင်ဆိုင်တွေလည်း ပျော်ကြပေါ့။ အရေးထဲ အမူးသမားတွေလည်ကြ မယ့် ကိစ္စကို ကန်တော့ပွဲနဲ့ ဘုရားကို ဦးခိုက်တယ်ဆိုပဲ။

ဘာလဲ ဆိုတော့ အန္တရာယ်ကင်းအောင်တဲ့။ ကိုယ်လုပ်တဲ့ကံ ကိုယ်ခံပေါ့ .. မူးနေမှတော့ ကန်တော့ပွဲက ဘာလုပ်ရမှာလဲ။ ဟိုး နှစ်ပေါင်း ထောင်ချီ သောင်းချီ အန္ဒိယက အုန်းသီးငှက်ပျောသီး ယုံကြည်ချက်ကို ဒီခေတ်ထိ သယ်လာကြတယ်။ ငှက်ပျောသီး အုန်းသီး သည်တွေလည်း ပျော်ပေါ့။ အဲဒီလို အန္တရာယ်ကင်းကြေးဆို အာဖကန်မှာ စစ်တိုက်နေတဲ့ အမေရိကန်စစ်သားတွေ ကန်တော့ပွဲတွေထိုးကြတော့မှာပေါ့။

ကဲဆက်ပါအုံးမယ်။ လူကြီးဖြစ်သွားကြလို့ လူကြီးစိတ်အပြည့်အဝရှိတဲ့ မိဘကတော့ အိမ်မှာ တပူပူဖြစ်နေလေရဲ့။ ပြန်စဉ်းစားကြည့်ရင် Caution လည်း မရှိ Safety လည်းမရှိ .. ဂျစ်ကား မော်တော်ကား ဘန်ဘာပေါ်တက် ထိုင်နေတဲ့ ချာတိတ်တွေရော လူငယ်လူရွယ်တွေတစ်ပုံကြီး ။ ရှေ့ကား များ နောက်ကအောင်းလိုက်လို့ကတော့ ဒူးအောက်ပိုင်း အကုန်ဖြတ်ပြစ်ရနိုင်တယ်။

 ဒါကိုလည်း ဘာမှမပြောကြဘူး ဗျ။ တိုးတက်နေတဲ့ခေတ်မှာ မန်းဒပ်တွေကို နည်းပညာနဲ့ မလုပ်ကြဘူး .. စီးပွားဖြစ် ပါမစ်တင်လို့ သစ်ဘယ်နှစ်တန် ရမလဲ ဆိုတဲ့ သူတွေက ရှိသေးတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Global Warming ကို ဘယ်လောက် အားပေးနေသလဲ ဆိုတာ စဉ်းစားကြည့်တော့။ အတာအိုးဆိုပြီး တစ်နှစ် တစ်ခါမှ ရောင်းရတဲ့ ပူတူတူးလေးတွေ သောက်တဲ့ ရေအိုးလေးတွေလည်း အိမ်တိုင်းစေ့ ဝယ်တော့ ရောင်းရလို့ အိုးဆိုင်တွေလည်း ပျော်ကြတယ်။

 ဆေးဆိုင်တွေလား .. အရမ်းပျော်ကြတယ် .. တားဆေးတွေ ကွန်ဒုံတွေ သိပ်ရောင်းရတယ် ဆိုပဲ။ သနပ်ခါးဆိုင်တွေ အလှကုန်ဆိုင်တွေ လည်း ပျော်ကြတယ် .. ပြီးတာနဲ့ အသားမည်းသွားလို့ လာဝယ်ကြတာ လက်ကို မလည်ဘူးတဲ့။

 ဆေးရုံတို့ ရဲစခန်းတို့လည်း လက်မလည်ဘူးတဲ့ .. ပိုက်ရောင်းတဲ့ဆိုင်တွေ ဖလား ပုံးရောင်းတဲ့ ဆိုင်တွေ သိပ်ပျော်ကြတယ်။ ကွဲကြပြဲကြတာတွေကို လိုက်ညှိလို့ငွေတွေကုန်ကြတယ်။

"ရှင်ချစ်တယ် .. ယူပါ့မယ်ဆို .. "
"ဟုတ်ရဲ့လား ငါမူးနေတာ ဘယ်သိပါ့မလဲ" ဆိုတဲ့ ဇာတ်လမ်းတွေ လည်းပေါဆိုပဲ။

 ပြန်စဉ်းစားရင် .. ကိုယ့်ဒုက္ခကိုယ်ရှာ .. ငွေတော်တော်ကုန်မယ့် ကိစ္စတွေပဲ။ ကံဆိုးရင် အသက်ပါပေးလိုက်ရမယ်။

အင်း ဒုက္ခ ဒုက္ခ .. အသက်ကြီးသွားလို့လား မသိဘူး .. ဒါတွေပဲ မြင်မိတော့ တယ်။

Myo Han Htun

2 comments:

  1. ချက်ကြီးဆိုက်က အောက်တန်းစား မျိုးဟန်ထွန်း ခွေးလိုကောင်
    ဒီမှာလာဟောင် ထားပါလား ။ သင်္ကြန်နဲ့ ပတ်သတ်ပြီး ကောင်းတဲ့ဘက်က မမြင် ပဲ အောက်တန်းကျတဲ့ ဘက်က တွေးပြီးလျှောက်ပြောနေတဲ့ ကောင် စောက်ခြောက်

    ReplyDelete
  2. ကိုယ်တိုင် က ပြည်ပမှာ ကျွန်ခံ နေရတာနဲ့ သူများတွေကို မနာလို
    တဲ့ စိတ်နဲ့ကြည့်ပြီး လိုက်ပြော နေတဲ့ကောင်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်