Pages

Wednesday, 5 June 2013

ဇတ်ဇတ်ကြဲ ဆတ်ဆတ်ထိမခံ ဦးနှောက်မရှိ အဆံချောင်နေတဲ့ အချို့သော NLD ပါတီဝင်များနဲ့ နောက်လိုက်များသို့......



NLD အပေါ် ထောက်ပြတာာ ဝေဖန်တာနဲ့ ပါတ်သက်ပီး နှပ်ကြောင်းပေး စွတ်စွဲတိုက်ခိုက်လာမှုတွေနဲ့ ပါတ် သက်ပီး ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း မေးချင်ပါတယ်...... ဦးဝင်းတင်နဲ့ ဒေါ်စု သဘောထား မတိုက်ဆိုင် တာကို ဆွနေသူတွေ ရှိတယ်ဆိုတာ ထောက်ပြခဲ့တော့ နှပ်ကြောင်းပေးတယ် ဆိုတဲ့လူတွေ၊ ဒေါ်စု ဆန္ဒပြမှုတွေနဲ့ ပါတ်သက်ပီး အငြင်းပွားစရာ ကိစ္စတစ်ခုကို ထုတ်ပြောလိုက်တိုင်းမှာ ဦးဝင်းတင်ကို အပြေးလေး အင်တာဗျူး သွားမေးပီး ဒေါ်စုစကားနဲ့ ဆန့်ကျင်ဘက် အဖြေတွေကို မီဒီယာတွေပေါ် ရောက်အောင်တင်နေတဲ့ လူတွေကို ခင်ဗျားတို့ ဘယ်လိုဖြေရှင်းမလဲ.....

ကျွန်တော်ရေးခဲ့တဲ့အတိုင်း NLD ဖြစ်လာခဲ့တာတွေဟာ (ဥပမာ လက်ပံတောင်း ဒေါ်စု ကြားငြပ်မယ့်ကိစ္စတွေ) လက်တွေ့မှာ တကယ်ဖြစ်လာတာဟာ ကျွန်တော် နှပ်ကြောင်းပေးတဲ့အတိုင်း သူတို့ လိုက်လုပ်တာလား.... အွန်လိုင်းက လူတစ်ယောက်ရဲ့ ရေးတဲ့၊ ပြောတဲ့အတိုင်း နှပ်ကြောင်းပေးတဲ့အတိုင်း ဖြစ်လာရအောင် အကြံတုံး ဥာဏ်တုံး ဖြစ်နေပီလား..... မဟုတ်ဘူးဆိုရင် ဘာကိစ္စ ကျွန်တော်ပြောတဲ့အတိုင်း ဖြစ်လာခဲ့သလဲ.......

မိဘတွေ သားသမီးတွေ လမ်းမှားကို ခြေစလှမ်းနေရင် ဘယ်လိုဆုံးမသလဲ၊ ကောင်းတယ် ဆက်လုပ်ကွာလို့ အားပေးသလား၊ ဘယ်မှာတော့ ဘာမှားနေတယ် ဘယ်ဟာ ဘယ်လိုပြင်သင့်တယ်လို့ နည်းလမ်းပြပီး သွန်သင် ဆုံးမသလား ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်ဖို့ သင့်တယ်လို့ မြင်တယ်..... ဆုံးမခံရချိန်မှာ နာသာခံခက်ကြပေ မယ့် အချိန်တန်လို့ နားလည်မှု ရှိလာချိန်မှာ ပြန်တွေးပြီး ကျေးဇူးတင်နေတာ ဘာကြောင့်လဲ........

ဒီလိုမေးလို့ NLD ကို သွန်သင်ဆုံးမနေတယ်လို့ စကားကပ်ပြောရင်တော့ ဆောရီးပါ ကျွန်တော်တို့ အဲ့လောက် အထိ မဟုတ်ပေမယ့် သာမာန် ပြည်သူ ပြည်သားတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ အနာဂါတ်ကို ဝင်ရောက်ချယ်လှယ် မယ့် ပါတီတစ်ခုကို လမ်းကြောင်းမလွဲဖို့ ထောက်ပြတာနဲ့ ဝေဖန်၊ ပုတ်ခတ် သေးသိမ်အောင် လုပ်တာနဲ့ မတူညီတာကို ရှင်းရှင်းလင်းလင်း မြင်နိုင် လက်ခံနိုင်ရပါမယ်....

လောကကြီးမှာ NLD ကို မကြိုက်တာနဲ့ ကြံ့ဖွံ့လို့ တံဆိပ်ကပ်ဖို့ မစဉ်းစားပါနဲ့ သူ့ဒေသမှာ သူ့လူမျိုးနဲ့ အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသား ပါတီတွေကို မျက်ကွယ်ပြုသလိုပဲ..... NLD ကို ဝေဖန်တာနဲ့ ကြံ့ဖွံ့ လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ အစားအသောက် တစ်ခုခုစားရင် အချို သို့မဟုတ် အခါး နှစ်မျိုးပဲ စားသလား.... အခြားရော ချဉ်ငံစပ် အရသာတွေကို ထိတွေ့မခံစားဘူးလား မေးချင်လာတယ်.......

ဒေါ်စုကိုယ်တိုင် ဝေဖန်ဖို့ ဖွင့်ဟပေးထားချိန်မှာ NLD ကို နည်းနည်းလေးမှ မထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ၊ NLD ပါတီဝင်နဲ့ ပါတီနောက်လိုက်တွေကို အကြံပေးချင်တာ NLD က D ဆိုတဲ့ Democracy ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်ပါ...... ဒါဆိုရင် ခင်ဗျားတို့ကို ဆက်ဝေဖန်မနေဘူးလို့ပဲ ပြောချင်ပါတယ်.....

ကြံ့ဖွံ့ကြ မဝေဖန်ဘူး ငါတို့ကြ ဝေဖန်တယ်ဆိုပီး နာနေသူများ အရှင်းဆုံးပြောချင်တာက ခင်ဗျားတို့ကို မဲကလိမ်ကျ၊ အောက်တန်းကျ၊ ယုတ်မာခဲ့တဲ့ ကြံ့ဖွံ့နဲ့ တစ်တန်းတည်း ထားစေချင်သလား ရှင်းရှင်းလင်းလင်း ပဲ မေးမယ်..... ကိုယ့်အဆင့်ကိုယ် မသိပဲ အောက်ကြေးတန်းတွေနဲ့ လိုက်ပြိုင်ချင်ရင် ပြိုင်လိုက်ပါ..... အဲ အဝေဖန်မခံနိုင်ရင်တော့ အပေါ်မှာ အကြံပေးထားတယ် National League for Democracy က Democracy ကို ဖြုတ်လိုက်ပီး National League for Dictatorship လို့ပဲ နာမည်ပေးလိုက်.......

ကျုပ်ရဲ့ ခံယူချက်က ရှင်းတယ်.... ဘယ်သူပဲ တိုင်းပြည် အုပ်ချုပ်အုပ်ချုပ် ကောင်းအောင်လုပ်ပေး ရင် ကျေနပ် တဲ့ မြန်မာလူမျိုးထဲမှာ ကျွန်တော်လည်း ပါပါတယ်.... တစ်ခါတစ်ရံမှာ သဘောထားခြင်း မတိုက်ဆိုင်တာတွေမှာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတာကို စိတ်အားထက်သန်ပါတယ်... Let's Agree to Disagree ပါ.... အဓိက ကတော့ Unity in diversity is a great thing ဆိုတာမျိုး ဖြစ်စေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်.... ဆိုတာ About Me မှာအတိုင်းသား ရေးထားတယ်ဆိုတာ အပြတ်သားဆုံး ပြောချင်တယ်......

ဘာမှ မစဉ်းစားနိုင်တဲ့ ဦးနှောက်မရှိ အဆံချောင်တွေ ဒီပို့စ်အောက်မှာ လာဆဲလိမ့်မယ်..... ဒီပို့စ်ကို အကြောင်းပြုပြီး ရေးတဲ့သူကို ကလော်တုတ်လိမ့်မယ်..... စောင့်ကြည့်ပါ ဘယ်လောက် ဒီမိုကရေစီကျသလဲ အတိုင်းသား တွေ့ရလိမ့်မယ်.....

1 comment:

  1. ကျနော်လဲအဲဒီအယူအဆကိုကြိုက်တယ်။ဘယ်သူဘဲခေါ်င်ဆောင်လုပ်လုပ်ပါအဓိ ဂကတော့ တိုင်ပြည်အတွက်တကယ်လုပ်ပေးတဲသူကိုကြိုက်တယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်