မြန်မာပြည်တွင်းမှာ ဖြစ်တဲ့ကိစ္စတွေက ပြည်တွင်းက ပြဿနာတွေ။ မလေးမှာဖြစ်တဲ့ကိစ္စက မလေးရောက် မြန်မာတွေဖြစ်နေတာ။
နိုင်ငံရေးအရပြောရရင်မြန်မာပြည်တွင်းက ပြဿနာဟာ မလေးရှားနဲ့ တိုက်ရိုက်မဆိုင်ဘူး။ သို့သော် မလေးရှားက မြန်မာတွေပြဿနာဟာ မြန်မာပြည်တွင်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေ မို့ပဲ။
မြန်မာပြည်တွင်းက မွတ်ဆလင်တွေ ပြဿနာအရှာခံရတဲ့ကိစ္စကို မတရားမှုလို့ပြောခဲ့တယ်။ ပြောရဲတယ်။ ထိုနည်းတူစွာပဲ မြန်မာတွေမတရားခံရတဲ့ကိစ္စကို မကျေနပ်ပါ။ ပြောလို့ရမယ့်နည်းလမ်းကို စဉ်းစားနေတယ် ။ ပြောလို့ရတဲ့လူတွေလဲ ပါးစပ်ပိတ်မနေစေချင်ပါ။ ပြည်တွင်းက ကိစ္စတွေကြောင့် ဟိုမှာ ဒီလိုဖြစ်ရပြီတွေ့လား ..စသဖြင့်သော အသံတွေကို အားမရပါ။ မလေးရှားက ကောင်တွေ လူပီသရင် မြန်မာပြည်တွင်းက ဖြစ်တဲ့ ပြဿနာတွေကြောင့်ဒီလို မလုပ်ပါ။ ကန့်ကွက်ကြစေချင်သည်။ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြစေချင်ပါသည်။ ဖြစ်နိုင်သော နည်းလမ်းများကို စဉ်းစားကြစေချင်ပါတယ်။နိုင်ငံရေးအရပြောရရင်မြန်မာပြည်တွင်းက ပြဿနာဟာ မလေးရှားနဲ့ တိုက်ရိုက်မဆိုင်ဘူး။ သို့သော် မလေးရှားက မြန်မာတွေပြဿနာဟာ မြန်မာပြည်တွင်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေ မို့ပဲ။
အစိုးရအလုပ်မလုပ်လျှင် အလုပ်လုပ်အောင် ဖိအားပေးစေချင်သည်။ အချင်းချင်း ဆဲနေတာတွေရပ်သင့်ပြီ ။ သွေးကြောင်တာတွေရပ်သင့်ပြီထင်သည်။ မိမိနှုတ်က ကန့်ကွက်ကြောင်း စကားတစ်ခွန်းထွက်ရင် အယောက် တစ်သိန်းပြောပါက အခွန်းတစ်သိန်းထွက်မည်။ တာသွားပါသည်။
Human Right Watch စသည့်အဖွဲ့များ တိတ်ဆိတ်ငြိမ်သက်နေသည်ဟုထင်ပါသည်။ ဒီလိုအဖွဲ့တွေ ဒီလိုအချိန်မှာ ငြိမ်သက်နေလေ့၇ှိကြောင်းကိုလဲသက်ဆိုင်သူတို့ မှတ်တမ်းတင်ထား၇န် လုံးဝ လုံးဝ မမေ့ပါနှင့်။
Myo Set


No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်