Pages

Tuesday 7 May 2013

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ ပြည်တွင်းကိုကျော်လွန်၍ ဒေသတွင်းပျံ့နှံ့မည့် အန္တရာယ်ရှိ



အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ မြန်မာသံရုံးကို ပိုက်ဗုံးများဖြင့်တိုက်ခိုက်ရန် ကြံစည်သူနှစ်ဦး ကို  သောကြာနေ့က ဖမ်းဆီးရမိခြင်းသည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်နှင့်မွတ်ဆလင်များကြား အကြမ်း ဖက်မှု များသည် အခြားအရှေ့တောင်အာရှတိုင်းပြည်များသို့ပင် ပျံ့လွင့်နိုင်ဖွယ်ရှိသည် ဟူသော စိုးရိမ်မှုများ ပေါ်ပေါက်လာစေခဲ့သည်။

စင်ကာပူနိုင်ငံ၌ လတ်တလောကျင်းပခဲ့သည့် ဖိုရမ်တွင် အင်ဒိုနီးရှားနိုင်ငံသမ္မတ စူစီလိုဘမ်ဘန် ယူဟိုယိုနို က “အကယ်၍ ပြဿနာကို အကောင်းဆုံး မဖြေရှင်းနိုင်လျှင် မြန်မာနိုင်ငံကိုသာမက မူဆလင် အများ စုဖြစ်သော အင်ဒိုနီးရှားနိုင်ငံသားများကိုပါ ထိခိုက်စေနိုင်ပါသည်” ဟု ပြောကြား ခဲ့ပါသည်။ ၄င်း၏   မြန်မာနိုင်ငံခရီးစဉ်တွင်လည်း သမ္မတဦးသိန်းစိန်ကို အလားတူအကြံပြုခဲ့ပါသည်။

ဘင်ဂါလီရိုဟင်ဂျာများကို လူမျိုးရေးခွဲခြားမှုသည် အစ္စလာမ်မစ်အစွန်းရောက်ဝါဒကို ခေါင်းထောင် လာစေနိုင် သည့်အတွက် တောင်အာရှလုံခြုံရေးအသိုင်းအဝိုင်းများကလည်း စိုးရိမ်နေပါသည်။ အချို့သော ဘင်ဂါလီရိုဟင်ဂျာများသည် ပိတ်ပင်ထားသော စစ်သွေးကြွအုပ်စုဖြစ်သည့် ပါကစ္စတန် နိုင်ငံမှ Lashkar-e-Taiba က လေ့ကျင့်ပေးထားသူများဖြစ်ကြောင်း အထောက်အထား များရှိသည်ဟု ခိုင်လုံသော သတင်းရင်းမြစ် များက The Straits Times ကို ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ ထောင်ဒဏ်ကျခံနေရသော အစွန်းရောက် အစ္စလာမ် ဘာသာရေးခေါင်းဆောင် အဘူဘာကာ က သမ္မတဦးသိန်းစိန်ထံ ခြိမ်းခြောက်စာတစ်စောင်ပေးပို့ခဲ့ပြီး ဝက်ဘ်ဆိုက်တစ်ခုတွင် တင်ထား   သော ထိုစာထဲတွင် “ သင်၏ဆိုးရွားသောအပြုအမူတို့ကြောင့် သင့်နိုင်ငံအတွင်းရှိ မူဆလင် များ၏ အော်ဟစ် ညီးတွားသံများကို ကျွန်ုပ်တို့ကြားနေရသည်၊ သင်သည် ၎င်းတို့ကို သတ်ဖြတ်ပြီး အိုးမဲ့ အိမ်မဲ့ဖြစ်စေသည်၊ အကယ်၍ ၎င်းတို့၏ အော်ဟစ်သံများကို လျစ်လျူရှုမည်ဆိုလျှင် ကျွန်ုပ်တို့ မူဂျာဟီဒင် စစ်သားများ၏ လက်စား ချေမှုကို သင်တွေ့ကြုံစေရမည်” ဟူ၍ ရေးထားသည်။

မူဆလင်အများစုနိုင်ငံများတွင် မြန်မာများအပေါ် မူဆလင်များက လက်စားချေတိုက်ခိုက်မည့် အန္တရာယ် ရှိကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက The Straits Times ကို ပြောကြားခဲ့ သည်။

မေလ ၅ ရက်ထုတ် The Straits Times သတင်းစာပါ Myanmar violence threatens to spill over in the region ဆောင်းပါးအား ကောက်နှုတ်၍ ဆီလျော်အောင် ပြန်ဆိုသည်။
 
 

2 comments:

  1. they will be know who is myanmar..come on..

    ReplyDelete
  2. ခွေးကုလားတွေ
    သတ္တိရှိရင် အမြီးလှုပ်ကြည့်စမ်း
    ငါတို့ပြည်တွင်းမှာတော့ လုံးဝ အဖြစ်မခံဘူး

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်