
 
  မေလ ၇ရက်၊ ၂၀၁၃ခုနှစ် 
 တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ 
ပါဝင်ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့က 
မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် 
ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ 
တရုတ်နိုင်ငံ တွင်း ကွင်းဆက် တရားခံများအား 
ဖမ်းဆီးဖော်ထုတ်ခဲ့ရာ ဧပြီလ ၁၂ ရက်နေ့တွင်
 
 တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူ အတုပြုလုပ်သည့်စက်(၇)လုံး ၊ မြန်မာငွေ အတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
 
 ငွေစက္ကူအတုပြုလုပ်သူများအနေဖြင့်
 စုစုပေါင်း ငွေစက္ကူအတု(၂၀)ကုဋေဖိုး ထုတ်လုပ်ခဲ့ပြီး ဖမ်းဆီးရမိ ခဲ့သည့် 
ငွေစက္ကူအတုမှာ (၁၃)ကုဋေခန့်သာ ရှိသေး သဖြင့် (၇)ကုဋေခန့်မှာ 
ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း တရားခံများက ထွက်ဆိုခဲ့သည်။
 
 ဖမ်းဆီးရမိခဲ့သော တရားခံများတွင် KIO အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူအချို့ ပါဝင်ပတ်သက် လျက် ရှိကြောင်း သိရှိရပြီး ယခုအခါ လိုင်ဇာရှိ ၎င်းတို့၏အိမ်နှင့် ပိုင်ဆိုင်မှုလုပ်ငန်းအချို့အား KIO မှ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း သိရှိရသည်။
 
 ယခုအခါ တရုတ်နိုင်ငံမှာ ပြုလုပ်သည့် မြန်မာကျပ်ငွေ (၅၀၀၀)တန်နှင့် (၁၀၀၀၀)တန်အတု အချို့   မြန်မာငွေကြေးဈေး ကွက်အတွင်း
 လည်ပတ်နေသည်ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံ ငွေကြေးဈေးကွက် ကို 
မထိခိုက်နိုင်ကြောင်း မြန်မာ့စီးပွားဘဏ်မှ တာဝန်ရှိသူတစ်ဦး က 
ပြောကြားခဲ့သည်။
 
 ငွေတုပြုလုပ်သူများအနေဖြင့်
 ၎င်းငွေကြေးများအား ကျောက်စိမ်းနှင့် သစ်များဝယ်ယူရာတွင် အသုံးပြုလျက် 
ရှိသည်။ ငွေစက္ကူအတုများ အနေဖြင့် သေသေချာချာကြည့်ရှုပါက အတုနှင့်အစစ်ခွဲရ 
လွယ်ကူကြောင်း သိရှိရပြီး ငွေအတုနှင့်အစစ်ခွဲခြားပုံအား နိုင်ငံပိုင်သတင်းစာများတွင်လည်း သတိပေးဖော်ပြခဲ့သည်။
 
 ကိုချို(ရွှေလီ) Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြို့ တွင်ဖမ်းဆီးရမိခဲ့သော မြန်မာငွေစက္ကူအတုများ ထုတ်လုပ်ရာ တွင်အသုံးပြုခဲ့သောပုံနိပ်စက်များ
 
 Posted From Myanma Light 
 
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်