Pages

Sunday, 5 May 2013

ဂျာနယ်တိုက်က အယ်ဒီတာမင်းများ က စာဖတ်တယ်ဆိုပြီး အက္ခရာတွေ ပဲမြင်ကြသလားမသိပါဘူး

အစကတော့ မပြောဘူးလို့ နေတာ ဗျာ ။ မနေနိုင်လို့ ပြောရပါဦးမယ် ။ ဂျာနယ်တိုက်က အယ်ဒီတာမင်းများ က စာဖတ်တယ်ဆိုပြီး အက္ခရာတွေ ပဲမြင်ကြသလားမသိပါဘူး ။

အလကား အလကား အွန်လိုင်းမှာ စာဖတ်နေတဲ့ လူတွေတောင် ဦးရဲထွဋ်ရဲ့ အတွေးအခေါ် ၊ အရေးသားအဆင့် တန်း ၊ ဘဝအတွေ့ကြုံ ကဘယ်လောက် ရှိတယ် ။ ပိတောက်မြေ နဲ့ ဖေ့စ်ဘုတ်မှာ စာရေးခဲ့ တဲ့ ကိုစစ်အောင်ရဲ့ အတွေးခေါ် ၊ အရေးအသား ၊ အသက်ရွယ်အပိုင်းခြား ဘယ်လောက်ရှိတယ် ။

Voice Of Myanmar ရေးသားတဲ့ ဒေါက်တာဆိတ်ဖွားရဲ့ အတွေးခေါ် ၊ အရေးသားအဆင့်တန်း ၊ ဘဝအတွေ့ကြုံဘယ်လောက်ရှိတယ် ၊ ဖေ့စ်ဘုတ်က လူထုမောင်ကာဠု အတွေးခေါ် ၊ အရေးသား အဆင့် တန်း ဘယ်လောက် ရှိတယ်ဆိုတာ ကိုခန့် မှန်းလို့ရပါတယ် ။

အယ်ဒီတာမင်းများ တကယ်ပဲ စာကို အက္ခရာတွေမြင်တဲ့ အဆင့် ကတက်ပီး မဖတ်တာလား ၊ ဒါမှမဟုတ် သိသိ နဲ့ ပဲ မီဒီယာသမား ကွ ပြောသမျှ တင့်တယ် တယ်ဆိုပြီး ပုဂ္ဂလိက မကျေနပ်ချက်နဲ့ရောကျိတ်နေသလားမပြောတတ်ဘူး ။

နောက်တချက် ဒေါ်အောင်ဆန်းစုကြည် ကို အပုပ်ချစော်ကားနေရင် (သို့) စစ်တပ် ကောင်းကြောင်းလေးတွေရေးနေရင် စစ်တပ်က လူ ဆိုတဲ့ mind set ကြီးကိုလည်း ခုထိ မဖျောက်နိုင်ကြသေးဘူး ။ (စစ်တပ် ကောင်းကြောင်း ချည်းပြော တဲ့ ပြည်တွင်းသတင်းစားတွေနဲ့ စစ်တပ်မကောင်းကြောင်းနဲ့ အတိုက်ခံကောင်းကြောင်းပဲ အမြဲပြောခဲ့တဲ့ ပြည်ပမီဒီယာတွေရဲ့ propaganda ရဲ့ အကျိုးဆက်တွေလို့ ပြောရမယ်ထင်တယ် )

ကိုယ့်ဘာကိုယ့်ဘာကို ဒေတာလေးတွေစု ၊ ကွင်းဆက် လေးတွေ လုပ်ပြီး ထိုင်ကြည့်နေမိတာ ၅ လလောက်ရှိပြီ ။ပြိးခဲ့ တဲ့ ၄ လ ၅ လလောက်ကစပြီး စစ်သား စစ်စစ်မဟုတ်ပဲ စစ်သားယောင်ဆောင်နေတဲ့ အကောင့် တွေ အများကြီး ရှိလာ တယ် ။ ပထမ အဆင့် အနေနဲ့ ဖေ့စ်ဘုတ်က လူများ တဲ့နာမည်ကြီးတွေ ၊ စစ်တပ် က ကောင်လေးတွေ ကို လိုက် add တယ် ။

အယ် ...စစ်သားပေါက်စ လေးတွေ သဘောကျလောက်မဲ့ feeling လေးတွေ လည်းချကျွေးတတ်သေးတယ် ။ နောက် အဲဒီ အကောင့် တွေက ဂရုလိုက် ရှိတယ် ။ အချိတ်ဆက်လေးတွေရှိ ကြ တယ် ။

အွန်လိုင်းမှာ ဒေါ်စု အားပေးတဲ့ ပရိတ်သတ်တွေနဲ့ပဲဖြစ်ဖြစ် ၊ မီဒီယာတွေ နဲ့ ပဲဖြစ်ဖြစ် စစ်တပ်ကလူတွေ ဆန်းဆေးတစ် ဖြစ်မဲ့အစလေးတွေ ဆွဲထုတ်ပေး တတ်သေးတယ် ။ အတော်များများ နာမည်ကြီးတော့ စစ်တပ်နဲ့ ဖြစ်တယ် ဆိုပြီးသိကြတယ် ။ ဒါပေမဲ့ စ ပြီး ဆွဲထုတ်ခဲ့ တဲ့ အဲဒီအကောင့်တွေကတော့ ဘေးထွက်ထိုင်နေတတ်တယ် ။ ခဲ တစ်လုံးတည်းနဲ့ ငှက် ၂ ကောင်ပစ်တဲ့ နည်း သုံးတာများတယ် ။

သူတို့ရဲ့ အတွေးခေါ် ၊ အရေးသား အဆင့်တန်း တွေ က တော့ သာမာန်ပဲ ။ စူးရှ တဲ့ အမြင် ၊ ထက်မြက်တဲ့ အတွေး ၊ ဖမ်းစားနိုင်လောက်တဲ့ အရေးမရှိဘူး ။ ဒါမဲ့ လူပြိန်းကြိုက်လေး ချကျွေးတတ်တာက သူတို့ အုပ်စုရဲ့ အားသာချက်ပဲ ။ မြန်မာအများစုကလည်း ကိုသာပို စကားယူသုံးရရင် (ပြည်ထောင်စုသမ္မတ သောက် တလွဲနိုင်ငံတော်) မဟုတ်လား ။ သူ့အရပ်နဲ့ သူ့ဇာတ် က ကိုက်နေ တယ် ။

အရင်တနေ့ က အကောင့်တစ်ခုတွေ့လိုက်သေးတယ် ။ စစ်သားယောင်ဆောင် ပြီး ပေါက်ကရပြော စစ်သား စစ်စစ်တွေက ဝင်ထောက်တော့ ။ မင်းနဲ့ ငါ BC ပြိုင်ရွတ်မလား ။ ငယ်တဲ့ကောင်ပါး ရိုက်ကြေး ဆိုပဲ ။

BC ရဲ့ အရှည်က ဘာကြီးတုန်း လို့ ဝင်မေးတော့ BioChemistry တဲ့ ။ ကျုပ်တို့ လူမျိုးတွေအားနည်းချက် က လူတစ်ယောက်ကိုစောက်မြင်ကတ်ရင် စိတ်ဝင်စားမှုအားနည်းတာပဲ ။

စိတ်ဝင်စားမှုအားနည်းတော့ လေ့လာမှုအားနည်းတယ် ။ စောက်မြင်ကတ်လို့ သမ မယ်လည်းဆိုရော ထွက်လာလိုက်တာတွေ က တလွဲတွေချည်းပဲ ။

http://www.news-eleven.com/opinion/19217

Credit:____ရုပ် ဆိုး

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်