မဟာဗောဓိမြိုင် ဆရာတော်ကြီးရေးသားသော ရိုးရိုးဒါန၊ အယူမှားသူ (ဥာဏ်နုံသူ) တို့၏ "ကာမဒါန"နှင့် ကိုယ်ချင်းစာစိတ်မရှိသော "ဟာလာ" တက်လမ်းရှာ အပေါင်း တို့
ရိုးရိုးဒါနသည်ကား သင်ပြုနေကျဒါနမျိုးများဖြစ်ချေ၏ ။
မိဘဘိုးဘွားများ၏ ဓလေ့ထုံးတမ်းသို့ လိုက်လျက်ကလည်း ဒါနမှုပြုကျင့်နေကြ၏ ။
သူတစ်ပါးတို့လှုသဖြင့် အားကျမခံ (အပြိုင်အဆိုင်) လှုဒါန်းမှုလည်း ရှိချေသေး၏။
သူတစ်ပါးတို့ အပြောများလှသဖြင့် ရောယောင် နောက်လိုက်ပုဂ္ဂိုလ်သို့ ဦးစိုက်လှုမှုလည်းရှိ၏ ။
ထိုဒါနမျိုးကား အလွန်များပြားလှချေ၏။ ဘာသာတိုင်းတွင်လည်း မရေရာသော ဤဒါနမျိုးကသာ လွှမ်းမိုးနေကြ၏။
ကြက်၊ ၀က်၊ သိုး၊ ဆိတ်တို့ကို ညှင်းဆဲသတ်ဖြတ်ကာဒါနမှုပြုသည်ကို ကောင်းချီးအဖြစ်လက်ခံခြင်းကပင် အလွန်ထင်ရှားနေပါ၏ ။
မိမိသတ်သော တိရစ္ဆာန်က မိမိပြန်၍ကယ်တင်ရန် နတ်ပြည်ခေါ် ကောင်းကင်ဘုံလမ်းအကူးမှ ကြိုဆိုစောင့်နေမည်ဆိုသော အချက်တို့ကို လက်ခံနေခြင်းကပင် ထင်ရှားနေပါ၏ ။
ရိုးရိုးဒါနသည် ရိုးရိုးသမားတို့ပြုရာကိစ္စ ဖြစ်သဖြင့် ထို ရိုးရိုးသားသား လူသားသတ္တ၀ါတို့သည် အပြောကောင်းသော ဘာသာရေးဆရာတို့စကား နားမှကြားရသော်၊ အပြကောင်းသော ဘာသာရေး ဆရာတို့၏ စာပေကို မျက်ဝါးထင်ထင် တွေ့မြင်ရသော် ဘာမဆိုထဲသို့ တွဲခနဲ ရောက်ရှာရ၏ ။
- ဘာသာရေးဟူသည် အားကိုးလွန်ရာမှ ယုံကြည်လာခြင်း ဖြစ်၏ ။
- ဘာသာရေးဟူသည် အကြောက်လွန်ရာမှ (အားကိုးရှာရင်း) ယုံကြည်လာခြင်း ဖြစ်၏ ။
ငါတို့ငယ်ငယ်က အီရန်မှ ခိုဒါအရှင်မြတ်၏ သားတော်ကြီး ရန်ကုန်သို့လာလျှင် ခိုဒါသွေး မပြတ်လပ်စေရန် (မတိမ်ကောစေရန်) ဆိုကာ ခိုဒါ၏အနွယ်ဝင် မိန်းမကြီးငယ်အသွယ်သွယ်တို့သည် ခိုဒါ၏သားတော် တည်းခိုရာသို့သူ့ထက်ငါ အလုအယက်သွားရောက်ကြကာ အသုံးတော်ခံကြရရှာချေ၏ ။
ကံဆိုးသည်မှာ ခိုဒါ၏ အနွယ်တော်များဖြစ်လျက်က ခိုဒါသွေး ခံယူခွင့် မရလေသော ယောက်ျားများပင် ဖြစ်ချေ၏ ။ ၄င်းတို့ကိုထောက်လျှင် အယူဝါဒသည် သူတစ်ပါးတို့ အပြောများရာ (အပြောကျရာ) နောက်သို့ ရောယောင်လိုက်ကြသော ဖာသိဖာသာ (ဘာသိဘာသာ) သမားတို့ကသာ များလှချေ၏ ။
မိမိသတ်ဖြတ်ခြင်းကို ခံသွားရသဖြင့် မိမိအပေါ် အာဃာတပြင်းပြင်း၊ အငြှိုးကြီးစွာထား ကာ သေသွားသော နွား၊ ကြက်၊ သိုး၊ ဆိတ်များက မိမိကို ကောင်းကင်ဘုံမှ ကြိုဆိုနေမည်ဆိုသောစကား၊ ယုတ္တိဗေဒကို နားလည်လျှင် လက်ခံနိုင်စရာ အကြောင်းမရှိပြီ ။
ရှိသမျှအပြစ် ထာဝရဘုရားက တာဝန်ယူ၏၊ တာဝန်ခံလျှင် ကျေအေးပေး၏ ဆိုသောစကားသည်လည်း ယုတ္တိဗေဒဖြင့် ချိန်ထိုးကြည့်လျှင် ခံနိုင်စွမ်းမရှိ ။
ထိုအယူသည်လည်း မကောင်းမှုကို သွေးသံရဲရဲဖြင့် ပြုချင်လာအောင် လှုံ့ဆော်ပေးခြင်းမျှသာဖြစ်၏ ။
ဝန၀ါသီ ဥေယျဓမ္မသာမိထေရ်
သာသနာ-၂၅၃၈ ကောဇာ-၁၃၇၅ တွင်
ရေးသားပြုပြင်စီရင်သော အနုပုဗ္ဗိက ကထာ စာ-၅၆,၅၇
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်