Pages

Sunday, 5 May 2013

သက္ကမိုးညို သိစေရန်

ဆရာ သက္ကမိုးညိုခင်ဗျာ,

ဆင့်ခေါင်းခွေချီတာတော့ မဟုတ်ဘူးပေါ့ဆရာရယ် သဘောမတူနိုင်တာတွေ ရှိလို့ ရေးဖြစ်ပါတယ်၊၊ သမ္မတကြီးက သူလည်း သူလုပ်နိုင်သလောက်၊ လုပ်တတ်သလောက် စွမ်း အားတွေနဲ့ ဒီလောက် လုပ်ပေးနေတာတောင် အပစ်ကမလွတ်တဲ့ အတွက်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမူ့ တွေကို စွမ်းသလောက် လုပ်ပေးနေတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ကိုယ်စား၊ စိတ်မကောင်းဖြစ် မိပါတယ်ဆရာ၊၊

သူ့ ကိုယ်သူ ကယ်တင်ရှင်ကြီးလို့ လဲမဆို၊ စီမံခန့် ခွဲမူ့ မှာ သိပ်တော် တဲ့လူ၊ ခြောက်ပစ်ကင်းသဲ လဲစင်၊ နိုင်ငံခေါင်းဆောင် အရည် အချင်းနဲ့ ပြည့်စုံတဲ့သူပါလို့  တစ်ခါမှ သူ့ မိန့် ခွန်းတွေ၊ သူ့ ပြော တာတွေကို ကျွန်တော်မကြားမိခဲ့ဘူးဆရာ၊၊ သူပြောပြောနေ တာက "မိဘပြည်သူများ ကျွန်တော်တို့ အပြောင်း အလဲတွေကြိုး စားဖေါ်ဆောင်ပြီး၊ ဒီမိုကရေစီ နိုင်ငံမျိုးတည်ဆောက်နေပါတယ်၊၊ ဒီမိုကရေစီနိုင်ငံမှသာ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ အတွက် ရေရှည်ဘ၀ရှေ့ ရေးကောင်းစားနိုင်မှာမို့  မိဘပြည်သူတွေ ကလည်း ၀ိုင်းဝန်းကူညီ တည်ဆောက်ပေးကြပါလို့ " အမြဲ မေတ္တာရပ်ခံလေ့ရှိတယ်လို့ ပဲ ကျွန်တော် မှတ်သားမိပါတယ်ဆရာ၊၊ "ကျွန်တော် စီမံခန့် ခွဲရေး ဘယ်လောက်တော်တယ်၊ ကျွန်တော်နိုင်ငံခေါင်းဆောင် အရည်အချင်းနဲ့ ပြည့်စုံတယ်၊ ခင်ဗျားတို့ ကျွန်တော်ပြောတာ လိုက်လုပ်ကြလို့ " သူတစ်ခါမှ မပြောခဲ့ဘူးထင် ပါတယ်ဆရာ၊၊

ဆင်းကဒ်လေးတွေကို ၁၅၀၀ နဲ့  မလောက်မငရောင်းပေးမိလိုက်လို့  အရည်အချင်းမရှိတဲ့သူ၊ စီမံခန့် ခွဲမူ့ ညံ့ တဲ့ သူ၊နိုင်ငံခေါင်းဆောင် အရည်အချင်းဘယ်လောက်ရှိတဲ့လူလဲလို့ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပြီး ဆိုရင်လည်း ဒါလေးတွေ သိပါရစေဆရာ၊၊

ဟုတ်ကဲ့ မြန်မာနိုင်ငံမှာ ဆရာ့ဘယ်သူ့ ကို စီမံခန့် ခွဲရေး တော်တယ်လို့ ယူဆပါသလဲဆရာ၊ ဘယ်သူဟာ နိုင်ငံခေါင်းဆောင်အရည်အချင်းနဲ့ ပြည့်စုံတဲ့သူလို့ ဆရာထင်ပါသလဲ၊ ဘယ်သူသမ္ဗတဖြစ်သင့်ပါသလဲ၊ အဲဒီသမ္မတကရော ဆရာထင်သလို့  ချွင်းချက်မရှိ၊ ခြောက်ပစ်ကင်းသဲလဲစင်၊ ထိသမျှရွှေဖြစ်၊ လုပ်သမျှ အကုန်အောင်မြင် မယ်လို့ ဆရာ အာမခံနိုင်ပါသလားဆရာ၊၊

ဆရာတို့ ဆရာဝန်တွေကရော စင်္ကာပူကဆရာဝန်တွေလိုနှလုံး အစားထိုးမကုသနိုင်သေးလို့ ၊ အိန္ဒိက ဆရာဝန်တွေ လို အသဲအစား ထိုး အောင်အောင်မြင်မြင်မကုသနိုင်ကြလို့ ၊ အသုံမကျတဲ့ ဆရာဝန်တွေ လို့ ပြောဆို ရင် တရားမယ်ထင်ပါသလားဆရာ၊၊ ခွဲစိတ်ကုဆရာဝန်ကြီးတစ်ယောက်က၊ လူမမာ ဆင်းရဲ့  သားလေးပြည်တည်နာကို သွားကြည့်မိလို့  ခွဲစိတ်ဆရာဝန်ကြီး အနေအထိုင်မတတ် ပါဘူးလို့  ပြောနိုင်ပါပြီ လားဆရာ၊၊ ဆရာဦးခင်မောင်ဝင်းလို့  ပညာရပ်ဆိုင်ရာမှာတော်ပြီး၊ မကောင်းဘူးလို့ လူပြော သူပြောများ တဲ့ လူမျိုးတွေလည်းရှိတတ်ဆရာ၊၊ အဲဒီလိုတော်ပြီးမကောင်းရင်၊ ဟစ်တလာလို ဖြစ်သွား နိုင်တာမျိုးတွေ ကိုလည်း ဥပမာပေးပါရစေဆရာ၊၊

သမ္မတကြီး ရိုးသားမိတာ၊ သူမိသားစု အေးအေးဆေးဆေးနေ တတ်တာ အပစ်များဖြစ်နေပြီလားဆရာ၊၊ ၂၀၁၅ မှာ ဆရာတို့ ကြိုက် တဲ့လူတွေ မဲပေးကြပါ ဆရာ၊၊ ဆရာတို့ စီမံခန့် ခွဲမူ့ သိပ်တော် တယ်ထင်တဲ့ လူတွေကို ရွေးကောက်တင်မြှောက်ကြပါ၊၊

ကျွန်တော်တို့  နှစ်ပေါင်း (၅၀)ကျော် အမှောင်ထဲက အတူတူရုန်း ထွက်ဖို့ ကြိုး စားနေကြတဲ့ လူတွေအတွက် အမှောင်ထဲက နေ အလင်းရောင်မြင်အောင် မျှော်လင့်ချက် သေးသေးလေးပဲဖြစ်ဖြစ် မွန်းကျပ်မှု့ တွေထဲက အပေါက်လေး တစ်ပေါက်ကို ဖွင့်ပေးခဲ့တဲ့သူ (ရှေ့ ဆောင်လမ်းပြ၊ ဒီမိုကရေစီဖခင်လို့ မဆိုပါ) အဖြစ်လောက်လေးပဲ မြင်ပေးနိုင်ရင် နုလုံးစက်အတုတတ်ထားရတဲ့  သူအမောပြေမှာပါဆရာ၊၊

ဘယ်လိုနိုင်ငံကြီးမျိုးမှာမှ တစ်လပြည့်အောင်မနေခဲ့ဘူးတဲ့သူ၊ (ကျွန်တော်မှားရင်မှားနိုင်ပါတယ်) ဘယ်လို အထင်ကရ တက္ကသိုလ်ကြီးတွေမှာမှ ပညာမသင်ခဲ့ရဘူးတဲ့သူ၊ ဘယ်လို့ နိုင် ငံခေါင်းဆောင်ကြီးတွေနဲ့ မှ အတူတူအလုပ်မလုပ်ခဲ့ဘူးတဲ့သူ၊ ဘယ်လို စီမံခန့် ခွဲမူ့ ပညာတွေကိုမှ ကောင်းကောင်း မွန်မွန် မသင်ခဲ့ရဘူး တဲ့သူ၊ ဘယ်လို နိုင်ငံရေးသဘောတရားတွေ ကိုမသင်ခဲ့ရဘူးတဲ့သူ၊ မြန်မာနိုင်ငံလို အဖက်ဖက်က ယို့ ယွင်းနေတဲ့ နိုင်ငံမျိုးပြန်လည်တည်ဆောက်ဖို့ အတွေ့ အကြုံမရှိတဲ့ သူ၊ ရှိတဲ့ စေတနာလေးအရင်းခံပြီး၊ အားလုံးနဲ့အတိုက်အခံလုပ်ခါ၊ 
 
စွမ်းသလောက်လေးလုပ်ပေးနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို၊ ချီးကျူးဘို့ မလို၊ မြှောက်ပေးဘို့ မလို၊ သူကောင်းတယ်လို့  လက်ခုပ်လက်ဝါးတီးပေးဖို့ မလို၊ မောကြီးပန်းကြီး ပန်း တိုင်ရောက်အောင် သန်း (၆၀)အတွက် ပြေးနေတဲ့  နုလုံးစက်တုတတ်ထားတဲ့ သူကို ခြေထိုးမခံလိုက်ရင်ပဲ ကျွန်တော်ဝမ်းသာ လှပါပြီဆရာ၊၊ အမောပြေရေလေးတစ်ခွက်လောက် ကမ်းလှမ်းပေးဖို့ အထိ ကျွန်တော် မတောင်းဆိုရဲ ပါ၊၊ ဆရာကျန်းမာပါစေ၊၊


လေးစားစွာဖြင့်
Red Angel
သောကြာ- မေလ၊ (၄)ရက်၊ ၂၀၁၃ ခုနှစ်
နံနက် ၃:၂၅ မိနစ်

2 comments:

  1. ဟုတ်တယ် မှန်တယ်
    ငါလိုးမှဆောက်သူတောင်းစားဆရာမင်းရော လုပ်နိုင်လို့လား မင်းတောင်ဘာအရေအချင်းမှမရှိလို့ စေတနာနဲလုပ်နေတဲသူကို ဘေးထိုင်ဘိုင်ကျပြောနေတာမလား ငါလိုးမှစောက်ဆင့်မရှိအေက်တန်းကျတဲကောင်ကိုလီးဘဲ

    ReplyDelete
  2. မိုးညိုကြီးသိစေချင်-----
    သမ္မတကြီးကစေတနာနဲ့(၁၅၀၀)ကျပ်နဲ့လတိုင်းရောင်းပေးခိုင်းတယ်
    ပြည်သူလူထုရဲ့လောဘကသမ္မတကြီးရဲ့စေတနာနဲ့ကောတန်ပါရဲ့လား
    ဒီမိုကရေစီနဲ့ကောတန်ပါရဲ့လား၊(၁၅၀၀)တန်ကို(၆၀၀၀၀)ဖြစ်အောင်လုပ်တာ
    ဘယ်သူတွေလဲခုပေါက်ခုပြန်ရောင်းကြတာဘယ်သူတွေလဲ
    ပြန်စဉ်းစားကြည့်ပါမိုးညိုကြီးရယ်။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်