ဒကာလပြည့်ဇင်ရေ
ဘုန်းဘုန်းပြောချင်တာက တရားနှစ်ပုဒ်အကြောင်းပါ။ တစ်ပုဒ်ကငါးရာ့ငါးဆယ်
နိပါတ်တော်ထဲက မဟာဝါဏိဇဇာတ်တော်ဖြစ်ပြီး၊ တစ်ပုဒ်က
မဇ္ဈိမနိကာယ်ထဲကစာတုမသုတ္တန် ဖြစ်ပါ တယ်။ ဘုန်းဘုန်းအမြင်
ဘုန်းဘုန်းခံယူချက်နဲ့မေတ္တာတံခွန်အသင်းသားတွေရဲ့ ခံယူချက်တွေ အမြင်တွေ
ထပ်တူကြလိမ့်မယ်လို့ပဲယုံကြည်နေပါတယ်။
ဘုရားလောင်းကဗာရာဏသီပြည်မှာ
လှည်းကုန်သည်မှူးဘ၀နဲ့ ကျင်လည်ခဲ့ရတုန်းကပေါ့ဘုရားလောင်း အမှူးရှိတဲ့
ကုန်သည်ငါးရာဟာ ကုန်ပစ္စည်းတွေ ရောင်းချပြီးအပြန်မှာမျက်စိလည် လမ်းမှားပြီး
အစာနဲ့ ရေပြတ်တာကို ကြုံခဲ့ကြရတယ်။ သူတို့ဖြတ်သန်းရတဲ့ကန္တာရကလည်း
အိုအေစစ်ကလေးတောင်မရှိတဲ့ နိရုဒကကန္တာရ (ရေမရှိတဲ့ သဲကန္တာရ) ခရီးပါ။
ဒီလိုနဲ့ကံကောင်းထောက်မစွာပဲ ညောင်ပင်ကြီး တစ်ပင် ကို တွေ့လိုက်ရတယ်။
နေကလည်းပူ ရေကလည်းပြတ်ထမင်းလည်း ငတ်လေတော့ ညောင်ပင်ကြီးထံ
အမြန်ချဉ်းကပ်ကြတော့တာပေါ့။
ညောင်ပင်ကြီးကအရိပ်အာဝါသရှိရုံတင်မဟုတ်ဘဲ အရွက်တွေ အခက်တွေကြားမှ ရေစက်လေးတွေ စိမ့်ထွက် ယိုစီးနေတာကို တွေ့ရတဲ့အခါမှာ နောက်ပါကုန်သည်ငါးရာက ကြံကြတယ်။ ညောင်ရွက် ကလေးတွေမှ ရေယိုစီးကျနေတာကို ကြည့်ရင် ညောင်ကိုင်းထဲမှာ ရေရှိနိုင် တယ်ပေါ့။ဒီလိုနဲ့ ညောင်ပင်ပေါ် တက်ပြီး အရှေ့ကိုင်းကိုခုတ်ချလိုက် တော့တယ်။ သူတို့ထင်တဲ့အတိုင်းပဲညောင်ကိုင်း ထဲမှ ရေတွေပန်း ထွက်လာလိုက်တာ ထန်းပင်လုံးပတ်လောက်ကိုရှိတယ်တဲ့။
ချိုးကြ သောက်ကြ အပန်းဖြေကြနဲ့ ကုန်သည်တွေအတော်ပျော်သွားကြတာပေါ့။ ကုန်သည်တွေဟာ ရေအ တွက် မပူရပေမယ့် စားနပ်ရိက္ခာပြတ်ကြလေတော့ ငတ်မွတ် နေကြရှာတာပေါ့ ထမင်းမစားရတော့ ဗိုက်ဆာဆာနဲ့ တောင်ကြံမြောက် ကြံရှောက်ကြံကြရင်းနဲ့ တောင်ဘက်ကိုင်းကို ခုတ်ဖို့ အကြံရသွားကြ တယ်။အရှေ့ကိုင်းကိုခုတ်တော့ ရေထွက်တယ်။ တောင်ဘက် ကိုင်းကိုခုတ်ရင်ဘာများထွက်လာမလဲပေါ့။ ဒီလိုနဲ့ တောင်ဘက်ကိုင်းကိုခုတ်ကြည့် လိုက်တဲ့အခါ နတ်သုဒ္ဓါနတ်သြဇာပါတဲ့ နတ်ထမင်းဟင်းတွေ ထွက်ကျလာတာတွေ့ရပါသတဲ့။ ကုန်သည်တွေလည်းဝမ်းသာအားရစားကြသောက်ကြတော့တာပေါ့။

အစာနဲ့ရေအတွက်
မပူပင်ကြရတော့လို့နေရပ်ပြန်မယ်များ မအောက်မေ့နဲ့ဦး။ အနောက် ကိုင်းကို
ခုတ်ကြည့်ဦးမယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ခုတ်တိုင်းခုတ်တိုင်း
သူတို့လိုအပ်တာ တွေချည်း တွေ့ရလို့ပါပဲ။ အနောက်ကိုင်းကို ခုတ်ကြည့်တဲ့အခါ
အပျိုစင်အရွယ်နတ်မိမယ်လေးတွေ ဘွားခနဲပေါ်လာကြတယ်တဲ့။ ဘယ်လောက်ထိများ
သလဲဆိုရင်ကုန်သည် တစ်ယောက်စီအတွက် အပျိုစင်နှစ်ဆယ် အညီအမျှရရှိကြတယ် တဲ့။
နောက်ပါကုန်သည်ငါးရာအတွက် အပျိုစင် တစ်သောင်း တောင်ရောက်ရှိလို့
လာတာပေါ့နော် ။ပျော်ပါးဖို့အတွက်ရော အစေအပါးအတွက်ပါ ညောင်ပင်ကြီးက
စီမံပေးရှာတာပါ။ သားမယားနဲ့ကင်းကွာနေ ကြသူတွေမဟုတ်လား။ ညောင်ပင်ကြီးက ကိုယ်
ချင်းစာတဲ့ သဘောပေါ့ ။
သောက်သုံးရေတွေလည်း
ရပြီ။စားစရာတွေလည်း အလျှံအပယ်ပေါ်များ နေပြီ။ ပျော်ပါးဖို့ လည်း
နတ်မိ မယ်လေးတွေ ရှိနေပြီဆိုပေမယ့် ရောင့်ရဲတင်းတိမ်လိမ့် မယ်မထင်နဲ့ဦး။
လက်ကျန် တစ်ကိုင်းကိုခုတ်ကြည့် ချင်သေးတယ်တဲ့။ နတ်မိမယ်လေးတွေထက်
အဖိုးတန်တာတွေများ ထွက်ကျလာမလားပေါ့။သူတို့တွေးတာ မှန်ပါတယ်။
မြောက်ဘက်ကိုင်းကိုလည်း ခုတ်လိုက်ရော ရွှေ၊ ငွေ၊ကျောက်သံပတ္တမြားတွေ
ထွက်ကျလာ တာတွေ့ရ တယ်။ အလုအယက်ကောက်ယူကြ ကြုံးထည့်ကြနဲ့လုပ်လိုက်တာ
တစ်ယောက်ကို လှည်းတစ်စီး တိုက်စီ ရရှိကြတယ်တဲ့။
လောဘဆိုတာမျိုးဟာ
သတိ ပညာနဲ့သာမထိမ်းကွပ်ရင် ကြီးထွားလို့သာ လာတယ်။ သေးငယ်ပြီး မသွား ဘူး။
ရှေ့ကို သာတိုးပြီးလာတယ်။ နောက်ကိုဆုတ်မသွားဘူး မဟုတ်လား။ ရလေလိုလေ
အိုတစ္ဆေ ဆိုတယ် မဟုတ်လား။ကုန်သည် ငါးရာဟာ ဆွေခုနစ်ဆက်၊မျိုးခုနစ်ဆက်
သုံးစွဲတာတောင် မကုန်နိုင်မခန်းနိုင်တဲ့ ရတနာခုနစ်ပါး
လှည်းတစ်စီးတိုက်ရတာတောင် အားမရ နိုင်ဘဲညောင်ပင်ကြီးကို အမြစ်ကနေ တူးဖြို
ကြည့်ဖို့ ကြံစည်ကြတော့တယ်။
ဒီလို
မကြံစည်ကောင်းတာကိုကြံစည်လာတော့ ဘုရားလောင်းက မနေနိုင်တော့ဘူး။
ဆုံးမသြ၀ါဒပေး ပြီး ပြင်းပြင်းထန်ထန် ၀င်ရောက်တားမြစ်တော့တယ်။ မိဘက
သားသမီးကို အမြင်မတော်တာ တွေ့မြင်ရလို့ စိတ်ဆိုးမာန်ဆိုးနဲ့
ဆူပူကြိမ်းမောင်း သလိုမျိုး အပြစ်ပြပြီး ဆုံးမတားမြစ်တာပါ။
ဘုရားလောင်းရဲ့
ဆုံးမစကားတွေကမှတ်သားစရာကောင်းတယ်။ ’’ကုန်သည်အပေါင်း တို့ အရှေ့ကိုင်း က
ရေကိုပေးတယ် ။တောင်ကိုင်းကထမင်းအဖျော် စားစရာတွေကို ပေးလှူတယ်။အနောက်ကိုင်း က မိန်းမပျိုတွေကိုပေးလှူတယ်။ မြောက်ဘက်ကိုင်းက ကာမဂုဏ်အလုံးစုံအတွက် ရတနာခုနစ်ပါး ကို ပေးလှူတယ်”။
’’ကုန်သည်အပေါင်းတို့ စိတ်ကောင်းရှိကြပါ။ ညောင်ပင်ကြီးက သင်တို့ကို ဘာများပြစ်မှားမိလို့လဲ”။
’’အကြင်သစ်ပင်ရဲ့
အရိပ်မှာလည်း နေထိုင်တယ်။ အိပ်လည်း အိပ်စက်တယ်ဆိုရင်အဲဒီသစ်ပင်ရဲ့
သစ်ခက်ကို မချိုးရဘူး။ ဘာကြောင့်လဲဆိုတော့
ကျေးဇူးရှင်ကိုပြစ်မှားရာရောက် လို့ပဲ။ ကျေးဇူးရှင် ကို ပြစ်မှားခြင်း
ဖျက်ဆီးခြင်းဟာလူယုတ်မာတို့ရဲ့ လုပ်ရပ်ပဲ”။
အရိပ်နေနေ အခက်ချိုးချိုးဆိုတဲ့ စကားပုံဟာ ဒီဇာတ်တော်ထဲမှ လာတာ။ ဘုရား လောင်းရဲ့ဆုံးမ စကားဖြစ်နေ တာ တွေ့ရတယ်နော်။
ဒီလိုဘုရားလောင်းက
အပြစ်ပြတားမြစ်နေပေမယ့် ကုန်သည်တွေရဲ့ လောဘက အတော မသတ်နိုင်ဘဲဖြစ်နေတော့
တားလို့မရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ကုန်သည်တွေဟာ
ညောင်မြစ် တူးဖို့ဓားတို့၊ တူးရွင်းတို့၊ ပုဆိန်တို့၊ ပေါက်ပြားတို့
ယူဆောင်လာကြပြီးကျေးဇူးရှင်ညောင်ပင်ကြီးကို အသေသတ်ဖို့ အားထုတ် ပါတော့တယ်။
အဲဒီညောင်ပင်ကြီးဟာ
နဂါးမင်းစောင့်တဲ့ ညောင်ပင်ကြီးပါ။ နဂါးမင်းက
ကုန်သည်တွေကိုအမျက်ထွက် သွားပြီး ဘုရားလောင်းကိုချန်ထားပြီး
ကျန်ကုန်သည်တွေကို တစ်ယောက်မျှအလွတ်မပေးပဲ သတ်ပစ်ဖို့ နဂါးတွေကို
အမိန့်ပေးလိုက်ပါတော့တယ်။ လက်နက်ခဲယမ်းကျောက်မီးတွေ ကိုင်စွဲထားတဲ့
စစ်သည်တော်တွေအသွင်နဲ့ ထွက်လာတဲ့နဂါးတွေဟာခြောက်ထောင် ကျော်ရှိပါတယ်။
နဂါးမင်းအမိန့် အတိုင်း ကုန်သည်တွေကို သတ်လိုက်တာ တစ်ယောက်မျှ မလွတ်ဘဲ
အကုန်ပြာဖြစ်သွား ပါတော့တယ်။ ရတနာအပြည့်နဲ့
လှည်းငါးရာကိုဘုရားလောင်းအတွက်ထားပြီး ဘုရားအလောင်းအား ဗာရာဏသီပြည် ကို
ပြန်ပို့ပေးလိုက်ပါတော့တယ်။ (မဟာဝါဏိဇဇာတ်။ဇာ၊ဋ္ဌ၊၃၅၉)
ဘုန်းဘုန်းတို့ရဲ့
မြတ်စွာဘုရားသာသနာတော်ဟာလည်း ဒီဇာတ်တော်ထဲက ဣစ္ဆာသယညောင်ပင်ကြီး လို ပါပဲ။
လိုတရစည်းစိမ်ဥစ္စာတွေကို ရက်ရက်ရောရော ပေးနေပါတယ်။ သာသနာ့အရိပ်ကို
ခိုလုံလာသူ အားလုံး ကို အေးမြတဲ့အရိပ်တွေကို ပေးတယ်။ ဆွမ်းလိုရင်ဆွမ်းပေးတယ်။
သင်္ကန်းလိုရင် သင်္ကန်းပေးတယ်။ ကျောင်း လိုရင် ကျောင်းပေးတယ်။
ဆေးလိုရင်ဆေးပေးတယ်။ စာပေပရိယတ်အကျင့်ပဋိပတ် ကိုယ်စွမ်းရာ နဲ့ သာ
ဘ၀ရပ်တည်မှုတွေ လုပ်ကြပါ။သာသနာ တော်ကြီးက အငတ်မထားပါဘူး။
အမြဲထောက်ပံ့နေမှာပါ။
သာသနာပြုဆောင်ရွက်ချက်တွေ
မြင့်မားလေ သာသနာတော်ကြီးက ချီးမြှင့်လေပါပဲ။ ဒီလိုမှမဟုတ် ဘဲ
ကျောင်းလေးထိုင်၊ ပုတီးလေးစိပ်၊ တီဗွီလေးကြည့်ပြီး အေးအေးလူလူ
နေလိုကနေနိုင်ပါ တယ်။ ဒါမှမဟုတ် လူတွေလို ကာမဘောဂီအဖြစ်နဲ့
ခမ်းနားထည်ဝါတဲ့တိုက်ကြီးတွေပေါ်မှာ ဇိမ်ခံပစ္စည်းမျိုးစုံ၊
အကောင်းဆုံးပရိဘောဂအသုံးအဆောင်မျိုးစုံ၊ တီဗွီ၊ ဗွီဒီယို၊ ဂြိုလ်တုစလောင်း
တယ်လီဖုန်း၊ ဟန်းဖုန်း၊အင်တာနက်စတဲ့ အိုင်တီပစ္စည်းမျိုးစုံတွေနဲ့ ၂၄-နာရီ
ဇိမ်ခံပြီး ငြိမ့်နေလိုကနေနိုင်ခွင့်ရှိပါတယ်။ အပြစ်မကြောက်
ငရဲမကြောက်ဘူးဆိုရင်လည်း မဟာယာနတွေလိုရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး
ကာမဂုဏ်ပျော်ပါးလိုက ပျော်ပါးနိုင်ပါတယ်။သာသနာတော်ကြီးက ညောင်ပင်ကြီး
လိုပါပဲ။ သိပ်သဘောကောင်းတယ်။ သိပ်သဘောထားကြီးတယ်။လုံးဝကို မငြိုငြင်တာပါ။
အချို့က
ဒီလိုနေထိုင်ရုံ ဒီလောက်သုံးစွဲရုံတင် မဟုတ်ဘဲ၊
သာသနာတော်ရဲ့ရေသောက်မြစ်တွေကို တူးဖြိုဖို့လုပ်လာတာတွေ တွေ့ရပါတယ်။
မိုက်မဲတဲ့ကုန်သည်တွေ ကျေးဇူးမသိတတ်တဲ့ကုန်သည်တွေလိုပဲ။ သာသနာတော်ကြီးကို
လုပ်ကြံသတ်ဖြတ်၊ နှိပ်စက်ဖျက်ဆီးဖို့အထိကြံစည်လာ တာကို တွေ့လာရပါတယ်။
ညောင်ပင်စောင့်နဂါးဟာ
ညောင်ပင်ကို လုပ်ကြံဖို့ အားထုတ်လာတဲ့
ကုန်သည်မိုက်တွေကိုအပြတ်ရှင်း လိုက်သလိုပါပဲ။ သာသနာတော်စောင့်ဓားနဲ့
သာသနာတော်ကို လုပ်ကြံဖို့အားထုတ်လာ တဲ့ ရဟန်းမိုက် ရဟန်းညစ်တွေကို
အပြတ်ရှင်းပစ်ရမှာဖြစ်ပါတယ်။
အဲဒီရဟန်းဆိုး
ရဟန်းညစ်တွေကတော့ ဘုရားဟောပိဋကတ်တော်နဲ့ ဆန့်ကျင်တဲ့ အယူဝါဒ
တွေ ကိုဟောပြော ပို့ချနေတဲ့ အဓမ္မ၀ါဒီတွေပါ။ သူတို့ဟာ သူတို့ဟောတရားကို
ဘုရားဟောတရားလုပ်လိုလုပ်။ ဘုရားဟောတရားကိုလည်း ဘုရားဟောမဟုတ်သလို
လုပ်လိုလုပ်နဲ့ လောကကြီးကို ကမောက်ကမ ဖြစ်အောင် လုပ်နေတဲ့သူတွေပါ။
မဟာစောရ
ဘုရားအရေခြုံပြီး ဘုရားကို ပုန်ကန်နေတဲ့ သူပုန်ကြီး၊
ဘုရားအရိပ်ခိုပြီးပစ္စည်း လေးပါးကို ခိုးစားနေတဲ့ ခိုးသားအစစ်ကြီးတွေ၊
အဓမ္မတွေပို့ချပြီးသာသနာတော်ကို ဓားပြတိုက်စား နေတဲ့ ဓားပြအကြီး စားတွေ
ဖြစ်ပါတယ်။
အရိပ်နေ အခက်ချိုးရုံတင်မကဘဲ အမြစ်တူးပြီး
အပင်ကိုသတ်ဖို့ ကြံစည်နေတဲ့သာသနာဖျက် အကြီး စားတွေ ဖြစ်ပါတယ်။ သူတို့ကို
လွှတ်ထားလို့ မရပါဘူး။သူတို့လုပ်သမျှကို လက်ပိုက်ကြည့်နေ ဖို့မသင့်ပါဘူး ။
ညောင်ပင်စောင့်နဂါးလိုပါပဲ။ သာသနာစောင့်ဓားနဲ့ အပြတ်ရှင်းပစ်ရမယ်။ ဒါမှ
သာသနာတော်ကြီး ဘေးရန် ကင်းမှာပါ။အသက်ရှည်မှာပါ။ ကျန်းမာမှာပါ။
ဒကာလပြည့်ဇင်ရေ.. နောက်ထပ်သုတ္တန်တစ်ပုဒ်ပြောချင်သေးတယ်။ အဲ့ဒါက စာတုမ သုတ္တန်ပါ။
မြတ်စွာဘုရား
စာတုမရွာ ရှစ်ရှားတောမှာ
သီတင်းသုံးစမ္ပါယ်တော်မူနေတုန်းကပေါ့။ရှင်သာရိပုတ္တရာနဲ့
ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးနှစ်ပါးဟာ
နောက်ပါရဟန်းပရိသတ်ငါးရာစီနဲ့ဘုရားဖူးကြွလာခဲ့ကြတယ်။
နောက်ပါရဟန်းတစ်ထောင်ရဲ့ နေရာဦးသံ-အချင်းချင်းနှုတ်ဆက်စကားပြောသံနဲ့
အခြားနေရာခင်းခြင်း၊ အိပ်ယာခင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့
အသံတွေဟာရှစ်ရှား တောကြီး တစ်ခုလုံးကို ပဲ့တင်ထပ်အောင်
ဆူညံဟိန်းထွက်လာစေခဲ့တော့တယ် ။မြတ်စွာဘုရားက ဒီအသံတွေဟာ ငါးစိမ်သည်
တံငါသည်တွေရဲ့ အသံတွေလိုပဲရဟန်းသံဃာတွေပြုမူရမယ့် အမူအရာ မဟုတ်ဘူး။
မြတ်စွာဘုရားသာသနာတော်နဲ့လုံဝမအပ်စပ်ဘူး။ ဒါကြောင့် နှင်ထုတ်ပစ်လိုက်တော့
တယ်။
ရဟန်းတော်တစ်ထောင်ပြန်ကြွလာတာကို
တွေ့လိုက်ရတဲ့ စာတုမရွာသားဟာ ဖြစ်ရပ်အကုန် အစင်ကို လည်း သိဖြစ်သွားရော
မြတ်စွာဘုရားထံမှောက် အရောက်သွားပြီး ပြန်လက်ခံဖို့လျှောက် ထားကြတယ်။
စာတုမရွာသားတွေ အလျှောက်ကောင်းတယ်လို့ ပြောရမယ်။ မြတ်စွာဘုရားလက်ခံလာအောင်
ဥပမာတွေနဲ့ ခိုင်းနှိုင်းလျှောက်ထားနိုင်ခဲ့လို့ပါ။အခုကြွလာတဲ့ သံဃာတွေဟာ ပြုသစ်စရဟန်းငယ်လေးတွေ ဖြစ် ပါတယ်။
နုနယ်တဲ့ ကောက်စပါးပင်လေးတွေဟာ ရေကိုမရခဲ့ဘူးဆိုရင် ဖောက်ပြန်ပျက်စီးသွားနိုင်သလိုမျိုး၊နို့စို့နွားငယ် လေးဟာမိခင်နွားမကြီးကိုမမြင်ရရင် ဖောက်ပြန်ပျက်စီးပြီး အသက်သေသွားနိုင်သလိုမျိုးပါပဲ။ ဒီရဟန်းပျို ရဟန်းငယ်လေးတွေ ဟာလည်းမြတ်စွာဘုရားကို ဖူးမြော်ခွင့်မရရင် ဖောက်ပြန်ပျက်စီး သွားနိုင် ပါတယ်။ စိတ်ပျက်အားငယ်ပြီးလူဝတ်လဲသွားနိုင် ပါတယ်။ ဒါကြောင့် အရင်တုန်းကလိုပဲ ရဟန်း သံဃာတွေ ကို ပြန်လည်ချီးမြောက်တော်မူပါဘုရားတဲ့။
စာတုမရွာသားတွေလိုပဲသဟမ္ပတိဗြဟ္မာကြီးကလည်း နို့စို့နွားငယ်ပမာ နုနယ်တဲ့ ကောက် စပါးပင်ပေါက် ဥပမာ နဲ့မြတ်စွာဘုရားအား လျှောက်ထားတောင်းပန်ပြန်ပါတယ်။ ဒီလိုနဲ့ မြတ်စွာ ဘုရားကပြန်လက်ခံလိုက် တယ်ဆိုပါတော့။ အဲဒီလို လက်ခံပြီးဖူးမြှော်ခွင့်ပေးချိန်မှာပဲ သာသနာတော်မှာ မြတ်စွာဘုရားပြီးရင် ပညာအထက်ဆုံး၊ တန်ခိုးအထက်ဆုံးဖြစ်တဲ့ လက်ရုန်းတော်ကြီး နှစ်ပါးကို မြတ်စွာဘုရားက ပွင့်ပွင့် လင်းလင်း ပဲ မေးတော်မူပါတယ်။ သံဃာ့ပရိသတ်ရှေ့မှာ ပဲ မေးတော်မူပါတယ်။’’ချစ်သား သာရိပုတ္တရာ ငါဘုရားက သံဃာတွေကို နှင်ထုတ်လိုက်တဲ့ အချိန်တုန်းက ချစ်သားရဲ့ စိတ်ထဲမှာဘယ်လိုအကြံအစည် များ ဖြစ်ပေါ်လာခဲ့သလဲ “ ။
’’ မြတ်စွာဘုရားကတော့ရဟန်းသံဃာတွေကို နှင်ထုတ်လိုက်ပြီး ဖလသမာပတ်ချမ်းသာနဲ့ပဲပရိသတ် ကိုကြောင့်ကျမနေတော့ဘဲ နားအေးပါးအေးနေတော့မယ့် သဘောပဲ။ ငါတို့လည်းမြတ်စွာဘုရားလိုပဲ ကိုယ့်တရားနဲ့ကိုယ် အေးအေးလူလူပဲ နေတော့မယ်လို့ အကြံဖြစ်မိပါတယ်ဘုရား” ။
အဲဒီလို ရှင်သာရိပုတ္တရာကလျှောက်ထားတော့ မြတ်စွာဘုရားက ’’ချစ်သား သာရိပုတ္တရာ ဆိုင်းငံ့လင့်ပါဦး ၊ ချစ်သားသာရိပုတ္တရာ ဆိုင်းငံ့လင့်ပါဦး “လို့ နှစ်ကြိမ်တိတိ သတိပေး တော်မူပါတယ်။
ဆက်လက်ပြီးရှင်မဟာမောဂ္ဂလာန်ကို မေးတော်မူတဲ့အခါ ရှင်မောဂ္ဂလာန်က အခုလို ပြန်လည်လျှောက်ထားပါတယ်။
’’ မြတ်စွာဘုရားကတော့ရဟန်းသံဃာတွေကို နှင်ထုတ်လိုက်ပြီး ကိုယ်တော်မြတ်တစ်ပါး တည်း ဖလသမာ ပတ်ချမ်းသာနဲ့အေးအေးလူလူပဲ နေတော်မူတော့မယ်နဲ့ တူတယ်။ ဒီကရှေ့လျှောက် တပည့်တော်နဲ့ ရှင်သာရိပုတ္တရာတို့ပဲ ရဟန်းသံဃာကို ဦးဆောင်ရှေ့ရွက် ပြုကြရတော့မယ်လို့ အကြံဖြစ်မိပါတယ်ဘုရား။
ဒီအခါ မြတ်စွာဘုရားက၀မ်းမြောက်ဝမ်းသာ ပြန်မိန့်တော်မူပါတယ်။ ……
’’ချစ်သား မောဂ္ဂလာန် သာဓုသာဓု ၊ ငါဘုရားလည်း ရဟန်းသံဃာကို ဦးဆောင်ဦးမယ်။ ရှင်သာရိပုတ္တရာလည်းပဲဦးဆောင်ပါဦး။ အသင်ချစ်သား မောဂ္ဂလာန်လည်း ရဟန်းသံဃာကို ဦးဆောင်ရမယ်”။

ဒီနေရာမှာဘုန်းဘုန်းပြောလိုတာကသာသနာရေးရာကိစ္စများကို ပြစ်ပယ်ပြီးတစ်ပါးတည်း
အေးအေးဆေးဆေးကြောင့် ကျမဲ့အပူပင်မဲ့စွာ ကိုယ့်တရားနဲ့ကိုယ်ပဲ
နေပါတော့မယ်ဆိုတဲ့ ရှင်သာရိပုတ္တရာ ကို မြတ်စွာဘုရားက သာဓုခေါ်တော်မမူပါဘူး။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်