Wednesday, 24 April 2013
မာန်အောင် NLD ကံစမ်းမဲများ ရောင်း၍ ပါတီ ရန်ပုံငွေ ရှာဖွေမူ အောက်ခြေ ပါတီဝင်များ ကန့်ကွက်
Wednesday, April 24, 2013
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တချို့မှ ကံစမ်းမဲ များ ရောင်းချ၍ ပါတီ ရန်ပုံငွေ ရှာဖွေမူကို အောက်ခြေ ပါတီဝင်များက ကန့်ကွက် ဆန့်ကျင်နေကြသည်ဟု ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုသန်းနိုင်က ပြောသည်။
ကျွန်တော်တို့က ဒီကံစမ်းမဲ ရောင်းချတာဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေနဲ့ မကိုက်ညီဘူး။ ကျွန်တော်တို့ကရိုးရိုး သားသား နဲ့ဘဲ ရံပုံငွေ ရှာစေလိုတယ်။ ဒါကြောင့် ခုလို ကန့်ကွက် ရတာပါ” ဟု ဆိုသည်။
ကံစမ်းမဲဖေါက်ပြီး ရံပုံငွေ ရှာဖွေကြောင်းကို ကန့်ကွက်ကြောင်း ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် ဥက္ကဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဦးညီပုထံသို့ စာရေး တိုင်ကြားခဲ့သည်။ ထူးခြားမူ မရှိသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်အား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထပ်မံ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။
ကံစမ်းမဲ တစ်စောင်ကို တစ်ထောင်(၁၀၀၀) ကျပ်နှုန်းဖြင့် စောင်ရေ သုံးထောင်(၃၀၀၀) ကျပ်ငွေ သိန်း ( ၃၀) ရရှိအောင် ရောင်းချနေကြောင်း သူက ဆိုသည်။
၂၀၁၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ တွင် နောက်ဆုံးထား ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့ တွင် ကံစမ်းမဲ ဖွင့်ပွဲကို မာန်အောင်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မြို့ နယ်ရုံးတွင် ကျင်းပ မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု ကိုသန်းနိုင်က ပြောသည်။
“ ကျွန်တော်တို့က နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ တရားမ၀င် ကံစမ်းမဲ ရောင်းချပြီး ရံပုံငွေ ရှာဖွေခွင့် မရှိဘူး။ ကျွန်တော်တို့ ပါတီ တစ်ရပ်ဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီသာ လုပ်ဆောင်သင့်ပါ တယ်။ ကျွန်တော်တို့က ပါတီ လမ်းကြောင်းမှန် တစ်ခုကို ရောက်စေလိုတဲ့ ဆန္ဒနဲ့ ခုလို ဆန့်ကျင်ရတာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ မနက်ဖြန်တွင် ကံစမ်းမဲ ဖွင့်ပွဲကို ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
narinjara
အမျိုးအစာ
NLD
Subscribe to:
Post Comments (Atom)
စောက် ရှက် ပါကွာ
ReplyDeleteရပ်ကွက်ဘုရားပွဲတွေမှာတောင် ဘာမဆိုင် ညာမဆိုင်
ရန်ပုံငွေ ဆိုပြီး လမ်းဘေးမှာချ ရောင်း နေတာ အမြဲပဲ ။
ဗိုလ်ချုပ်ပုံတွေကို ဒီလိုလမ်းဘေးမှာချပြီး ရောင်းချလုပ်စား နေတာ ဒေါ်စုက စည်းကမ်းထုတ်ပြီး မထိန်းဘူးလား။
Deleteစောက် ရှက်ပါကွာ ။ ကမ္ဘာပတ်ပြီး ကမ္ဘာနဲ့ ချီ လျှောက်ပြောနေပြီး ဒီလိုကိုယ့်ပါတီထဲက အ ပေါစား ကိစ္စတွေ တောင် မထိန်းနိုင် ပါလား
တိုင်းပြည်အကျိုးအတွက် နိုင် ငံရေးလုပ်ချင် လို့ Nld ထဲဝင် တဲ့လူက 1 ရာခိုင် နှုံး
ReplyDeleteအလုပ်အကိုင် မရှိ အ ချောင် ဂွင် ရှာချင် လို့ ဝင် တဲ့ အောက်တန်းစားတွေက 99 ရာခိုင် နှုံး
ထွီ
မြ အေး, ခွေးကိုနိုင် တို့ ခွေးအုပ်စု လုပ်စားပြီး ဂွင် မိ နေတာကို အားကျပြီး နိုင် ငံရေး ထလုပ်တဲ့ လူတွေလဲ အများကြီး။
ReplyDeleteအဲဒီ နိုင် ငံရေး ထလုပ်တဲ့ခွေးတွေထဲမှာ အလုပ်အကိုင် ခိုင် ခိုင် မာမာ ရှိတဲ့ကောင် ,ပညာတတ်လူတန်းစားတွေ ဘယ်နှယောက်ပါလဲ ။ လုံးဝ မပါသ လောက်ပဲ
ကြည့်လိုက် ရင် ဆိုက်ကားသမားလောက်မှ ကိုယ့်အားကိုယ်ကိုး လုပ်စားချင် စိတ်မရှိတဲ့ အ လေ အလွင့် ကောင် တွေနဲ့
ReplyDeleteလမ်းဘေးဈေးသည် လောက်မှ အဆင့်မရှိတဲ့ စုစုနွေး လို အောက်တန်းစားမ တွေချည်းပဲ
သူတို့မှာ အရည်အချင်းကောင်း တခုတော့ရှိတယ် ။
Deleteဘေးထိုင် ဘုပြောပြီး ဟုတ်ဟုတ်မဟုတ်ဟုတ် ခွေးထက် အ ဟောင် သန်တဲ့ အရည်အချင်း ပဲ
မျက်ခွက်ပြောင် တယ်
Deleteအ ဟောင် သန်တယ်
လိမ်ညာ တောင်းစားတာ တော်တယ်
NLD စင်စစ် ဖြစ်က ဈေးရောင်းပွဲတော် လုပ်မည် ကံစမ်းမဲဖောက်မည် သူတစ်ပါးထံမှထောက်ပံ့ကြေး တောင်းခံမည်
ReplyDeleteမိမိမှလွဲပြီး ကျန်သောသူများ ဘာမှသောက်သုံးမကျ သုံးစားမရသူများ ဖြစ်ကြောင်း နိုင်ငံတစ်ကာလှည့် အတင်းတုတ်
မည် အစိုးရ ဘာလုပ်လုပ် မကောင်းပြောမည် သူတို့ဘာလုပ်လုပ် ကောင်းကြောင်း ထောက်ခံမည် အဲဒါ NLD