Thursday, 4 April 2013
စောင့်ထိန်းအပ်ပေ တို့ဘိုးဘွားအမွေ
* တစ်မြေတည်းနေ သွေးချင်းဆွေသို့
တို့တွေစိုက်ထား လယ်ယာများသည်
ဘိုးဘွားပိုင်မြေ စဉ်ဆက်ပေမို့
အမွေဆက်ယူ ခံထိုက်သူများ
ညီတူစိတ်ထား ပေါင်းစည်းအားဖြင့်
မြင့်မားမျိုးဂုဏ် စောင့်ထိန်းကုန်အံ့။
* တစ်ရေတည်းနေ သွေးချင်းဆွေသို့
တို့တွေပိုင်ထား ရေ သားငါးသည်
ဘိုးဘွားပိုင်ရေ စဉ်ဆက်ပေမို့
အမွေဆက်ယူ ခံထိုက်သူများ
ညီတူစိတ်ထား ပေါင်းစည်းအားဖြင့်
မြင့်မားမျိုးဂုဏ် စောင့်ထိန်းကုန်အံ့။
* တစ်ပြည်တည်းနေ သွေးချင်းဆွေသို့
တို့တွေတောတောင် စိမ်းစိုအောင်ပ
ကြံဆောင်ခဲ့ပေ ဘိုးဘွားတွေပင်
အမွေဆက်ယူ ခံထိုက်သူများ
ညီတူစိတ်ထား ပေါင်းစည်းအားဖြင့်
မြင့်မားမျိုးဂုဏ် စောင့်ထိန်းကုန်အံ့။
* တစ်ပြည်တည်းနေ တိုင်းရင်းဆွေတို့
တစ်လှေတည်းစီး သည် ခရီးကို
မညည်းမညူ တို့ပြည်သူတွေ
ညီတူစိတ်ထား ပေါင်းစည်းအားဖြင့်
မြင့်မားမျိုးဂုဏ် စောင့်ထိန်းကုန်အံ့။ ။
နိုင်အေးလူ(ပြည်ရွှေဘို)
မြဝတီ
အမျိုးအစာ
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်