* အမိမြန်မာပြည် ရောက်ခဲ့ကြပြီဆိုလျှင်
အိုးစည်ဗုံမောင်း သောင်းသောင်းညံလို့ပင်
မြေပြန့်တောင်စဉ် တူယှဉ်လက်ကမ်း
ငြိမ်းချမ်းရေးတေးသံအောင်ပွဲခံ
နဘံမိုးသို့လွှမ်းသည်နှင့်လေး။
* မြေပြန့်တောင်တန်း အင်းအိုင်စမ်းတစ်ခွင်
တူယှဉ်လျှောက်လှမ်း ချင်းရှမ်းတို့ပါဝင်
ဗမာ
ကချင် ကရင် မွန် ရခိုင် ကယား
တိုင်းရင်းသားစုံစွာ စည်းလုံးကာ
ဝဲယာရန်ပျက်ပြားသည်နှင့်လေး။
* မြေပုံအကြား မျဉ်းသားထားသည့်ပမာ
မုသားသစ္စာ ပြည်ရွာမဟုတ်ခဲ့လေပါ
သွေးဖြင့်ရင်းကာ ညီညာရိုင်းပင်း
နယ်ချဲ့အန္တရာယ် အသွယ်သွယ်
ကာကွယ်တိုက်ထုတ်ရှင်းသည်နှင့်လေး။
* အသက်ကိုနှင်း စွန့်လွှတ်ခြင်းဖြင့်သာ
သမိုင်းမျက်နှာစာ စွဲကာတင်ရမှာ
နိုင်ငံ့ဝန်တာ ထမ်းကာမနှေး
လူမှုစီးပွားစုံစွာ ပြည်မြန်မာ
သာယာဒီမိုကရေစီရေးဆီသို့လေး။
အရှည်တွေးမမေ့အစဉ်
နောင်လည်းဦးညွှတ်ကြရမည်။
အတည်မနှေးရှေ့တွင် အောင်ပွဲခူးဆွတ်ကြရမည်။ ။
အောင်ဇော်မြင့်(ဒေးဒရဲ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်