Pages

Thursday 7 February 2013

သီဟသူရဒု-ဗိုလ် ဆာသွန်

၁၉၅၀ ခုနှစ်
ကြည်း ၅၄၅၅ ဒု-ဗိုလ် ဆာသွန် (ကျဆုံး)၊ အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်း

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း
ဒု-ဗိုလ်ဆာသွန်သည် ၁၉၄၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့က အင်းစိန်စစ်မျက်နှာတွင် အင်္ဂလိပ် သင်းချိုင်း အပါအ၀င်ဖြစ်သော ရည်မှန်းချက်များကို သိမ်းပိုက်ရန် တိုက်ခိုက်ရာ၌ သူမတူသော ရဲစွမ်းသတ္တိဖြင့် အသက်ကိုပမာ မထားဘဲ တိုက်ခိုက်ခဲ့သူဖြစ်သည်။

၁၀-၄-၄၉ ရက်နေ့က အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲတစ်ခွဲသည် အကျဆုံး များစွာဖြင့် ပထမဆုံး ရည်မှန်းချက်ကို သိမ်းပိုက်ခဲ့ကြသည်။ ထို့နောက် ကျန်ရည်မှန်းချက် ကိုများကို ဆက်လက်သိမ်းပိုက်ရန် ချီတက်ခဲ့ရာ ကေအင်ဒီအိုများ၏ ပစ်ခတ်မှုကြောင့် မလှုပ် သာသည့် အနေသို့ ကျရောက်နေခဲ့ရသည်။ ရန်သူများမှာ ၃ ရက် တိုင်တိုင် အပစ်အခတ် ရပ်စဲနေ သည်ကို အခွင့်ကောင်းယူကာ ပုံသေခံစစ်ဆင်နွှဲရန် ဘန်ကာများဆောက်လုပ်ခြင်း၊ ကတုတ်ကျင်းများတူးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာမှာ ကျဉ်းမြောင်းသော်လည်း ရန်သူ မှ တပ်ခွဲတစ်ခွဲချထားသည်။

ချင်းတပ်ခွဲအနေနှင့် ခေါင်းမဖေါ်ရဲအောင်ဖြစ်နေသောနေရာမှာ ရန်သူများနှင့် ၁၅ ကိုက်မျှသာ ကွာဝေးသည်။ နှစ်ဖက်စလုံးမှ လက်ပစ်ဗုံးများကို အသုံးပြုကြသော်လည်း ရန်သူများက အပေါ် စီးနေရာရထားသည့်အတိုင်း တပန်းသာ လျှက်ရှိသည်။ ၃ နာရီမျှကြာခဲ့ပြီးနောက် ဒု-ဗိုလ် ဆာသွန် သည် စတင်းဂန်းဖြင့် ရန်သူ၏ဘန်ကာကို တဟုန်တိုး ပြေးတက် ကာပစ်ခတ်တော့ သည်။ ဒဏ်ရာအပြင်းအထန်ရရှိလျက်နှင့်ပင် ပါးစပ်မှမျိုးစုံအောင် ရေရွတ်ပြောဆိုရင်း ဆက် လက် ပစ်ခတ်ခဲ့သည်။
  
ဤအဖြစ်ကိုမြင်တွေ့ရသော ရဲဘော်များမှာ ဒု-ဗိုလ်ဆာသွန်နောက်သို့ ထပ်ကြပ်လိုက်ကြ သည်။ ရဲဘော် အများစု မှာ ခေါင်းထောင်လိုက်သည်နှင့် တပြိုင်နက် ရန်သူ့ ကျည်ဆံဖြင့် ကျဆုံးသွားကြရသည်။ အသက်မသေ ကျန်ရှိနေကြသော ရဲဘော်များအနေနှင့် တစ်ကြိမ်မက ဒဏ်ရာများ ရရှိပြီးဖြစ်ကြသည့်တိုင် ဆက်လက် တိုက်ခိုက် နေကြဆဲဖြစ်သည်။

ရဲဘော်များက နောက်သို့ဆုတ်ခွာရန် အထက်မှအမိန့်ပေးလိုက်စေကာမူ မိမိတို့၏တပ်စုမှူး ဒု-ဗိုလ်ဆာသွန် နှင့်အတူ အသေခံကြမည်ဟု မဆုတ်ပဲနေလိုက်ကြသည်။ နောက်ဆုံး၌ အားလုံး ကျဆုံးကုန်ကြသည်။ ဒု-ဗိုလ်ဆာသွန်နှင့် နောက်ပါ ရဲဘော် ၂၄ ယောက် အနက် ၁၅ ယောက် မှာ နေရာတွင်ပင် ကျဆုံးသွားကြသည်။ ကျန်ရဲဘော်များမှာလည်း ဒဏ်ရာနှင့်ကင်းလွတ်သူ ဟူ၍ တစ်ယောက်မျှပင်မရှိချေ။ သို့ပါလျက်နှင့် ဒု-ဗိုလ်ဆာသွန်သည် သိမ်းပိုက်ရမိ ထားပြီးသော နေရာကို မလွတ်တမ်းသိမ်းပိုက်ထားခဲ့သည်။ ဤသို့သိမ်းပိုက်မိပြီးနောက်တွင် အခြားရည်မှန်းချက်များကို အခြား တပ်စု တစ်စုက ၀င်ရောက်သိမ်းပိုက်ခဲ့သည်။

ထိုနေ့ ညနေပိုင်းသို့ကျရောက်မှသာ ဒဏ်ရာရသူများကို သယ်ယူရွှေ့ပြောင်းနိုင်ခဲ့ သည် ။ နောက်နေ့ဖြစ်သော ၁၉၄၉ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် ရရှိသော သေနတ် ဒဏ်ရာဖြင့် ပင် ဒု-ဗိုလ်ဆာသွန်မှာ ကျဆုံးခဲ့ရသည်။ ၁၉၅၀ ခုနှစ်တွင် ဒု-ဗိုလ်ဆာသွန်အား နိုင်ငံတော် သမ္မတက “သီဟသူရ” ဘွဲ့ကို ချီးမြှင့်အပ်နှင်းလိုက်သည်။

(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၃) ရက်နေ့ စာ-၅ မှ)

1 comment:

  1. ကျေးဇူးပါ- ကျွန်တော် စစ်ရေးနှင့်ပက်သက်တဲ့ ချင်းသမိုင်းဆိုင်ရာ သုတေသီလုပ်နေသူတစ်ဦးပါ။ အယ်ဒီတာကို ဘယ်လိုဆက်သွယ်ရမလဲ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်