ရေ ၂၀၀၄ ဗိုလ်ထွန်းတင်၊ ဗမာ့အရံရေတပ်မတော်
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း
(၂၆-၄-၄၉ နေ့တွင်ဖြစ်ပွားသော တွံတေးဝ တိုက်ပွဲ မှ စစ်ရေယဉ်ရွှေပုဇွန် ၏ ဦးစီးမှုး) (ယခု-ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) ကွယ်လွန်)
၁၉၄၉
ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် ဗမာ့တပ်မတော် (ရေ) မှ ဗိုလ်ထွန်းတင်သည်
ရွှေပုဇွန် အမည်ရှိ စစ်ရေယဉ်ကို အစောင့်သင်္ဘောများနှင့်တကွ အုပ်ချုပ်လျက်
တိုက်ကင်းထွက်ခဲ့သည်။ တွံတေးဝ အနီးသို့ ရောက်သော အခါတွင် မြစ်ကမ်းနှစ်ဘက်မှ
ကေအင်ဒီအိုသောင်းကျန်း သူများက လက်နက်မျိုးစုံဖြင့် အပြင်းအထန်
တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
သောင်းကျန်းသူများဖက်မှ
ဒလစပ်ပစ်ခတ်နေချိန်တွင် သတ္တိရှိစွာဖြင့် ပြန်လှန်တိုက် ခိုက်နေ သော
ဗိုလ်ထွန်းတင် မှာ ရန်သူ၏ ၂၀ မီလီမီတာ ကျည်ဆံထိမှန်၍ မျက်နှာတွင် မရှုမလှ
ဒဏ်ရာရခဲ့သည်။ တစ်ချိန်တည်းမှာပင် အစောင့် သင်္ဘောဖြစ်သော ၀ါးဖြူ သင်္ဘောမှာ
ရန်သူ ၏လက်ချက်ဖြင့် ပျက်ဆီးသွားပြီး ရေစုန်တွင်မျောပါသွားခဲ့သည်။
ဗိုလ်ထွန်းတင်သည်
မိမိတွင် ရရှိထားသောဒဏ်ရာကို ဂရုမစိုက်ဘဲ မိမိဘက်မှ ရဲဘော်များကို
စံနစ်တကျရှိစေရန် ထိန်းသိမ်းကွပ်ကဲပြီး ရန်သူများအား တွန်းလှန်
ပစ်ခတ်ခဲ့သည်။ ရန်သူများ ရှိရာဘက်သို့ မျောပါသွားသော ၀ါးဖြူ သင်္ဘော ကိုလည်း
အချိန်မီကယ်ယူနိုင်ခဲ့ သည့်အပြင် အဆက်မပြတ်ပစ်ခတ်နေသော အင်အား ကြီးမားလှသည့်
ရန်သူ၏ တိုက်ခိုက်မှုကို ၃ နာရီ ကြာမျှ မနားတမ်း ခုခံတွန်းလှန်နိုင်ခဲ့သည်။
ထိုကဲ့သို့
ဗိုလ်ထွန်းတင်၏ သတ္တိပြောင်မြောက်မှု နှင့် မိမိအပေါ်တွင်ကျရောက်လာသော
တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်မှုတို့ကြောင့် နောက်ဆုံးတွင်
ရန်သူများကို အောင်မြင် စွာ တွန်းလှန်နိုင်ခဲ့သည်။ ထို့ကြောင့်
ဗိုလ်ထွန်းတင် အား ၁၉၅၀ ခုနှစ်တွင် နိုင်ငံတော်သမ္မတ က “သီဟသူရ” ဘွဲ့ကို
ချီးမြှင့်အပ်နှင်းလိုက်သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၂) ရက်နေ့ စာ-၅ မှ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်