Pages
Thursday, 7 February 2013
သီဟသူရ ဒု-တပ်ကြပ်ကီးရှန်ဗဟာဒူးချက်ထရီ
ဘွဲ့ရရှိခဲ့သည့်နှစ်-၁၉၅၁ ခုနှစ် 
အမှတ်-၀၄၀၆၈ ဒု-တပ်ကြပ်ကီးရှန်ဗဟာဒူးချက်ထရီ၊ အမှတ် (၄) ခြေလျင်တပ်ရင်း
 ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
ရန်သူ၏လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိနေသော မိမိ၏တပ်စိတ်မှ ရဲဘော်များကို အဆက်မပြတ်ပစ်ခတ်နေသည့် ရန်သူ့ကျည်ဆံများအကြားမှပင် အရဲစွန့်၍ အောင်မြင်စွာ ကယ်ဆယ်ပေးနိုင်ခဲ့သူမှာ အမှတ် (၄) ခြေလျင်တပ်ရင်း တပ်ခွဲ (၃) တပ်စိတ် (၁) မှ ဒု-တပ်ကြပ်ကီးရှန်ဗဟာဒူးချက်ထရီ ပင်ဖြစ်သည်။
၁၉၅၀ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ဒု-တပ်ကြပ်ကီးရှန်ဗဟာဒူးချက်ထရီ ပါဝင်သော တပ်စိတ် (၁) နှင့် တပ်စိတ် (၃) တို့သည် ရန်သူနှင့်နီးကပ်စွာ တိုက်ပွဲဆင်ခဲ့ကြရသည်။ ထိုတိုက်ပွဲတွင် ညာတောင်ပန်မှ တာဝန်ယူတိုက်ခိုက်နေသော တပ်စိတ် (၃) မှာ ရန်သူ၏ အပြင်းအထန် ပစ်ခတ်မှုကို အလူးအလဲခံနေခဲ့ရသည်။ ထိုသို့ပစ်ခတ်မှုကို ခံခဲ့ရသည့် အတိုင်း တပ်စိတ် (၃) မှ ရဲဘော် ၃ ယောက်မှာ ရန်သူ့ကျည်ဆံဖြင့် ဒဏ်ရာရရှိခဲ့သည်။ ထို ရဲဘော် ၃ ယောက်မှာ ဒဏ်ရာပြင်းထန်မှုကြောင့်၎င်း၊ ရန်သူနှင့် အလွန်နီးကပ်စွာ ရင်ဆိုင်နေရမှုကြောင့်၎င်း၊ မည်သို့မျှ လှုပ်ရှားနိုင်ခြင်း မရှိကြချေ။
ထိုကဲ့သို့ မရှုမလှဖြစ်ပျက်နေရသော အခြေအနေကိုမြင်သဖြင့် ဒု-တပ်ကြပ် ကီးရှန်ဗဟာဒူး ချက်ထရီ သည် ၄င်း၏တပ်စုမှူးထံသို့ ဒဏ်ရာရနေသူများကို ကယ်ဆယ်ရန် ခွင့်ပန်တော့ သည်။ တပ်စုမှူး၏ သဘောတူညီမှုကိုရရှိသည်နှင့် တပြိုင်နက် ဒု-တပ်ကြပ်ကီးရှန်ဗဟာ ဒူးချက်ထရီ သည် ရန်သူဘက်မှ ဒလစပ်ပစ်ခတ်နေသော ကျည်ဆံများကို ဂရုမပြုနိုင်ဘဲ ဒဏ်ရာနှင့်လဲနေသော ရဲဘော် ၃ ယောက်အား သွားရောက်ကယ်ဆယ်ခဲ့သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် မတ်လ (၂၆) ရက်နေ့ စာ-၇ မှ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်
လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်