ဘွဲ့ရရှိခဲ့သည့်နှစ် ၁၉၅၃ ခုနှစ်
အမှတ်-၈၉၃၉၈ တပ်ကြပ်ကြီးခင်အောင်၊ အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်း
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း။။
၁၉၅၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ပန်းတနော်မြို့အား ရေတပ်အကူအညီဖြင့် အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ သိမ်းပိုက်ခဲ့သည်။ ပန်းတနော်ကို သိမ်းပြီး (၅) ရက် အကြာ တွင် ရေကျသွားသောကြောင့် ရေတပ်သင်္ဘောအားလုံးမှာ နောက်ထပ် ပန်းတနော်ချောင်း အတွင်းသို့ မ၀င်နိုင်တော့သာကတကြောင်း၊ ပန်းတနော်မြို့သို့ သွားရန် အခြားလမ်းများ မှာလည်း များစွာခဲယဉ်းလှသဖြင့်တကြောင်း၊ ပန်းတနော်မြို့မှာ အစိုးရတပ်နှင့် အဆက်ပြတ် မလိုဖြစ်ခဲ့ရာ ကေအင်ဒီအိုတို့မှာ ပန်းတနော်မြို့ကို ပြန်သိမ်းရန် တပန်းသာသလိုဖြစ်ခဲ့၏။ ထိုအချိန်က မအူပင်ခရိုင်မှ အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် အမြဲတမ်းတပ်များ အပိုမရှိသဖြင့် ပန်းတနော်မြို့အတွက် ပြောက်ကျားတပ်များကိုဖွဲ့စည်း၍ တပ်ကြပ်ကြီး ခင်အောင်အား ဦးစီးကွပ်ကဲစေခဲ့ရသည်။
၁၉၅၁ ခုနှစ် မတ်လတွင် ပန်းတနော်မြို့အား အင်အားကြီးမားသော ကေအင်ဒီအိုတို့က ၀ိုင်းဝန်း ထားခဲ့ကြသည်။ တပ်မတော်မှ အလုံးအရင်းနှင့် ပြန်လည်တိုက်ခိုက်နိုင်ရန် အတွက် ချောင်းအတွင်းမှ မော်တော်ဘုတ်ကလေးများဖြင့် ၀င်ရောက်ခြင်း၊ ထို့နောက် ကန်ကြီးဒေါင့် ကားလမ်းမှ ၀င်ရောက်ခြင်း ဟူ၍ ကုန်းလမ်း၊ ရေလမ်း ၂ လမ်းသာရှိခဲ့သည်။ အဆိုပါ ၂ လမ်း စလုံး၌ပင် ရန်သူတပ်များ အထပ်ထပ် ကာရံထားပြီးဖြစ်သဖြင့် ၀င်ရောက်တိုက်ခိုက်ရန်မှာ အလွန်ခဲယဉ်းလှသည်။
ထို့ကြောင့် တပ်ရင်းမှူးက တပ်ကြပ်ကြီးခင်အောင်အား ပြောက်ကျားတပ်စုတစုကို ဦးစီးစေ၍ ပန်းတနော်သို့ ရောက်အောင် တနည်းနည်းဖြင့် အဆက်အသွယ်ယူရန် အမိန့်ပေးခဲ့သည်။ တပ်ကြပ်ကြီးခင်အောင်သည် ထိုရွာတွင် ရေရှည်တပ်စွဲနေက ရန်သူတို့၏ ပြန်လည် တိုက်ခိုက် မှု ခံရမည်ကို သိရှိသဖြင့် အချိန်ကုန် မခံနိုင်တော့ဘဲ ထိုရွာမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး အတွင်းဘက် ပန်းတနော်မြို့၏ တောင်ဘက်တည့်တည့်သို့ ညတွင်းချင်း ချီတက်ခဲ့သည်။

နောက်တနေ့ နံနက် ၎
နာရီတွင် တပ်ကြပ်ကြီးခင်အောင်တို့သည် ပန်းတနော်ကို ၀ိုင်း ထားသော
ကေအင်ဒီအိုများအား တောင်ဘက်စစ်မျက်နှာမှနေ၍ ရန်သူတို့ ကို
နောက်မှ ၀ိုင်းဝန်းတိုက်ခိုက်ကြသည်။ ရှေ့နောက်ညှပ်၍တိုက်ခိုက်ခြင်းကြောင့်
ရန်သူများ သည် နောက် သို့ ဆုတ်ပြေးခဲ့ကြရသည်။ ထို့ကြောင့်
တပ်ကြပ်ကြီးခင်အောင်တို့ တပ်စုမှာ ပန်းတနော်မြို့ အတွင်းသို့ ချောမောစွာ
ဝင်ရောက်နိုင်ခဲ့သည်။ ထိုနောက် မြို့တွင်းမှတပ်နှင့်ပူးပေါင်းပြီး
ထိုးစစ်ဆင်ရာ ရန်သူတို့အား အလွယ်တကူနှင့် တွန်းလှန်နိုင်ခဲ့သည်။
တပ်ကြပ်ကြီးခင်အောင်မှာကား ထိုတိုက်ပွဲများ၌ ရန်သူလက်ချက်ဖြင့် ပေါင်တွင်
ဒဏ်ရာထုတ်ခြင်းပေါက်ရခဲ့၍ မအူပင်ဆေးရုံ၌ တလမျှတက်ရောက်ကုသခဲ့ရသည်။
ဆေးရုံမှဆင်းလာသည့်အခါတွင် ပန်းတနော်သို့ တိုက်ရန်ဟူသော ရန်သူ့ရည်ရွယ်ချက် ပျက်ပြားစေရန် (၁၄) ကြိမ်တိုင်တိုင် ရန်သူ့နယ်မြေအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ဇွန်လ ရေကြီးလာပြီး ပန်းတနော်အတွက် စိတ်ချလက်ချ ဖြစ်လာသည်အထိ သတ္တိရှိရှိ၊ ဇွဲကောင်းကောင်းဖြင့် တိုက်ခိုက်ခဲ့သည်။
၁၉၅၁ ခုနှစ် စက်တင်ဘာလအတွင်း ပန်းတနော်ချောင်းကို တက်နိုင်ကတက်ရန်၊ မတက်နိုင် လျှင် ရန်သူများ အငြိမ်မနေနိုင်ရန်ဟူသော ရည်ရွက်ဖြင့် ပန်းတနော်ချောင်းဝရှိ ရွာများတွင် တပ်စွဲခဲ့သည်။ တပ်ကြပ်ကြီးခင်အောင်မှာ ဤတကြိမ်တွင် တပ်မတော်သား ၁၆ ယောက်ကို အုပ်ချုပ်လျှက် ရန်သူ့နယ်မြေအတွင်း ရှေ့ဆုံးကင်းစခန်းဖြစ်သော ကျွန်းဝရွာကို တပ်စွဲနေခဲ့ သည်။ အောက်တိုဘာ (၂၅) ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ရန်သူ ၂၀၀ ကျော်တို့သည် အင်အားကြီးမားစွာဖြင့် တပ်ကြပ်ကြီးခင်အောင်တို့ ကင်းစခန်းအား ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်။
တပ်ကြပ်ကြီးခင်အောင်တို့အား ကူညီရန်အတွက် စေလွှတ်ခဲ့သော တပ်ကူများမှာလည်း ရန်သူတို့၏ တိုက်ခိုက်မှုကြောင့် တပ်လန်ခဲ့ရသည်။ တပ်ကြပ်ကြီးခင်အောင်တို့သည် ၀ိုင်းဝန်း တိုက်ခိုက်သော ရန်သူတို့အား ရွာအတွင်းမှ မခုခံဘဲ ၂ ည တိတိ တညလုံး အပြင်ထွက်၍ ရန်သူအားဘေးမှ ထိုးစစ်ဆင်၍တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ပြီးလျှင် ရွာအတွင်းသို့ ၀င်၍ တပ်ပြန်စွဲခဲ့သည်။ ဒုတိယအကြိမ်တွင်မူ ရန်သူအား အောင်မြင်စွာ ခုခံတွန်းလှန်နိုင် ခဲ့သော် လည်း တပ်ကြပ်ကြီးခင်အောင်မှာ ရန်သူကျည်ဆံဖြင့် ပေါင်တွင်ထိမှန်သဖြင့် ဒုတိယအကြိမ် မအူပင်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရပြန်သည်။
တပ်ကြပ်ကြီးခင်အောင်သည် ရန်သူအား နေရာမရွေး အချိန်မရွေး စစ်ပရိယယ်ကို သင့်သလို သုံးသွားနိုင်သည့်အပြင် တာဝန်ကိုမခိုမကပ်ဘဲ ခေါင်းဆောင်မှုပေး ၍ ဆောင်ရွက်နိုင်စွမ်း ရှိသဖြင့် ၄င်းအား နိုင်ငံတော် သမ္မတက “သီဟသူရ” ဘွဲ့ထူးအပ်နှင်းလိုက်သည်။

(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် ဧပြီလ (၁) ရက်နေ့ စာ-၈ မှ)
ဒီဘက်ခေတ် အမိမြေမှသားကောင်းများ အတုယူကြရမှာပါ ။ တပ်မတော်သား ဆိုတာ တပ်ထဲရောက်ပြီးတာနဲ့ အသက်ကို နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် လှူပြီးသားပါ။ ခုခေတ်မှာတော့ ရန်သူက ခေတ်မီ လက်နက်တွေအသုံးပြုနေသလို တပ်မတော်ကလဲ ခေတ်မီ လက်နက်တွေ အသုံးပြုနေပါပြီ။ တပ်မတော်သားတွေအတွက် ပြည့်စုံ လုံလောက်တဲ့ လစာရယ် စစ်ဝတ်ရယ် ရိက္ခာရယ် လက်နက်နဲ့ ခဲယမ်းရယ် ရှိရင် ဘယ်နေရာ ဘယ်ဒေသကိုမဆို သွားရောက်တာဝန်ထမ်းဆောင်ဖို့ ၀န်မလေးကြပါဘူး ။ စိတ်ဓါတ်စည်းကမ်းဆိုတာက အထက်ပါလိုအပ်ချက်တွေ ပြည့်စုံနေရင် အလိုလို ဖြစ်လာမှာပါ ။
ReplyDeleteမောင်ကာဠု ..... ၁၉၉၃ ခုနှစ်က တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ မဏ္ဍိုင်သတင်းစာ မှ သတင်းတွေကို လက်ရေးနဲ့သွားကူးပြီး သိမ်းထားခဲ့တဲ့မှတ်စုတွေကို ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံကို ပြန်လာပြီးနောက် ၂၀၁၀ မှာလည်း စာကြည့်တိုက်မှာ သွားကူးရေးခဲ့တယ်။ ၂၀၁၀ ခုနှစ် မလေးရှားနိုင်ငံ ပီနန်ကျွန်းမှ တက္ကသိုလ်မှာ ဆရာသွားပြန်လုပ်တော့ (မြန်မာကျူးပစ်ဖိုရမ်) မှာ ကိုလူချော နစ်နိမ်းနဲ့ ရိုက်တင်ခဲ့တဲ့ မှတ်တမ်းတွေပါဗျာ။ ကိုယ့်လူ မောင်ကာဠု က ခပ်တည်တည်နဲ့ သူကိုယ်တိုင်ကပဲ မဏ္ဍိုင်သတင်းစာ မှ သွားကူးလာခဲ့သလိုလို။ သောက်ရှက်မရှိတဲ့လူ။ မယုံရင် (ကျူးပစ်ဖိုရမ်) မှာ ဒီမှတ်စု ကို ဘယ် ရိုက်တင်ခဲ့သလဲ ဖိုရမ်မှာ တင်ပေးတဲ့ ကိုလူချော/ဦးလူချော ဟာ ဘယ်သူလဲ သွားမေးကြည့်လိုက် ..... ဟောဒီ ကျုပ် ဒေါက်တာမျိုးသိုက် (PhD, State University of New York at Albany) ဆိုတာ ဖိုရမ်ကလူတွေ ခင်ဗျားကို ပြန်ပြောကြမယ်။
ReplyDelete(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် ဧပြီလ (၁) ရက်နေ့ စာ-၈ မှ)
ဆရာကြီးဒေါက်တာမျိုးသိုက်ကအသက်သိပ်မကြီးသေးတာလားအသက်အရမ်းကြီးလာလို့သူငယ်ပြန်သွားတာလား။တတိုင်းပြည်လုံးဖတ်ဖို့ထုတ်ဝေတဲ့သတင်းစာဆိုတာထိန်းသိမ်းတတ်ရင်ထိန်းသိမ်းတတ်သလိုပိုင်ရှင်လက်မှာရှိတတ်တာမျိုးမဟုတ်လား။သတင်းစာမှာပါတဲ့အချက်တွေကိုဆရာကြီးအာဘော်နဲ့ပြန်ရေးတာကိုမှဒီကာဠုဆိုတဲ့ငနဲအရှက်မရှိတင်တယ်ဆိုရင်တော့ဆရာကြီးမမှားပါဘူး။သတင်းစာမှာရေးထားတဲ့အာဘော်အတိုင်းရေးတာကိုဆရာကြီးခုလိုဝင်ရှင်းနေရင်တော့ဆရာကြီးအဆင့်ကကာဠုနဲ့တန်းတူဖြစ်သွားလိမ့်မယ်။ထုတ်ဝေပြီးသားစာပေတွေအင်တာနက်ပေါ်ပြန်တင်တဲ့နေရာမှာကိုယ့်အာဘော်မပါဘဲမူရင်းရေးတဲ့အတိုင်းပြန်ရေးမိရင်လူတိုင်းဒီလိုခံနေရတာပါဘဲ။ဒေါက်တာဘွဲ့ရထားလျက်ကယ်နဲ့တဖက်သားကိုသောက်ရှက်မရှိဘူးဆိုတဲ့အသုံးအနှုံးကတော့ပညာတတ်ပီသလွန်းပါပေ့။
DeleteThis comment has been removed by the author.
ReplyDelete