စည်သူဒေါက်တာ ၀မ်ကိုဟောအား ၁၉၁၇ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် စစ်ကိုင်းမြို့အစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ ၁၉၃၇ မှ ၁၉၅၇ ထိ ချင်းတောင် တန်း ခရိုင်ရုံး၌ အမှုထမ်းခဲ့သည်။
စစ်ရုံးဖွဲ့စည်းခဲ့သော ချင်းစစ်ဝန်ထမ်းတပ်ဖွဲ့တွင်တပ်ရေးနှင့် ထောက်လှန်းရေးအရာရှိ၊ ဒုတိယအကြီးအကဲ၊ ချင်းတောင်တန်း ခရိုင်ဝန်နှင့် ဂျပန်တော်လှန်ရေးတွင် ချင်းအမျိုးသားများ ကို ခေါင်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ချင်းအမျိုးသား ကိုယ်စားလှယ်ခေါင်းဆောင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး အဖွဲ့ဝင်၊ အစိုးရအဖွဲ့ ချင်း ရေးရာ အကြံ ပေးအဖြစ် လုပ်ကိုင် ခဲ့ပြီး၊ နုအက်တလီ စာချုပ် ချုပ်ဆို ရန်အတွက် လန်ဒန်သို့ သွားရောက်ရာတွင် ပါဝင်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးရာဌာန ဒုတိယအတွင်းဝန်၊ သံတမန်ရေးရာ ကောင်စစ်ရေး ရာ၊ ကမ္ဘာ့ ကုလ သမဂ ဌာနခွဲ ဦးစီးအရာရှိ၊ 1955 ခုနှစ်မှ စပြီး မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲခြင်းခံရသော သံအမတ်ကြီးအဖြစ် ပြင်သစ်၊ ကမ္ဘောဒီးယား၊ သြစတြီးးယား နှင့် ဟန်ဂေရီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အငြိမ်း စား ယူခဲ့သည်။Daw Tina Han @ Nu Mang Kho Ciin နှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက် သမီး ငါးယောက်ထွန်းကားခဲ့သည်။
စည်သူဒေါက်တာ ဦးဝမ်းကိုဟောသည် သိက္ခာတော်ရဆရာ Revd. Za Khup & Pi Ciang Zam တို့၏ သားသုံးဦး၊သမီး လေးဦးအနက် ကြီးသြ ရသဖြစ်ပြီး 1917ခုနှစ် မတ်လ 17ရက်၊ သန်းခေါင်ယံ မနက် 22:00 AM တွင် မွေးဖွားခဲ့သည်။ မွေးဇာတိမှာ ချင်းပြည် နယ်၊ တီးတိန်မြို့ ၊ ထုတ်လိုင်ကျေးရွာ ဖြစ်သည်။ ဖခင် Revd. Za Khup သည် ဘုရား အမှုတော် ဆောင်ရင်း မိမိလူမျိုးများ၏ ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ စာပေသင် ကြားပေးသော ကျောင်းအုပ်ဆရာကြီး တစ်ပါး လည်းဖြစ် သည်။ ဆရာကြီး ဇခုပ်၏ ကြိုးပန်းဂုဏ်ပြုသော အားဖြင့် jan 1st, 1936 ခုနှစ် တွင် Governor of Burma H.L Stephenson K.C.S.I, K.C.I.E မှ Certificate of Good Service ကို ချီးမြှင့်ခံခဲ့ရသည်။
(1) ဖခင်ကြီး၏ အိပ်မက်။
စည်သူဒေါက်တာ ဦးဝမ်းကိုဟော၏ မိဘနှစ်ပါးမှာ ၁၉၁၆ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ကြသည်။ ပထမသားဦးဖြစ်သည့် စည်သူဒေါက်တာ ဦးဝမ်းကိုဟောမွေးခါနီးတွင် ဖခင်ကြီးက အိမ်မက် တစ်ခု မက်ခဲ့သည်။ ယင်းအိပ်မက်မှာ ခြေရင်းအိမ် (U Tuang Ko Thang ၏ ဖခင်) က အလွန်ကောင်းသော ခါးချိတ်ဓါး (Kawng naam) များ လာရောင်းရာ ၄င်းဓါးများမှ အကောင်း ဆုံးဓါးကို ၀ယ်ယူခဲ့သည် ဟု မြင်မက်ခဲ့သည်။ မိမိတို့အယူဆအရ အလွန်ကောင်းမွန်သော အိမ်မက်တစ်ခုဖြစ် သည်။ ထို့ကြောင့် ဦးဝမ်းကိုဟောသည် မိမိ နာမကျန်းဖြစ်ချိန်၊ ဆင်းရဲ ဒုက္ခရောက်ချန်များတွင်...
"ငါမသေနိုင်သေး၊ ငါ..ပစ္စည်းဥစ္စာရှာဖွေစုစောင်းရဦးမယ်၊ ငါ..ချမ်းသာရဦးမယ်၊ လူပေါ် လူဇော်ဖြစ်ဦးမယ်" ဟု ဖခင်ကြီးအိပ်မက်ကို အောက်မေ့ လျက် အမြဲခွန်အားရမိ ပါကြောင်း ပြောလေ့ရှိသည်။
(2) ပညာသင်ကြားခြင်း။
ငယ်ရွယ်စဉ်ကပင် တစ်မူထူးခြားသည်။ အားကစားမှအစ ပညာရေးတွင် ထူးခွန်သည်။ ဖခင်ကြီးတာဝန်ထမ်းဆောင်ရာ Khuasak ရွာ ABM (American Baptist Mission) ကျောင်း တွင် ပညာ စတင်သင်ကြားခဲ့ပြီး အလယ်တန်းကို တီးတိန်၊ ဖလမ်းမြို့ အလယ်တန်းကျောင်း တွင်၎င်း၊ ထိုမှတဆင့် Scolar-ship ရရှိကာ စစ်ကိုင်းမြို့ အစိုးရ အထက်တန်းကျောင်း တွင် အထက်တန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်၊ ပထ၀ီ၊ သမိုင်းဘာသာ ရပ်များအား ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
(3) နိုင်ငံ့ဝန်ထမ်း စတင်ခြင်း။
အထက်တန်းအောင်မြင်ပြီး ဖလမ်းမြို့ ချင်းတောင်တန်းဒေသဆိုင်ရာ အင်္ဂလိပ်အရေးပိုင်ရုံတွင် လက်ရေးတို ရုံးအုပ်စာရေးကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
(4) ဂျပန်စစ်ခေတ် ချင်းတော်လှန်ရေးတွင်ပါဝင်ခြင်း။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်ငွေ့စတင်လွှမ်းလာချိန်တွင် မြန်မာနိုင်ငံကိုလည်း ဂျပန်စစ်တပ် မှ သိမ်းပိုက်စပြုလာပြီး အရေးပိုင် ဗိုလ်မှူးကြီးနေလာ (Col. Naylar CBE) နှင့် ဗိုလ်မှူးကြီး စတီဗင် (Maj. Stevenson) တို့မှ ဥိးဆောင်သော ချင်းလဲဗီး (Chin Levies) တပ်တွင် Dr. Vum Ko Hau သည် ခေါင်းဆောင်တစ်ယောက်အဖြစ်ပါဝင်ပြီး ချင်းတောင်တန်း စစ်မြေပြင် အ သီးသီးတွင် တိုက်ပွဲဝင်ကာ Maj. Stevenson မှ 1943ခုနှစ်၊ အောက်တိုဘာ 20ရက်နေ့တွင် ယာယီ စစ်ဦးစီး ဗိုလ်မှူး (Staff Major) အဖြစ် ၁၉၄၃ခုနှစ်၊ အောက်တိုဘာ (၂၀)ရက် တွင် ချီးမြင့်ခဲ့သည်။
အင်္ဂလိပ်မဟာတင်ပေါင်းစုကို ဦးစီးသော အရှေ့တောင်အာရှ စစ်သေနာပတိချုပ် Lord Mount Batten သည် တီးတိန်မြို့တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ်းကိုဟော (Dr. Vum Ko Hau) အား တွေ့ဆုံပြီး အမှတ်တရဓာတ်ပုံနှင့် ငွေစီးကရက် တစ်ဗူးအား ချီးမြှင့်ခဲ့သေးသည်။
(နယ်ချဲ့အင်္ဂလိပ်မှ အထက်မြန်မာပြည်ကို သိမ်းပိုက်လာသောအခါ ချင်းပြည်နယ် Sizaang ဒေသ မှ သူ့ကျွန်မခံ အရှုံးမပေး တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
Sizaang နယ်သည် မျိုးချစ်စိတ်ဓာတ်ပြင်းပြသော ချင်းတော်လှန်ရေးခေါင်းဆောင် Bo Khai Kam နှင့် တိုက်သူကြီးPu Khup Lian (Dr. Vum Ko Hau ၏အဖိုး) တို့ အပါအ၀င် သူရဲကောင်းများ ပေါက်ဖွားရာ ဘူမိနက် သန်အောင်မြေ အဖြစ် အစဉ်အလာကြီး မားသောဒေသဖြစ်ရာ Sir. George White, V.C Commader in Cheif of Upper Burma မှ "The most difficult enemy to see or hit I ever fought" ဟု အင်္ဂလိပ် စစ်သမိုင်းတွင် မှတ်တမ်း တင်ခဲ့သည်။ ဒုတိယအကြိမ် အင်္ဂလိပ်မြန်မာ စစ်ပွဲကာလတွင် Victoria Cross (V.C) ချီးမြင့်ခံရသူနှစ်ဦးရှိရာ တစ်ဦးမှာ Sizaang နယ်တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်