Pages

Thursday, 7 February 2013

ဗိုလ်မှုးအောင်ဆန်းသူရိယ အေးချို


ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀
ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး
အမည် - အေးချို(ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။
၁၉၄၈ သြဂုတ်လအတွင်းသောင်းကျန်းသူကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏
တပ်ရင်းမှူး ဗိုလ်မှူးအေးချို သည် အင်အားအဆမတန်များပြားသောရန်သူတို့အား မိမိအသက် ကိုပ ဓာနမထားပဲ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် သောင်းကျန်းသူကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ် တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့ တွင် နိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့် အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမ ဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်သည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်