Thursday, 7 February 2013
စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် စစ်မှန်တဲ့လမ်းလျှောက်မှုဖြစ်ဖို့လို
ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရန်ကုန်မှသည် လိုင်ဇာဆီသို့ လမ်းလျှောက်သူများ ဒီကနေ့ မိတ္ထီလာမြို့သို့ရောက်ရှိပြီး လိုင်ဇာမြို့သို့ ဆက်လက်ချီတက်လမ်းလျှောက်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။ မုံရွာမှ လိုင်ဇာမြို့သို့ လမ်းလျှောက်ချီတက် မည့်အဖွဲ့သည်လည်း ဒီကနေ့ မန္တလေးမြို့သို့ရောက်ရှိပြီး မိထ္တီလာသို့ ကားများဖြင့်ချီတက်ကာ ရန်ကုန်မှ လမ်းလျှောက် လာသော အဖွဲ့များဖြင့်ပူးပေါင်းပြီး ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ဆက်လက်ချီတက်မည်ဖြစ် သည်။
မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလိုလားသူများကလည်း ၇-၂-၂၀၁၃ ရက်နေ့ တွင် မြင်းခြံမြို့မှ စတင်ထွက်ခွာပြီး လိုင်ဇာမြို့အထိချီတက်မည်ဖြစ်ကြောင်း။ ဆက်လက်ပြီး ရန်ကုန်မြို့နှင့် မုံရွာမြို့တို့မှစတင် လမ်းလျှောက် ထွက်ခွာလာသော ငြိမ်းချမ်းရေးလိုလားသူများနှင့် ပူးပေါင်း သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်မှစတင်လမ်းလျှောက်ချီတက်လာသောအဖွဲ့သည် အင်အား ၂၀ ဦးဖြင့် ဇန်န၀ါရီလ ၂၁ ရက်နေ့မှစတင်ပြီး မိုင်းပေါင်း ၈၀၀ ကျော်ဝေးသော ကချင်ပြည်နယ်လိုင်ဇာမြို့ အထိချီ တက် လာရာ ဒီနေ့ မိထ္တီလာမြို့ သို့ရောက်ရှိပြီး ၃၃၈ မိုင်လျှောက်လာခဲ့ပြီး ဖြစ်သည်။ မိထ္တီလာမြို့ သို့ရောက် ရှိချိန်တွင် လမ်းလျှောက်သူအင်အားမှာ ၆၀ ဦး ကျော်ပါဝင်လာပါသည်။
၎င်းတို့လျှောက်လာသော ၃၃၈ မိုင်းအား ဒီကနေ့ထိ ရက်ပေါင်း ၁၇ ရက် တိုင်တိုင်လျှောက် ခဲ့ပါမူ တစ်ရက်လျှင် ပျမ်းမျှ ၁၉.၉ မိုင် ခန့်လျှောက် ခဲ့ကြပေသည်။ မိတ္ထီလာမြို့မှာကျင်းပမည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတက်ရောက်ပြီး၊ ၄င်းတို့မှ တရုတ်နိုင်ငံရွှေလီမြို့ မှာပြု လုပ်ခဲ့ တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုပေမယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့နှင့် အပစ် အ ခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ လိုတယ် လို့ပြောလာခဲ့ပါတယ်။
ကောင်းပါပြီ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် လမ်းလျှောက်ကြတယ်ဆိုရင် စစ်မှန်တဲ့ လမ်းလျှောက် မှုတော့ဖြစ်ဖို့လိုပါ လိမ့်မည်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ကို ၁၉ မိုင်ကျော် လျှေက်နိုင်တယ်ဆိုတာ သာမန်လူတွေလုပ်ဖို့ ခဲယဉ်းပါတယ် ပိုပြီးခဲယဉ်းတာက တစ်နေ့ ၁၉ မိုင်ကျော် ကို ၁၇ ရက် ဆက်တိုက်လျှောက်ရတာပါဘဲ။ စနစ်တကျလေ့ကျင့်ထားတဲ့ အမေရိကန်မရိန်းတပ်သား တွေတောင် တနေ့ကို ၁၅ မိုင်လမ်းလျှောက်ဖို့ အခက် အခဲတွေ့ ကြတယ်။ အခုလို ငြိမ်းချမ်းရေး ရရှိပါစေကြောင်း အကြောင်းပြုပြီး သကာလ လမ်းလျှောက်ကြ တဲ့ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမတို့ တွေထဲမှာ မရိန်း သင်တန်းကျောင်းဆင်းပြီး လျှောက် တဲ့လူ မပါဘူးဆိုတာကိုတော့ မေးကြည့်စရာ မလိုအောင်အများပြည်သူက သိကြမှာပါ။
ကချင်ဒေသကြီး စစ်ပွဲများ အမြန်ဆုံးရပ်ဆဲပြီး နှစ်ဘက်စစ်တပ် ပစ်ခတ်မှု လုံးဝမလုပ်ကြရန်၊ ဒုက္ခတွေခံနေရတဲ့ ကချင်ပြည်နယ်ဒေသခံပြည်သူတွေ အတွက်စာနာထောက်ထားဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင် ဖို့လို့ဆိုပြီး ကြွေးကြော်နေကြတဲ့ လမ်းလျှောက် သူများ သည် ရန်ကုန် ကနေစတင်မလျှောက်ခင် တစ်နေ့ ၁၀ မိုင်ခန့်လျှောက်မည်ဟု သက်မှတ် ထား သော်လည်း တစ်နေ့ ၁၉ မိုင်ကျော်ခရီးပေါက်ခဲ့လေပြီ။
ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား လိုအပ်သည်များပံ့ပိုး ကူညီနိုင်ရေး အတွက် ကား များဖြင့်ဆောင် ရွက်တဲ့ နေရာမှာ ၆၀ ကျော်မျှသောလူအင်အား အကုန်မလျှောက်ပါ ကား များဖြင့် ကူညီပံ့ပိုးနေမည်။ အလှည့် ကျ လျှောက်သူ ကလျှောက် ကားစီးသူက စီးဖြင့် ပျော်ပျော်ကြီး ၃၃၈ မိုင်သောခရီးကို ကားစီးလိုက်၊ လမ်းလျှောက် လိုက်ဖြင့် ဖြတ်ကျော် လာခဲ့ပြီဖြစ် သည်။ ဆက်လက်၍လည်း ကုန်းကြောင်းဖြင့်တသွယ်၊ ကားများဖြင့်တသွယ် အလှည့် ကျချီတက်သွားကြမည်ဖြစ်သည်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူများအနေဖြင့် စစ်မှန်သောစိတ်ဓါတ်ဖြင့် လမ်းလျှောက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းချင်ပါသည်။ ယိုသူမရှက်မြင် သူရှက်၏။ ပါးစပ်ကသာ စစ်မှန်သောငြိမ်းချမ်းရေးအသံမထွက်ပဲ စစ်မှန်သော စိတ်ဓါတ်ဖြင့် ဆောင် ရွက်စေ လိုကြောင်း ထပ်လောင်း၍ အကြံပေးလိုပါသည်ခင်ဗျား။
မြန်မာဟုခေါ်သည်။
This's Call Myanmar
အမျိုးအစာ
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်