Pages

Thursday, 7 February 2013

တပ်သား အောင်ဆန်းသူရိယ လှသောင်း


ကိုယ်ပိုင်အမှတ် - ၈၈၈၆၅
ဘွဲ့ရစဉ်အဆင့် - တပ်သား
အမည် - လှသောင်း(ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦး စစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုသောင်းကျန်းသူးများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ တပ်သား လှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ် ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင်
မိမိဘက်မှ တပ်ဖွဲ့ဝင် များအထိခိုက်မရှိဆုတ်ခွာပေးနိုင်အောင် နောက်ချန် ကာဘရင်း စက်သေနတ်ဖြင့် ကာပစ် ပစ်ပေးနေစဉ်ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော် အတွက်အသက်ပေး လှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည် သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်း သူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

တပ်သားလှသောင်းသည် ရခိုင်၊မြစ်ဝကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲ တို့တွင် လည်းအသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်

တို့ဖြင့် ထူးချွန်စွာတာဝန်ထမ်းရွက်ခဲ့သူ ဖြစ်သည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်