၁၉၄၇
ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက်
အရေးကြီးတဲ့ အောင်ဆန်း -အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး
သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့
ဟာလည်း နိုင်ငံတကာ ချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက် ဆိုင်ဆိုင်
မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်
ကျန်ရစ်နေ မှာဖြစ်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက်များနှင့် စီးပွားရေး
အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်
တစ်ခုကို စတင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။
လက်ရှိ
ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ
ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့ သို့ နိုင်ငံတကာဘဏ်များ၊ အဖွဲ့များမှ
ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ
သန်းထောင်ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။
တရုတ်နိုင်ငံ၊
အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊
အရှေ့တောင်အာရှနိုင်ငံများ ဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊
မလေးရှားနိုင်ငံတို့ ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။
အထီးကျန်ဆန်တဲ့
နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို
ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ
(၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ
အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/01/id-2536
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်