Pages

Thursday, 31 January 2013

ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့ မလုံလောက်

နိုင်ငံတော်သမ္မတကြီး၏ ဒုတိယအကြိမ်မြောက်ရေဒီယိုမိန့်ခွန်း၊
ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့ မလုံလောက်


ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော်၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဆိုတာ ငြင်းလို့မရပါဘူး။

ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။


အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ ပေါ်ပေါက်လာ ဖို့လည်း အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာပဲ လည်း တာဝန်ရှိ ပါတယ်။ ကျွန်တော်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ် တစ်ခု စနစ်တကျ ဖြစ်ပေါ်လာစေဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။

၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနဲ့လည်း စားပွဲဝိုင်း ဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီလို တွေ့ဆုံမှုတွေကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေပါဝင်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/01/id-2536

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်