ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာမှာ ပထမအဆင့်အနေနဲ့ စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်း ခြင်းနှင့် နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ်ကူးပြောင်းခြင်းကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။
အခုအချိန်မှာ ပထမအဆင့်လုပ်ငန်းများ အတော် အသင့် အကောင်အထည်ဖော်နေပြီဖြစ်တဲ့အတွက်
ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်
သံကြား ၊ ပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်
စာအုပ် ထုတ်ဝေရေးလုပ်ငန်းနဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းများကို ဆက်လက် ဆာင်ရွက် သွားမှာဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ သမ္မတကြီး၏ မူဝါဒအတိုင်း ၂၀၁၃ ခုနှစ်အတွင်းမှာ
ပြည်သူများ အနေနဲ့ ပြုပြင်ပြောင်း လဲရေးရဲ့ အကျိုးကျေးဇူးများကို
လက်တွေ့ခံစားနိုင်အောင် အရှီန်အဟုန်မြှင့်ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်
ပြည်ထောင်စုဝန်ကြီးက ဌာနအကြီးအကဲများရဲ့ Mind Set, Management, Skill ,
နဲ့ Speed များကို လုပ်ငန်းလိုအပ်ချက်များနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး အခုလို
ပြောင်းလဲ တာဝန်ပေးခြင်း ဖြစ်ပါ တယ်။
ဒီလိုလုပ်ဆောင်ခြင်းဟာ
ဥပမာအားဖြင့် ဘောလုံးအသင်းတစ်ခုမှာ ကစားကွက်ပြောင်းလဲကစားတဲ့အခါ ကစားသမားများကို သူ့ကျွမ်းကျင်မှုအပေါ် မူတည်ပြီး နည်းပြက ပြန်လည်နေရာချ ထားတဲ့ သဘော တရားအတိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုဆောင်ရွက်ခြင်းအားဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ပေါ်ပေါက်ရေးနဲ့ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်