Pages

Tuesday 20 May 2014

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ အရှင်ဣန္ဒာစက္ကာဘိဝံ၊ အရှင်ယသ တို့နှင့် တွေ့ဆုံခြင်း”


“အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်နေတာ မပါပါဘူး”
“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ အရှင်ဣန္ဒာစက္ကာဘိဝံ၊ အရှင်ယသ တို့နှင့် တွေ့ဆုံခြင်း”

Vioce=အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဆရာတော်အနေနဲ့ ဘာတွေ မိန့်ကြားစရာရှိပါသလဲဘုရား။

အရှင်ဣန္ဒာစက္ကာဘိဝံသ= အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြတာဟာ ဒီဥပဒေရဲ့ မူရင်းတောင်း ဆိုချက်ကို နားမလည်လို့ ဝေဖန်နေတာလို့ ယူဆပါတယ်။ ဝေဖန်သူတွေဟာ ဒီဥပဒေဟာ အမျိုးသမီး အခွင့်အရေး လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုပြီး ကန့်ကွက်နေကြတာပါ။ အမှန်က အမျိုးစောင့်ဥပဒေဟာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တဲ့ ဥပဒေမဟုတ်ပါဘူး။ မြန်မာတိုင်းရင်းသား မိန်းကလေးတွေ ဆုံရှုံးနေတဲ့ အခွင့်အရေးတွေကို ရရှိအောင်လုပ်ပေးတဲ့ဥပဒေပါ။
အမျိုးစောင့်ဥပဒေမူကြမ်းရဲ့ နိဒါန်းမှာကိုက ဘာသာရေးကို အခြေခံ၍လည်းကောင်း၊ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားခြင်းကြောင့် ကြုံတွေ့ရသော ပြဿနာများတို့ကြောင်းလည်းကောင်း အနဂတ်တွင် ဘာသာရေး လူမျိုးရေးတို့ကြောင့် ပြဿနာမဖြစ်ပေါ်စေရန်ကို ရည်ရွယ်၍ အရေးပေါ်ပြဋ္ဌာန်းရန် လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီမူကြမ်းကို ဆက်လက်လေ့လာရင် အပိုဒ် ၂ မှာ မည်သူမဆို ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကို လက်ထပ်မည့် သူသည် တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမည်ဟု ပါပါတယ်။ ဒီအချက်ကိုကြည့်ရင် အမျိုးသမီးကို တောင်းဆိုတာမပါ ဘူး။ သေချာစဉ်းစားကြည့်ပါ။ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေး ချိုးဖောက်နေတာ ပါသလား။ မြန်မာအမျိုး သမီးဟာ ဘယ်ဘာသာဝင်ကိုယူရမယ်။ ဘယ်ဘာသာဝင်ကို မယူရဘူးလို့ ကန့်သတ်ထားတာလည်း မပါဘူး။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်ချင်တဲ့သူ ယူချင်တဲ့လူ ကတော့ တရားဝင် ဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်။ တချို့ကန့်ကွက်နေတာက ဗုဒ္ဓဘာသာဝင်ကိုယူရင် ဗုဒ္ဓဘာသာဖြစ် ရမယ်လို့ နားလည်ပြီး ကန့်ကွက်နေကြတာ။ ဒီဥပဒေရဲ့ ဆိုလိုရင်းဟာ ဗုဒ္ဓဘာသာဝင်နဲ့ လက်ထပ်ရင် ဗုဒ္ဓဘာသာဖြစ်ရမယ်လို့သာ ဆိုလိုတယ်။ ဘာသာမတူရင် နောက်ဆက်တွဲပြဿနာတွေဖြစ်လာဖို့ရှိတဲ့ ဒီအချက်ကိုထည့်သွင်းထားရတာ။ အကယ်လို့ ဗုဒ္ဓဘာသာမိန်းကလေးက ဘာသာခြားယောက်ျားလေးကို
ချစ်ခင်လို့ ယူမယ်ဆိုရင် ဘာသာလည်း မပြောင်းနိုင် ဘူးဆိုရင် သူ့ကို လက်ထပ်မယ့် အမျိုးသားက ဗုဒ္ဓဘာသာဖြစ်ဖို့လိုပါတယ်။ အကယ်လို့ မိန်းကလေးက ဗုဒ္ဓဘာသာကနေ စွန့််လွှတ်ပြီး အမျိုးသားရဲ့ ဘာသာကိုလည်း ယူနိုင်ခွင့်ရှိတယ်။ လက်မထပ်မီတော့ ကူးပြောင်း ရမယ်။ ဒီဥပဒေရဲ့ ရည်၇ွယ်ချက်က
ဘာသာကူးပြောင်းလိုစိတ်မရှီဘဲ အဓမ္မကူးပြောင်းခံရတဲ့အရေးကို ကာကွယ်ထားတာ။ တစ်နည်း အိမ်ထောင်မကျခင်ကတည်းက ဘာသာတူအောင် ညှိပေးတာ။

ဒါကို သူတို့က အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တာလို့ ပြောဆိုဝေဖန်နေတာတွေဟာ စွပ်စွဲချက် တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီဝေဖန်နေတာဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေက ကန့်ကွက်တယ် ဆိုရင်တော့ လေ့လာပါလို့ တိုက်တွန်းတယ်။ အခြားဘာသာတွေက ဒီလိုဝေဖန်နေတယ်ဆိုရင်တော့ သူတို့မှာ ဆိုင်ရာ ဥပဒေတွေက ရှိနေပြီးသားလေ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကျိုးကို ဖျက်ဆီးလိုစိတ်နဲ့ ပြောဆိုတယ်လို့ပဲ ပြောလိုပါတယ်။

Voice=ကန့်ကွက်တဲ့အဖွဲ့တွေနဲ့ညှိနှိုင်းမယ်လို့ပြောတာရှိပါတယ်ဘုရား။ ဘယ်လိုညှိနှိုင်းမလဲဘုရား။

အရှင်ဣန္ဒာစက္ကာဘိဝံသ= အဖွဲ့အစည်းတွေဘက်က ဦးစီးတို့ကို တွေ့ချင်တယ်ဆိုရင် ဆက်သွယ်လို့ ၇ပါတယ်။ ညှိနှိုင်းတဲ့ အခါမှာလည်း ဒီဥပဒေဟာ ဒီလိုရှိတယ်ဆိုတာမျိုး ဂဃနဏရှင်းပြမယ်။ ပြောနေကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်တို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ ငြိစွန်းတယ်တို့ ဆိုတာ တစ်ခုမှ မပါသလို အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်နေတာမပါပါဘူး။ အခွင့်အရေး ဆုံးရှုံးနေတဲ့ အခွင့် အရေးချိုးဖောက်ခံနေရ တဲ့ အမျိုးသမီးတွေကို အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိအောင် ဥပဒေမဲ့နိုင်ထက်စီးနင်း
 မပြုလုပ်နိုင်အောင် ကာကွယ်ပေးနေတာပါဆိုပြီး ရှင်းလင်းပြမယ်။ ဥပဒေပညာရှင်တွေက ရေးထားတဲ့ ဥပဒေမူကြမ်းစာအုပ်ကို လက်ထဲမရှိလို့  မပေးနိုင်ရင်တောင် ဖတ်ပြလိုက်မယ်။ ဖတ်ပြတဲ့အထဲမှာ ဘယ်နေရာ ဘယ်အချက်ဟာ ဥပဒေနဲ့ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေးတွေနဲ့ ငြိစွန်းပါသလဲ။
 ငြိစွန်းတဲ့အချက်ကို ထောက်ပြ ဆွေးနွေး ခွင့်ပြုမှာပါ။ သူတို့က မဘသ အဖွဲ့ကိုချိန်တိုပြီး သိချင်တယ် ဆိုရင်လည်း မဘသအဖွဲ့က ဥပဒေပညာရှင်တွေနဲ့ တစ်ပါတည်း လိုက်လံ ရှုင်းပြပါမယ်။ အဲဒီအတွက်လည်း ကြေညာချက် ထုတ်ပြီးသား ဖြစ်ပါတယ်။ အခုချိန်အထိ တော့တစ်ဖွဲ့မှ ကမ်းလှမ်းလာတာ မရှိသေးပါဘူး။

Voice= မျိုးစောင့်ဥပဒေဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လိုရေးဆွဲနေတာလဲ။ ဘာအချက်တွေ ပါလဲဆိုတာ မသိရလို့ အဲဒီဥပဒေထဲမှာ ကန့်သတ်ချက်တွေ ပါလာမှာစိုးလို့ ပြောနေတာတွေ ရှိပါတယ်ဘုရား။ အမျိုးစောင့် ဥပဒေအထဲမှာ ဘယ်အချက်တွေပါလဲဆိုတာ ရှင်းပြလို့ရမလားဘုရား။

အရှင်ဣန္ဒာစက္ကာဘိဝံသ= ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေကို ဘာသာခြားလူမျိုးခြားတို့ရဲ့ ဥပဒေ မဲ့နိုင်ထက် စီးနင်းဆက်ဆံမှု လုပ်ဆောင်မှုတွေကို အကာအကွယ်ပေးတဲ့ဥပဒေပါ။ ဗုဒ္ဓဘာသာလို့ပြောလို့ အခြားဘာသာ တွေလည်းမပါဘူး မထင်နဲ့။ ဘာသာဝင်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဘာသာဝင်အားလုံး မိန်းကလေးတွေ မတရားဖိနှိပ်ခံရတာမျိုး အလိုမတူဘဲ အတင်းဘာသာသွတ်သွင်းခံရတာမျိုးတွေ မလုပ်နိုင်အောင် ကာကွယ်ပေး ထားတဲ့ဥပဒေပါ။ ရေးဆွဲထားတဲ့အပိုင်းနဲ့ ပြောရရင် ဘုန်းကြီးတွေမှာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် မရှိဘူး။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဗဟိုက ဥပဒေပညာရှင်တွေ ကလည်း အာဏာပိုင်အဖွဲ့အစည်း မဟုတ်တော့ ရေးဆွဲခွင့်မရှိဘူး။ ပြည်သူလူထုလက်မှတ် လေးသန်းကျော် ကို ကောက်ယူပြီး ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များအဖွဲ့က မူကြမ်းရေးသားပြီး နိုင်ငံတော်သမ္မတ ထံကို တင်ပြလိုက်တယ်။ ဘုန်းကြီးတို့ အပိုင်းကတော့ ဥပဒေမူကြမ်းရေးဆွဲဖို့ ဥပဒေပညာရှင်တွေကို မေတ္တာ ရပ်ခံပေးတာပါ။ ဘယ်လိုရေးဆွဲနေတယ်ဆိုတာကတော့ မဘသ အဖွဲ့ဝင်တစ်ပါးတစ်ယောက်မှ မပါတော့ ဂဃနဏမသိပါဘူး။

Voice= မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်တဲ့ပွဲတွေမှာ စည်းရုံးပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး Hate Speech တွေ ပြောနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ အဲဒါကိုရော ဘာများပြောစရာ ရှိသလဲဘုရား။

အတွင်းရေးမှူးအရှင်ယသ= မျိုးစောင့်ဥပဒေကို သေသေချာချာမသိဘဲနဲ့ ကန့်ကွက်နေတဲ့လူတွေရှိတယ်။ အဲလို ကန့်ကွက်လို့ ဦးပဉ္စင်းတို့က မုန်းတာမဟုတ်ဘူး။ မုန်းလည်း မမုန်းဘူး။ ဦးပဉ္စင်းတို့ လုပ်နေတာ ကိုက အမျိုးဘာသာ သာသနာ တည်တံ့ခိုင်မြဲအောင် အမျိုးစောင့်ဥပဒေတစ်ရပ် နိုင်ငံတော်အတွင်း ပေါ်ထွန်း လာအောင် လုပ်ဆောင်နေတာ၊ ဘယ်သူ့ကိုမုန်းလို့ ဘယ်သူ့ကို ချစ်လို့ လုပ်နေတာမဟုတ်ဘူး။ထို့အတူ ပဲ အမျိုးစောင့်ဥပဒေဆိုတာ အမျိုးသားတစ်ရပ်လုံးနဲ့ပတ်သက်တဲ့ကိစ္စဖြစ်တော့ ဒီဥပဒေပေါ်ထွန်းရေးကို လုပ်ကိုင်ဆောင်ရွက်နေတာကို သေသေချာချာမသိဘဲ ရမ်းသန်းပြီး ဝေဖန်နေတဲ့လူတွေ အုပ်စုတွေကို ဦးပဉ္စင်းတို့က အမျိုးသားသစ္စာဖောက်မခေါ်လို့ ဘယ်လို ကင်ပွန်းတပ်ရမတုံး။ နောက်တစ်ခုက ဒီဥပဒေပေါ်ထွန်းဖို့အတွက် ဦးပဉ္စင်းတို့ကိုယ်တိုင် အရပ်ထဲဆင်းပြီး ထောက်ခံတဲ့လက်မှတ်ကောက်တာ (၄)သန်းကျော်ရှိတယ်။ လွှတ်တော်ထဲမှာ (၄)သန်းကျော်ရှိတယ်။

ဆိုလိုတာက ဦးပဉ္စင်းတို့ဟာ အဲဒီထောက်ခံ ပေးထားတဲ့လူတွေရဲ့အကျိုးအတွက် လုပ်နေတာ။ တစ်နိုင်ငံလုံး အတွက် မဟုတ်ဘူးဆိုရင်တောင် ဦးပဉ္စင်းတို့က လူ (၄)သန်းကျော်ကို ကိုယ်စားပြုပြီး လုပ်ကိုင်နေတာ။ ကန့်ကွက်နေတဲ့အဖွဲ့အစည်းတွေက လူဘယ်နှစ်ယောက် ထောက်ခံထားသလဲ။

လူဘယ်လောက်ကို ကိုယ်စားပြုတောင်းဆိုနေတာလဲ။ အဖွဲ့ပေါင်း (၁၀၀)ကျော်မှာ လူ (၁၀၀၀)ကျော်တောင် ရှိရဲ့လားဗျာ။ ဒီမိုကရေစီသဘောတရားအရ အများဆန္ဒကို ကိုယ်စားပြုတယ်ဆိုရင် ကန့်ကွက်နေတဲ့ အဖွဲ့ အစည်းတွေကသာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာလို့ ဆိုချင်တယ်။ အဲဒီတော့ အမျိုးသားရေး သစ္စာဖောက်လို့ ပြောဆိုတာဟာ ခင်ဗျားတို့ကို သတိပေးချင်လို့ပဲ။

မျိုးစောင့်ဥပဒေကို လေ့လာစေချင်လို့ပဲ။ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဟောပြောနေတာတွေဟာ အမုန်းစကား တွေဖြစ်တယ်လို့ ဝေဖန်သူတွေဟာ ဒီအကြောင်းခြင်းရာတွေကို တိတိကျကျ
နားလည်သိရှိလာရင်တော့ ကန့်ကွက်ဝေဖန်ပြောဆိုနေလိမ့်မယ် မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ။

2 comments:

  1. { စွတ် ဖဲ့ }20 May 2014 at 02:44



    OOOOO { ရန်တွေကြားကမြန်မာပြည် } OOOOO


    ........တို့ ဘာ သာ အား...လာစော်ကားသည့်...........

    .....တစ်ပါးပြည်သူ.....................သွင် မ တူ အား....

    ...သာကူ ဖေးမ.............................ပြုနေကြသော...

    မူ လ ဌာ နေ.....................................ချစ် မိတ် ဆွေ


    ...သင်၏ အဖိုး..................................သင့်အမျိုး၏...

    .....ရိုကျိုးဘာသာ...........................စဉ်အလာကို.....

    .........သင့်မှာလက်ဆင့်.........မကမ်းလင့်သော်.........


    .........လျှမ်းဝင့်ဂုဏ်ဆောင်...တို့ ပြည်ထောင်၏.........

    ......ညီနောင်သားချင်း...........ေ ဆွ မျိုး ရ င်း ကို......

    ...သွေးချင်းနှောယှက်..............ဘာသာပျက်အောင်...

    ပြည်ဖျက်မုဆိုး................................ထို “ လူမျိုး ” က

    ...ရှေ့တိုးကာလေ........................ကြံ စ ည်ေ န ပြီ...

    .........ရန်...တွေ...ကြား.....က...မြန်...မာ...ပြည်.........

    ReplyDelete
  2. that law will make us look bad,stupid,and ignorant .
    Buddhism base on love ,peace and harmony ,forgiveness , and all the good things.
    a person cant consider his/her self true Buddhism if that person is stupid and a narrow minded.

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်