Pages

Tuesday 20 May 2014

အမျိုးပျောက်မှာစိုးကြောက်သူများ



မုံရွာမြို့ ဗုဒ္ဓဘာသာအသင်းကလျာဏ ယုဝအသင်းကိုယ်စားလှယ်ကမြန်မာ မိန်းမများအား ဘာသာခြား လူမျိုးတို့ လက်သို့မရောက်စေရန်နည်းလမ်း များရှာဖွေသင့်ကြောင်းပြောဆို အကြံပေးရာထိုအကြံပေး ချက်နှင့် စပ်လျဉ်း၍မဖြစ်နိုင်သောအရာဟု ချယ်ယာမင် ဦးဘိုးဖြေက ပုံပမာများစွာတို့ဖြင့်ဖော် ပြပြော ဆိုရာအစည်းအဝေးသို့လာ ရောက်ကြသော အသင်းကိုယ်စားလှယ်များနှင့်ပရိသတ်တို့သည် ဘာသာခြား လူမျိုးများနှင့်မြန်မာမိန်းမတို့ အိုးအိမ်ထူထောင်ခြင်းကို များစွာမနှစ် သက်နိုင်ကြကြောင်း အမှတ်အသားပြု ထားရန် သဘောတူပြဋ္ဌာန်းအတည်ပြုကြလေသည်။

ဥက္ကဋ္ဌဦးဘိုးဖြေ၏ပြောကြားချက်များမှာ အားပျော့လှသော်လည်းမြန်မာအ မျိုးသမီးများ လူမျိုးခြားနှင့်ထိမ်းမြား ခြင်းကို မနှစ်သက်ကြကြောင်းကိုကား မှတ်တမ်းတင်နိုင်သည့် အခြေအနေသို့ရောက်ရှိခဲ့ သည်။ြ မန်မာ့နိုင်ငံရေး နိုးကြားမှုသည်တရိပ်ရိပ် တက်လာခဲ့ ရာမြန်မာ အမျိုးသမီးများသည်လည်း နိုင်ငံရေးမျက်စိပွင့်လင်းလာခဲ့ကြသည်။ ၁၉၁၉ခုနှစ်နိုဝင်ဘာလ၁၆ရက်ေ န့တွင် "မြန်မာအမျိုးသမီး ကုမ္မာရီအသင်း" ပေါ်ပေါက်လာခဲ့သည်။



အသင်း၏ဆောင်ရွက်ချက်များ အနက်မြန်မာ အ မျိုးသမီးများဘာသာခြားနှင့်လက်ထပ်လျှင်ဘာသာကို ထိခိုက်ရုံသာမက အမွေဆက်ခံပိုင်ခွင့်လည်းမရှိ၍နစ်နာရကြောင်း ဗုဒ္ဓဘာသာအချင်း ချင်းသာလက်ထပ် သင့်ကြောင်းပြောဟောခြင်းလည်းပါဝင်သည်။

ထို့ပြင် လူမျိုးခြားသာသာခြားသူနှင့်လက် ထပ်မိသူများရှိပါကလည်း ဗုဒ္ဓဘာသာ ဓမ္မသတ်အရအမွေဆက် ခံခွင့်ရရှိရေး ယင်းတို့နဲ့ဘာသာတူမိန်းမများကဲ့သို့ အခွင့်အရေးတန်းတူရရေးတို့ကို ဆောင်ရွက်ပေး ရန်လည်းရည်ရွယ် ကြိုးစားခဲ့ကြသည်။ မြန်မာအမျိုးသမီးများပါနိုင်ငံရေးနိုး ကြားလာကြသောအခါယင်းအရေး
သည်မှတ်တမ်းတင်ရုံနှင့်မပြီးကြောင်း နားလည်လာကြသည်။


ဥက္ကဋ္ဌဦးဘိုးဖြေပြန်ကြားသကဲ့သို မဖြစ်နိုင်သောအရာဟု သဘောမထားပဲ ဘာသာခြားလူမျိုးတို့၏ လက်သို့မ ရောက်အောင်နည်းလမ်းရှာကြသကဲ့ သို့ ဘာသာခြားလူမျိုးတို့၏လက်သို့
ရောက်နေသူများအတွက် အခွင့်အ ရေးများရရှိအောင်မည်သို့ အကာအကွယ်ပေးရမည်ကို စဉ်းစားလာကြသည်။


ဝိုင်အမ်ဘီအေအသင်းသည် ပညာတတ်လူငယ်များနှင့်ဥပဒေပညာရှင်များပါဝင်ခဲ့သဖြင့်အကာအ
ကွယ်ပေးနိုင်မည့်နည်းလမ်းများရှာ ဖွေကြရာ၁၉၂၀ပြည့်နှစ်ပြည်မြို့တွင် ကျင်းပသော သင်းလုံးကျွတ်အစည်း အဝေးကြီး၌အဆိုတင်သွင်းမည့်အစီ အစဉ်များတွင်အောက်ပါအဆိုတစ်
ရပ်လည်းပါဝင်ခဲ့လေသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများနှင့် ဘာသာခြားလူမျိုးကွဲများ လက်ထပ်သည်ကို ဗုဒ္ဓဘာသာတရားဥပဒေအတိုင်းသာလျှင် လိုက်နာဆောင်ရွက်စေရန်
ဥပဒေအရပြုလုပ်ရန် အစိုးရမင်းအား ခွင့်တောင်းရန် အချက်ကို သာယာဝတီမြို့နေ ရှေ့နေဦးပုက ကျိုက်လတ် မြို့ဝိုင်အမ်ဘီအေ အသင်းအတွက် နှင့်သာယာဝတီဒိစတြိတ်နေရှင်နယ်
အသင်းတို့အတွက် အဆိုတင်သွင်း၍ ရန်ကုန်မြို့မြန်မာမိန်းကလေးများအ သင်းဒေါ်စု ပြည်မြို့ဝိုင်ဒဗလှူဘီအေ အသင်းဒေါ်ပုနှင့်ပြွန်တန်ဆာမြို့
ဝိုင်ဒဗလျူဘီအေအသင်းဒေါ်စိန်ညွန့် တို့ကထောက်ခံခဲ့ကြသည်။ ဤသို့ အဆိုတင်သွင်းထောက်ခံကြပြီး နောက်ပြည်မြို့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက် အပိုဒ်၁၆ အဖြစ်အောက်ပါအတိုင်းဆုံးဖြတ်ကြလေ သည်။

၁၆။ လူမျိုးခြားနှင့် အိမ်ထောင်ပြုသောအခါမြန်မာအမျိုးသမီးတို့မှာ နိုင်ငံရင်း အတွင်း၌ပင် ဆင်းရဲပင်ပန်းတရားမဝင်ဖြစ်ခြင်းများကိုခံကြရသည်ဖြစ်၍ နိုင်ငံရင်းဥပဒေရင်းဖြစ်သောဗုဒ္ဓဘာသာဓမ္မသတ်ရာဇသတ်များနှင့်အညီ လက်ထပ်ကြ၍တရားဝင်မိန်းမများဖြစ်ကြစေရန်အစိုးရကဥပဒေအမြန် ပြုပြင်စီရင်ရေးကိုအစိုးရမင်းထံစာ သွင်းရန်။

စာပေဗိမာန်ဆုရစာမူ
ဦးအေးချို (မဟာဝိဇ္ဇာ)ရေးသားသော
အမျိုးပျောက်မှာစိုးကြောက်ပါတော့သည် စာအုပ်မှကောက်နှုတ်ကူးယူ
ဝေမျှပါသည်။

Ko Rarzar

3 comments:

  1. { စွတ် ဖဲ့ }20 May 2014 at 02:58



    အကယ်၍များ ဒေါ်စုသာ မြန်မာတိုင်းရင်းသား

    စစ်စစ်တစ်ယောက်နဲ့ လက်ထပ်ထိမ်းမြား ဖြစ်

    ခဲ့ရင် အမျိုးစောင့်ဖို့အတွက်......ရဟန်းသံဃာ

    တော်တွေ အခုလောက်ထိ လိုက်လုပ်နေစရာ

    မလိုအပ်တော့ပဲ ဒေါ်စုရဲ့ ဟောပြောစည်းရုံးမှု

    နဲ့တင် အမျိုးစောင့် ပြဿနာကြီးဟာ အစစအ

    ရာရာ အဆင်ပြေ ချောမွှေ့သွားစေမှာ မြေကြီး

    လက်ခတ် မလွဲပါပဲလေ...............................

    ReplyDelete
  2. မှန်လိုက်လေ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်