Pages

Tuesday 8 April 2014

မြေယာ ပြဿ နာများ၊ လူမှုရေးပဋိပက္ခများ၏ နောက်ကွယ်တွင် NLD ပါတီ လှုပ်ရှားနေ ဟု ဆို



Tuesday, April 8, 2014

နိုင်ငံတ၀ှမ်း ဖြစ်ပေါ်လျက် ရှိသော မြေယာပြဿ နာများ၏ နောက်ကွယ်တွင် သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်ပြီး    မြေယာအမှုအခင်းများ အကျပ်အတည်းဖြစ်စေရန် NLD ပါတီက စနစ်တကျ လှုပ်ရှားနေခြင်း ဖြစ်ကြောင်း၊ မကြာခဏ ဆိုသလို ဖြစ်ပွားနေသော လူမှုရေးပဋိပက္ခများကိုလည်း NLD ပါတီက စီစဉ်ဆောင်ရွက်နေခြင်း   ဖြစ်ကြောင်း သိရသည်။

“အခုနောက်ဆုံး သမီးလေးကျေးရွာကိစ္စ ဆိုရင် နော်အုန်းလှတို့ ကြားဝင်ပြီး လှုပ်တာ။ တိုင်းအစိုးရက ပေး တဲ့နေရာမှာ ရေတွင်း တတွင်းတူးပေးထားတယ်။ လမ်းဖောက်ပေးထားတယ်။ အိမ်တွေ ပြန်ဆောက်တာ ကတော့ ကိုယ့်ဘာသာ ဆောက်ရမှာပဲ။ ဒါကို နော်အုန်းလှတို့ ကြားဝင်ပြီး DKBA နဲ့ ချိတ်ပြီး လုပ်တယ်။ NLD ပါတီက လယ်သမားကွန်ရက်က နောက်မှာ ပါတယ်။ DKBA က အစိုးရနဲ့ ညှိဖို့ လုပ်တော့ သူတို့က ၀င်ပြီး တားတယ်။ ကျွန်တော် ထင်တာက အစိုးရ နာမည် ပျက်အောင် တမင်သက်သက် လုပ်တယ် ထင် တယ်။ လှည်းကူးနားမှာ မြေနေရာ ရတော့ ဘာထူးသလို ဆိုရင် အများကြီး ထူးပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အပေါဆုံးနေရာက ရန်ကုန်ပဲ။ လှည်းကူးနားမှာ နေရင် အလုပ်မရှားဘူး။ သွားရေးလာရေး အဆင်ပြေတယ်။ DKBA နဲ့ လိုက်သွားရင် ဘာလုပ်လို့ ရမလဲ။ စိုက်ပျိုးရေး လုပ်ပေါ့။ ရေရှည်တော့ DKBA က အလကား ကျွေးထားမှာ မဟုတ်ဘူး။ ပြီးရင် DKBA ထဲ ၀င်ကြပေါ။ ကလေးတွေ ကြီးလာရင်လည်း ရန်ကုန်နားက ကလေးတွေလိုနဲ့ ကွာသွားပြီပေါ့။ ပညာရေး၊ ကျန်းမာရေး အကုန်လုံးပါပဲ” ဟု နိုင်ငံရေးပါတီ တစ် ခု မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သက်ဆိုင်ရာအစိုးရမှ ပွင့်ပွင့်လင်းလင်း ဖြေရှင်းဆောင်ရွက်ရန် အားနည်းခဲ့ပြီး မီဒီယာများကလည်း သမီးလေး ကိစ္စတွင် အစိုးရဘက်မှ ဖြေရှင်းချက်များကို ပြည်သူ သိစေရန် ရေးသားဖော်ပြခဲ့ခြင်း မရှိ ခဲ့ကြောင်း၊ DKBA နာမည်ကောင်း ရသွားသော်လည်း ရေရှည်တွင် ပြောင်း ရွှေ့ နေထိုင်သူများသာ ဒုက္ခရောက်ဖွယ်ရာ ရှိကြောင်း ၄င်းက ပြောဆိုသည်။

ထို့အပြင် နိုင်ငံတ၀ှမ်း ဖြစ်ပွားနေသော လယ်ယာမြေ ပြဿ နာများတွင်လည်း နော်အုန်းလှ၊ ဟန်ဝင်းအောင် တို့၏ ပြည်သူ့အကျိုးဆောင်ကွန်ယက် သာမက NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်
နေကြောင်း   သိရှိရသည်။

“တဖြည်းဖြည်းနဲ့တော့ ရုပ်လုံးပေါ်လာနေပါပြီ။ မြေယာပဋိပက္ခတွေ ဆိုးရွားအောင်၊ မပြေလည်အောင် ကြားကနေ ၀င်ပြီး မြှောက်ပင့်ပေးနေတာ ပြည်သူ့အကျိုးဆောင်ကွန်ရက်နဲ့ NLD ပဲဗျ။ NLD လယ်သမား ကွန်ရက်က လယ်သမားတွေကြားဝင်ပြီး မြှောက်ပင့်ပေးတယ်။ ဧရာဝတီတိုင်းမှာ ကျူးကျော်တွေကို မြှောက် ပင့်ပေးတာ NLD ပါတီဝင်တွေ၊ ပြီးတော့ မီဒီယာတွေကို ဖိတ်ခေါ်ပြီး သတင်းပေးတယ်။ သတင်းစာရှင်းလင်း ပွဲတွေ လုပ်တယ်။ ဒါတွေလုပ်ဖို့ လယ်သမားတွေဆီက ငွေကြေးကောက်တယ်။ လယ်မြေ ပြန်ရရင် ဘယ်လောက် ဆိုတာမျိုး လုပ်ကြတယ်။ တစ်နိုင်ငံလုံးက NLD တွေ လယ်မြေ အမှုတွေ တက်အောင် လှုံ့ဆော်နေတယ်။ လယ်သမားထုကြီး ဒုက္ခရောက်နေပါတယ် ဆိုပြီး လုပ်နေတာ။ ပြည်တွင်းမှာ အဆင် မပြေ ဘူး၊ မတည်ငြိမ်ဘူးဆိုတဲ့ အသံတွေ ထွက်အောင် လုပ်နေတာ။ နေပြည်တော်မှာ ဆိုရင် လွှတ်တော် အမတ် မင်းသူတို့ စန္ဒာမင်းတို့ ဇေယျာသော်တို့က ဒါတွေ လိုက်လှုပ်နေတယ်။ မီဒီယာတွေကို ငွေပေး အစားကျွေးပြီး ခိုင်းစားတယ်။ သတင်းထောက်တွေကလည်း စားရပြီးရော၊ သတင်းရ ပြီးရော ရေးကြတယ်။ အစိုးရအနေနဲ့ နောက်ကွယ်က လက်သည်တွေကို ဖော်ထုတ် အရေးယူဖို့ လိုပြီ” ဟု တောင်သူလယ်သမား ဖွံ့ဖြိုးရေးကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အစိုးရအနေနဲ့ ထောက်လှမ်းရေး ကောင်းကောင်း မရှိတော့ ဒါတွေ သိမှ သိပါ့မလား တွေးစရာ ဖြစ်နေ တယ်။ နောက်ကွယ်မှာ အော်ဖို့ ဟစ်ဖို့ပဲ သိတဲ့ NLD ပါတီဝင်တွေ အများကြီး ပါဝင်ပတ်သက်နေတယ်။ သူတို့က ပြည်သူ့ အကျိုးဆောင်ကွန်ရက်နဲ့လည်း ပေါင်းတယ်။ အခြား နိုင်ငံရေးအရ လှုပ်ရှားနေတဲ့ သမဂ္ဂတွေနဲ့လည်း ပေါင်းတယ်။ ပြီးတော့ မီဒီယာတွေကို လိုက်ခေါ်တယ်။ သတင်းထောက်တွေကလည်း NLD အမတ်တွေနဲ့ ပေါင်းပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်၊ ဦးရွှေမန်းဆီ တင်ပေးမယ် ဆိုပြီး ပိုက်ဆံတွေ တောင်းတယ်။ လယ်သမားတွေဆီက ဝေစုတွေ တောင်းတယ်။ မီဒီယာသမားတွေနဲ့ NLD ပါတီဝင်တွေ ပေါင်းပြီး ဒီပြဿနာတွေ ဖန်တီးနေတာ ကျွန်တော်တို့ ကိုယ်တွေ့ပါပဲ။ ဒါပေမယ့် ဒါတွေက NLD ပါတီရဲ့ မူ ဟုတ် မဟုတ်တော့ အတိအကျ မသိနိုင်ဘူး။ ကျွန်တော်တို့လို လယ်သမား အရေး သက်သက် လုပ်နေ တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လုပ်ရကိုင်ရ ခက်တယ်။ လယ်သမားတွေက ဟိုးအစဉ်အဆက် က အမှုပြတ်ပြီးသား ကိစ္စတွေကို ရှာဖွေပြီး ပြန်တောင်းတာတွေ လုပ်လာကြတယ်။ ကျွန်တော်တို့က ဥပဒေ အရ ကြည့်တယ်။ တစ်ကယ် နစ်နာသလား ကြည့်တယ်။ တချီု့ဆိုရင် ဂျာနယ်တွေမှာသာ ပါနေတာ။ လိမ်ညာပြီး တောင်းနေတာတွေ ရှိတယ်” ဟု ၄င်းက ပြောဆိုသည်။

ထို့အပြင် လူမှုရေးပဋိပက္ခများတွင်လည်း NLD ပါတီဝင်များ ပါဝင်နေကြောင်း၊ ဘာသာခြားများအကြား   ကောလ ယာလများ ဖြန့်ချိခြင်း၊ ဗုဒ္ဓဘာသာဝင်များ အကြား မမှန်သတင်းများ ဖြန့်ခြင်းတို့ကို NLD ပါတီဝင် အချို့ ဆောင်ရွက်နေသ်ည ကို လက်တွေ့ တွေ့မြင်ခဲ့ရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

“ဒါတွေ လုပ်နေတဲ့အတွက် NLD အတွက် ဘာအကျိုး ရနိုင်မလဲ။ စဉ်းစားလို့ ရတာက ဒေါ်စုက ပိတ်ဆို့မှုတွေ မရုပ်ပါနဲ့ဦး၊ ၂၀၁၅ ကျော်မှ ရင်းနှီးမြုပ်နှံကြပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးမှ ရင်းနှီးကြပါ ဆိုပြီး   အော်နေတာက ပြည်ပက လက်ရှိအစိုးရကို ၀ိုင်းပြီး ဖိအားပေးလာအောင် လုပ်နေတဲ့ သဘောလို့ ယူဆနိုင် တယ်။ ပြည်တွင်းမှာလည်း လယ်ယာမြေတွေ၊ လယ်သမားပြဿနာတွေ ဖန်တီးတယ်၊ လိုက်လှုပ် တာပေါ့။ မငြိမ်မသက် ဖြစ်လာရင် Social Unrest တွေ ဖြစ်၊ အစိုးရနဲ့ ထိပ်တိုက်တိုး၊ အကြမ်းဖက်နှိမ်နင်း တာတွေ ထိပ်တိုက်တွေ့တာတွေ ဖြစ်၊ ဒီတော့ အစိုးရကို ပြည်တွင်းကရော ပြည်ပကပါ ၀ိုင်းပြီး ရှုတ်ချ။ ပြည် သူတွေကြားမှာလည်း လယ်သိမ်းမြေသိမ်းတွေ မတရားကြီးကို ဖြစ်နေတယ် ဆိုတဲ့ အထင်တွေရောက်။ ဒါက NLD ရဲ့ မဟာဗျူဟာပါပဲ။ မီဒီယာတွေကလည်း ဒါမျိုးဆို လူစိတ်ဝင်စားမယ် ဆိုပြီး ၀ိုင်းထည့်ကြပေါ့။ အမှန်တော့ နောက်ကွယ်က သွေးထိုးနေတဲ့သူတွေကို ဖော်ထုတ်ဖို့ လိုတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ တစ်ဦးက ပြောဆိုသည်။

“ဒါ့အပြင် လူမှုရေး ပဋိပက္ခတွေ ပေါ်လာတာကို ကြည့်ရင် NLD နဲ့ ၈၈ အဖွဲ့တွေ သွားပြီး ဖြစ်လာတာကို လူတွေက သတိမထားမိဘူး။ ဘင်္ဂလီတွေက ဦးဝီရသူသွားတာကို ဆွဲထုတ်နေတယ်။ ဦးဝီရသူကပုန်း ကွယ်ပြီး   တိတ်တိတ်ကလေး သွားတာ မဟုတ်ဘူး။ NLD နဲ့ ၈၈ တွေက လူမသိအောင်သွားတယ်။ တင်းမာ မှု ဖြစ်နေပြီ ဆိုရင် သူတို့ ရောက်သွားတယ်။ ပြီးတော့ သိပ်မကြာဘူး ပြဿနာတွေ ဖြစ်ရော။ ဒါတွေက တိုက်ဆိုင်တာ မဟုတ်တော့ဘူး။ ခဏခဏ ဖြစ်နေတာ။ ဟန်ဝင်းအောင်ရဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက် လည်း ပါတယ်။ မိုးသီးဇွန်ရဲ့ အပြင်က လူ့ဘောင်သစ်တွေလည်း ပါတယ်။ ဒါတွေကို ဒေတာနဲ့ အချက်အ လက် နဲံ့   ဆွဲ ထုတ်ပြီး လေ့လာကြည့်ရင် ပိုပြီး ထင်ရှားမယ်” ဟု ၄င်းက ပြောဆိုသည်။

NLD ပါတီ၏ ဘိုးသက်ရှည် သံမဏိ ဦးဝင်းတင် အသည်းအသန်ဖြစ်၍ ဆေးရုံ တက်နေရသော်လည်း   ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခြင်း မရှိသေးကြောင်း အဆိုပါ နိုင်ငံရေးလေ့လာသုံးသပ် သူက ပြောဆိုသည်။

P-87549867

1 comment:

  1. { စွတ် ဖဲ့ }8 April 2014 at 08:28



    တစ်ကယ့် ဖြစ်ရပ်မှန်ကတော့ ဖော်ပြခံရမှာပဲ

    အဲဒါကို အကျိုးရှိ/မရှိ ဆိုတာမျိုး သွားပြောနေ

    လို့ မရဘူး...စစ်တပ်မှားရင် မှားတဲ့အကြောင်း

    တစ်ခုမကျန် ရေးကြတယ်.............တစ်ချို့ဆို

    မဟုတ်တဲ့ အကြောင်းအရာတွေပါ ပါလာတတ်

    သေးတယ်...ထားပါ...အဲ...အဲ့သလိုပဲ...ကျန်တဲ့

    သူတွေ မှားရင်လည်း ရေးကြရမှာပဲ....စစ်တပ်

    ကျတော့ ချွင်းချက်မရှိ အကုန်ရေး......ကျန်တဲ့

    ဟာတွေကျတော့...အကျိုးရှိ/မရှိ....သင့်/မသင့်

    ချိန်ဆပြီး ရေးရမယ်ဆိုရင်တော့...စဉ်းစားသာ

    ကြည့်ကြပေတော့ဗျို့.....ကျုပ်က စစ်တပ်ဖက်

    က လိုက်ပြောပေးနေတာ မဟုတ်ဘူး...ဒီကနေ့

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက

    လူပုဂ္ဂိုလ်အပေါ် မူတည်ပြီး အကျိုးသက်ရောက်

    မှု ရှိနေတာကြီးကိုတော့...ကျုပ်က လက်မခံဘူး

    ဗျာ...အလေးအနက်ထား တွေးကြည့်ကြပေါ့လေ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်