Pages

Tuesday 8 April 2014

မွန်ပြည်နယ်က ကျေးရွာအုပ်စုအချို့ကို မြို့အဖြစ် ပြောင်းလဲ သတ်မှတ်



မွန်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ကို မြို့အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း   မြ၀တီ သတင်းဌာနမှ ဖော်ပြသွားပါတယ်။မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ သိမ်ဆိပ်ကျေးရွာ၊ ကျိုက်ကော်ကျေးရွာနှင့် တောင်ကြား ကျေးရွာတို့ကို စုပေါင်း၍ သုဝဏ္ဏဝတီမြို့အဖြစ်သက်ဆိုင်ရာ မှ ပြောင်းလဲ သတ်မှတ်ပေးလိုက်ပါတယ်။


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ၊ ခလောက်အင်းကျေးရွာ၊ ဖလပ်ကျေးရွာနှင့် ဆားဖိုစုကျေးရွာ တို့ကို စုပေါင်း ၍ ဇင်းကျိုက်မြို့အဖြစ် သက်ဆိုင်ရာမှ ပြောင်းလဲ သတ်မှတ်ပေးလိုက်ပါတယ်။မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ စိန်တောင်ကျေးရွာ၊ ထောင်ကေးကျေးရွာနှင့် ဂုံညှင်းတန်း   ကျေးရွာတို့ကို စုပေါင်း၍ ကမာဝက်မြို့အဖြစ် ပြောင်းလဲ ပြင်ဆင်သတ်မှတ် ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့   မြ၀တီ သတင်းဌာနမှ တင်ပြသွားပါတယ်

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်