ကျုပ် ဟိုနေ့က NLD ပါတီထဲ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့တွေ ပြန်လည်ရွေးခံခွင့်ပြုခဲ့လို့ အမှားကြီးမှာခဲ့ တာကို တင်ပြခဲ့ပါတယ်။ ဒီနေ့တော့ NLD ကိုချစ်ကြလို့ ဒေါ်စုကို အထောက်အကူပြုဖို့ နိုင်ငံ့အကျိုးကို စွမ်းစွမ်း တမံသယ်ပိုးကြဖို့အတွက် တတ်သိနားလည်ကြတဲ့ ပါတီဝင်တွေ၊ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေကို အမေစုနားကို ကပ်မရအောင် နည်းမျိုးစုံနဲ့ ကန်ချခဲ့ကြတာတွေကို ပြောပါ့မယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်စုရော ပါတီထဲ ထဲထဲဝင်ဝင်လုပ်ကြတဲ့ပုဂ္ဂိုလ်တွေ သိသင့်သလောက်တော့ သိကြပါ လိမ့်မယ် ။ ပါတီတွင်းညီလာခံတွေလုပ်ကြတဲ့အခါမှာ ပါတီအကျိုးကို တိကျမှန်ကန်စွာ လုပ်ဆောင်ကြတဲ့ သူတွေတော်တော်များပါတယ်။
ပုသိမ်က ဦးညွန့်လှိုင်တို့အဖွဲ့၊ မန္တလေးက ဦးကိုကိုအောင်တို့အဖွဲ့၊ မြင်းခြံက Dr ဝင်းသူတို့အဖွဲ့၊ ရန်ကုန်က ဦးခင်မောက်ရှိန်၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့အဖွဲ့၊ တံတားဦးက Dr အောင်စိုးမြင့် တို့အဖွဲ့၊ နောက် မြောင်းမြ ၊ ကော့သောင်း၊ ရွှေပြည်သာ၊ မြဝတီ၊ မြစ်ကြီးနား၊ နေပြည်တော်လယ်ဝေး၊ ရေစကြို၊ ကယားပြည်နယ် အများ ကြီးပေါ့ဗျာ။
နောက် ရှေ့နေကြီး ဦးအောင်သိန်းကို သိကြတယ်မဟုတ်လား ။ ဒေါ်စုအကျယ်ချုပ်နေ ကတည်းက ဒေါ်စုရဲ့ ကိစ္စအဝဝနှင့် NLD ရဲ့အကျိုးကို အမြဲဆောင်ရွက်ခဲ့တဲ့သူလေ။ ဒီလိုလူမျိုး ကိုတောင်မှ ညီလာခံကျင်း ပရေးကော်မရှင်အဖွဲ့တွေ ဝိုင်းဝန်းချိုးနှိမ်ခဲ့ကြတာ။ ဒေါ်စုကပြောတယ်တဲ့ ဒီရပ်ကွက်မှာ ဦးအောင်သိန်းထက်တော် တဲ့လူတွေ အမျုားကြီးရှိလို့နေမှာပေါ့တဲ့။ ကဲ ကောင်းကြရောလား။
ကျုပ်သိတဲ့ မန္တလေးနှင့် မြင်းခြံကအဖွဲ့အကြောင်းကိုလည်း ပြောပါဦးမယ်ဗျာ။ မန္တလေးက ဦးကိုကိုအောင်တို့၊ ဦးဝင်းလှိုင်တို့ဟာ NLD ရပ်/ကျေးရုံးတွေဖွင့်ဖို့ ပြည်သူတွေကြောက်နေကြတဲ့အချိန်မှာ ဘဲဥအစရှာမရ ဖြစ်နေ ကြတဲ့ အချိန်မှာ နေ့ရော ညပါ ကြိုးစားလိုက်ကြရတာ။ မြင်းခြံက Dr ဝင်းသူတို့၊ Dr ဝင်းနိုင်တို့၊ ကိုကြည်ဝင်းတို့ ဟာလည်း ဒီအတိုင်းပါပဲ။ ရပ်ကျေးရုံးတွေဖွင့်၊ ပါတီဝင်တွေစုဆောင်း၊ ဟာသ ပညာရှင် နှုတ်ခမ်းမွေး ဦးပါပါလေး တို့နဲ့တွဲပြီး နေရာအနှံ့မှာ စည်းရုံးရေးလုပ်ခဲ့ကြတာတွေ၊ မန္တလေးတစ်တိုင်းလုံး သိကြမှာပါ။
ဒီလိုလုပ်ကြတော့ ပါတီဝင်တွေက သူတို့ကို ထောက်ခံကြတယ်လေ။ ဒီတော့ တနင်္ဂနွေသားရဲ့ တပည့်တွေ၊ ဆရာမွေး တပည့်မွေး မွေးပြီး သူတို့ပါတီတွင်း နေရာပြန်ရရေး မတရားကြိုးပမ်းနေတဲ့ ညီလာခံကျင်းပရေးကော် မရှင်အဖွဲ့တွေ ကျဆုံးခန်းရောက်တော့တာပေါ့။ ဟော ဒါနဲ့ အင်္ဂါသားနှင့် တနင်္ဂနွေသားတို့ပူပေါင်းပြီး အပြစ်မရှိတဲ့ ပါတီကောင်းကျိုးကို ဆောင်ရွက်နေတဲ့သူတွေကို ပါတီဝင်အဖြစ်ကနေ ဆိုင်းငံ့ပါလေရော။
NLD ပါတီကြီး ဖြစ်မှဖြစ်ရလေနော်။လူရွှင်တော် နှုတ်ခမ်းမွေး ဦးပါပါလေး ဆိုတာ လူတိုင်းသိကြမှာပေါ့။ ၈၈ ကတည်းက ဒေါ်စုရဲ့လက်စွဲပဲဟာ။ ဟာသပညာရှင်ဆိုတော့ လူထုကချစ်ကြတယ်မဟုတ်လား ။ ထောင်တန်း ကျပြီး အနစ်နာလည်ခံခဲ့ကြတာကိုး။ ဦးပါပါလေးပါတဲ့ ရုံးဖွင့်ပွဲဆိုတော့ လူထုက ပုရွက်ဆိတ်အုံ ကျနေတာပဲ။ ဒါကိုအခွင့်ကောင်းယူပြီး နိုင်ငံရေးသမားတွေက စည်းရုံးရေးလုပ်ရမယ်လေ။ သိတယ်ဟုတ်။ အဲဗျာ ကျုပ်တို့ မန္တလေး က ဘာနိုင်ငံရေးအသိမှမရှိတဲ့ မွတ်ဆလင်မကြီးက ဦးပါပါလေးတို့ကို ရုံးဖွင့်ပွဲမလာရအောင် နည်းမျိုးစုံနဲ့လုပ်ပါလေရော။ ဒေါ်စုသိရဲ့လား၊ ကျွတ် ကျွတ် ကျွတ်…။
ဆရာမွေး တပည့်မွေး မွေးပြီး သူတို့ ပါတီတွင်းနေရာပြန်ရရေး မတရားကြိုးပမ်းနေတဲ့ ညီလာခံကျင်းပရေး ကော်မရှင် အဖွဲ့တွေ ကျဆုံးခန်း ရောက်တော့တာပေါ့။ဒါကြောင့်မို့ ဆရာတော်ဦးဝီရသူက မိန့်တယ် ။ NLD ဟာ ဝတ်အသင်းသာသာပဲရှိတယ် တဲ့။ ကျုပ်က ဆရာတော့်ကိုပြန်လျောက်လိုက်ပါတယ်။
ဝတ်အသင်းလောက်တောင် အဆင့်မရှိပါဘူး ဘုရား လို့။ ကဲ ကျုပ်ပြောပါမယ် NLD ပါတီရဲ့ ရပ်/ကျေး အဆင့် ကနေ ဗဟိုအထိ ရုံးတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ရုံးစနစ်များ၊ ပါတီစည်းကမ်းများ ရှိကြသလား၊ လိုက်နာ လုပ်ဆောင် မှုရော ရှိကြသလား။ တစ်နိုင်ငံလုံးအတိုင်းအတာကိုပြောတာပါ။ ဗဟိုကို ကျုပ်ရောက်သွားတော့ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့တွေနဲ့တွေ့တယ်။ မန္တလေးတိုင်းကနေ ဗဟိုကိုတင်ထားတဲ့စာလေး (၂)စောင်ကို ရှာတာ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိကြာတယ်။ လုံးဝမတွေ့ခဲ့ပါဘူး။ ဒါလောက်ဆိုလျှင် သဘောပေါက် ပါလိမ့်မယ်။
ရုံးလုပ်ငန်းတွေကိုကျွမ်းကျပ်တဲ့ပုဂ္ဂိုလ်တွေ ကျုပ်တို့ NLD မှာ အများကြီးးရှိပါတယ်။ လုပ်ချင်စိတ်ရှိသူတွေ၊ လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ စုံလို့။ ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို မူလရှိပြီးသားလူတွေက သူတို့နေရာပျောက်မှာစိုးလို့ ၊ ဒေါ်စုကို သူတို့လိမ်ချင်တိုင်း လိမ်လို့ မရမှာစိုးလို့ နည်းမျိုးစုံနဲ့ကန်ချတယ်။
ဒီတော့ ပါတီထိပ်တန်းနေရာတွေမှာလည်း ပြဿနာတွေမျိုးစုံနဲ့။ ဟုတ်မဟုတ် အသေအချာစဉ်းစားစေချင် ပါတယ်။ အခု ပါတီဗဟိုညီလာခံကြီးပြီးသွားပြီ။ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေ မှာတော့ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ ဟုတ်ပါတယ်နော်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဒေါ်စုက ဥက္ကဋ္ဌ။ ဟုတ်ပြီ ဒု ဥက္ကဋ္ဌက ဘယ်သူလဲ၊ အတွင်းရေးမှူးတွေက ဘယ်သူလဲ၊ ဘဏ္ဍာရေးအဖွဲ့တွေက ဘယ်သူလဲ။ နေရာနှင့် တာဝန် သတ်သတ်မှတ်မှတ် ဘာဖြစ်လို့မရွေးချယ်နိုင်တာလဲ။ သဘောပါတယ်နော်။ ဒါတွေဟာ NLD အတွက် ဘယ်လောက်အရေးကြီးလဲ။ ပြည်သူချစ်တဲ့ပါတီဖြစ်တဲ့အတွက် ဘယ်လောက်အရေးပါမလဲ။ နောက် ဒေါ်စု အလုပ်မအားရဘူး၊ ပင်ပန်းတယ် မှန်ပါတယ်။ အဓိကကျတဲ့အချက်ကိုစဉ်းစားမိကြလား။
ဒေါ်စုအနားမှာ အားကိုးလောက်တဲ့ ရုံးလုပ်ငန်းတွေကို ကျွမ်းကျင်တဲ့ ဦးစီးအရာရှိတွေ လိုတယ်နော်။ အခုတော့ တတ်သိနားလည်ပြီး တော်တဲ့ လူတွေကို ဒေါ်စုနားမရောက်အောင် နည်းမျိုးစုံနဲ့ ကန်ချနေကြတယ်။ ပါတီတွင်း ကိုယ်လုပ်ချင်တာ လုပ်လို့ရအောင် ပါတီရဲ့စည်းကမ်း နည်းလမ်း ဥပဒေတွေကိုလည်း ဘာတစ်ခုမှ တိတိကျကျ လုပ်ထားတာမရှိခဲ့လေတော့ NLD အတွက် ရင်လေးမိတယ်။ ဒါတွေကို ဒေါ်စုနှင့် ထိပ်တန်းပါတီခေါင်းဆောင်တွေ သိကိုသိရမယ်။
အချိန်နဲ့တပြေးညီလည်း ပြင်ရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဒီပါတီတွင်းမှာတောင် စည်းစနစ်တကျ၊ ဒီမိုကရေစီနည်း တကျ မအုပ်ချုပ်နိုင်ရင် ၂၀၁၅ ခုနှစ် သမ္မတဖြစ်ချင်တဲ့ ဒေါ်စုရော၊ ဝန်ကြီးတွေဖြစ် ချင်နေကြတဲ့ ပုဂ္ဂိုလ်တွေရော ဝေလားဝေးပဲမောင်တို့။ ကျုပ်က အပုပ်ချတာမဟုတ်ပါဘူး ။ ထောက်ပြတာပါ။ NLD ပါတီကြီးကို ထမရအောင်လုပ်ထားကြတဲ့အချက်တွေထဲ ဒါလဲ တစ်ချက်ပါနေပါတယ် ကွယ်တို့ရေ။
ဆက်လက်တင်ပြပါမယ်။
ဇာနည်ဘွား
ဓာတ်ပုံ=ခိုင်လေးရဲ့ ကိုဇော်

Nld အတွင်းစည်းလေး
ReplyDeleteသိရသမျှ ရသလောက်
ဖော်ပြပေးစေချင်ပါတယ်။
ဒီလောက်ပစ္စလက္ခတ်ဖြစ်ပျက်နေတဲံ့ပဋိပက္ခတွေမှာလည်းမပါ။
ပြည်သူ့အကျိုးပြုတွေ လုပ်နေတာလည်း မမြင်။
ကြားဖြတ်ပြီးကတည်းက မယ်မယ်ရရ
ဘာမှ လုပ်ပြတာလည်းမမြင်လို့ပါဗျာ။
ပြည်သူလူထုအနေနဲ့ NLD ရဲ့ဆောင်ရွက်မှုတွေကို သိလောက်ပြီထင်ပါတယ်။ NLDဟာ ရွေးကောက်ပွဲပြီးထဲက ဘာတစ်ခုမှပြည်သူလူထုအတွက်ထဲထဲဝင်ဝင်ဆောင်ရွက်ပေးတာမရှိဘူး
ReplyDeleteတစ်ချို့NLD အမတ်တွေဟာ မိမိတို့ရပ်ရွာကောင်းကျိုးအတွက် အဆိုကောင်းများတင်လိုသော်လည်း ဒေါ်စု
ကလက်မခံရင်သူတို့ခင်ဗျာမတင်ရရှာဘူး။ ဒေါ်စုက အမတ်အားလုံးကို ကြိုးကိုင်ချယ်လှယ်နေတယ်။
NLD အမတ်များအနေနဲ့မိမိတို့ရပ်ရွာကောင်းကျိုးဆောင်ရွက်ဖို့ရာ ဒေါ်စုကိုကြောက်စရာမလိုဘူး သူခေါင်းဆောင်ဆိုတာတော့ဟုတ်ပါတယ် တစ်နိုင်ငံလုံးက မဲနိုင်ဒေသအားလုံးအဖွားကြီးလိုအပ်ချက်သိတာမ
ဟုတ်ဘူး NlDအမတ်များအနေနဲ့မိမိတို့ဒေသလိုအပ်ချက်များကို ဘယ်သူ့မျက်နှာမှမထောက်ဘဲ လွှတ်တော်အတွင်းမှာ ဒေါ်စုကိုမကြောက်ပဲ ပြည်သူလူထုအတွက်ဆောင်ရွက်ပေးကြပါ
ကိုဇာနည်ဘွားရေးတဲ့ အထဲမှာကျုပ်တို့ NLDလို့ ပါတယ်နော် NLDမကောင်းမှန်းသိရင် ဘာလို့ ဆက်နေနေတာလဲ နုင်ငံရေးလုပ်တာ နိုင်ငံသားတွအကျိုး သယ်ပိုးဖို့ ပါ ဒီပါတီမူဝါဒမကြိုက်ရင် ကောင်းမယ်ထင်တဲ့ပါတီပြောင်းပေါ့ ပါတီထဲကလဲမထွက် ကိုယ့်ပါတီကိုလဲအပုတ်ချနေတာ အောက်တန်းမကျဘူးလား တခြားပါတီဝင်က ဝေဖန်တာ ရှု့ ချတာဆိုရင်နားလည်လို့ ရပါတယ် မကောင်းမှန်းသိတဲ့ပါတီ မှာဆက်နေနေတာ အာဏာလေးများ အချောင်ရမလားဆိုတဲ့စိတ်နဲ့ လား ပြည်သူကိုချစ်တဲ့စိတ်တော့မရှိလောက်ဘူး နိုင်ငံရေးလုပ်နေသူ များပြည်သူလူထုအတွက်ဆိုတဲ့စေတနာမှန်နဲ့ လုပ်နိုင်ကျပါစေ
ReplyDeleteသန်းရွှေက ကြံဖွံ့ ကိုထားခဲ့တယ်၊ဒေါ်အောင်ဆန်းစုကြည်ထားခဲ့မှာ NLD မဟုတ် ဒီမိုကရေစီသာဖြစ်တယ်လို့ ယုံကြည်သည်။ ယခုအချိန်ထိဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောNLDကိုသာကျွန်တော်သွားခဲ့ရောက်ရှိခဲ့
ReplyDeleteသော စစ်တပ်တွင်းမှစစ်သား၊မိသားစု၊ဒေသပြည်သူအားလုံးကထောက်ခံကြသည်။ဘယ်အချိန်ရွေးရွေး NLD
နိုင်မည်။ထို့ကြောင့်ကာဠုကြောက်နေသည်။အရိုးမကိုက်ရမှာဆိုးသောကြောင့်ဖြစ်သည်။
ငါ့မယားပါသားကာဠု။မင်းကိုသတိပေးလိုက်မယ်စုပ်ပြတ်နေတဲ့မင်းပါးစပ်ကလုပ်ရပ်တွေကိုခုရပ်။မင်းကိုဘယ်ပါတီကဖင်လိုးပြီးပြောခိုင်းထားတဟဟသဟသ့ဟသဟ
ReplyDeleteငါကရွှေဘိုသားမင်းကိုခြိမ်းခြောက်နေတာမဟုတ်ဘူးတကယ်လုပ်မှာနော်။လက်နဲ့ဇက်ဘယ်ဟာပြတ်ချင်တုံး
ReplyDeleteခွေးသားကာဠုဖင်ခံချင်ရင်ရွှေဘိုလာခဲ့ငါ့လီးကိုဆီဆွတ်စောင့်နေမယ်။ငါလိုါမသားငါလိုးမသား။တဆွေမျိုးတစ်နှစ်သမီးကိုတောင်မချန်လိုးပေးမယ်
ReplyDelete