ဦးအောင်မိုးဝင်း
၁။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွား
တဲ့အကြောင်းရင်းတခုဟာ
ချက်ချင်းညာ လို မွတ်ဆလင်နယ်မြေတွေမှာ လူဦးရာမတန်တဆပွားများလာရာကနေ
ဌာနေရုရှားလူမျိုးတွေ လူနဲစုဖြစ်သွားတာကြောင့်ဖြစ်တယ်
။
၂။ နိုင်ငံတိုင်းဟာ ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ပေါ်လ
စီတွေချမှတ်ကြလို့ နိုင်ငံရေး
သမားတယောက်အမြင်နဲ့ လူ့အခွင့်အရေးသမားတယောက်ရဲ့အမြင်ဟာ တခါတလေဆန့်ကျင်ဘက်လိုဖြစ်နေတတ်တယ်
၊ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်နေလို့ ဘယ်အမြင်နဲု့ကြည့်မှာလဲ ဆိုတာ မေးခွန်းတခုရှိလာတယ်။
ဒေါက်တာခင်စောဝင်း
၁။ နိုင်ငံရေးခိုလူံခွင့်နဲ့ရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်တွေကို သက်ဆိုင်ရာအစိုးရက လူဦးရေထိန်းချုပ် တဲ့ပေါ်လစီတွေရှိဖူးတယ်။ အာဏာပိုင်တွေအနေနဲ့ လူဦးရေထိန်းချုပ်တာကို လုပ်ဖို့လိုအပ်လာရင် လုပ်သင့်လုပ် ထိုက်တာကိုလုပ်ရလိ့မ်မယ်။
၂။ လူ့အခွင့်အရေးကိုလေးစားလိုက်နာတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် ဒုက္ခသည်တွေကို လူဦးရေထိန်းချုပ်မူ့လုပ်ခဲ့တဲ့သာဓကတွေရှိတယ်။
၃။ မွေးဖွားနူန်းကိုထိန်းချုပ်ပေးတယ်ဆိုတာ တကယ်တော့ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ကာကွယ်ပေး ရာရောက်ပါတယ်။ အမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်သူတွေဟာ သားဆက်ခြားစီမံကိန်းလိုအပ်တယ်လို့တောင်းဆိုကြတယ်။
ကလေးတွေအများကြီးမွေးဖွားလာရင် မိခင်တွေရဲ့ကျန်းမာရေးလဲ ချို့ယွင်းလာတယ်၊
ကျန်းမာရေး၊ စီးပွားရေး၊ လူမူ့ရေးအဘက်ဘက်က ချို့ယွင်းလာတတ်တယ်။
ကလေးတွေများလာလို့ အသေအ ချာမထိမ်းသိမ်း မစောင့်ရှောက်နိုင်တာကြောင့်
အဲဒီကလေးတွေကြီးပြင်းလာတဲ့အခါ ဘာမှဖြစ်မလာတဲ့ဆိုးကျိုး သက်ရောက်မူ့တွေရှိတယ်။ ဒါကြောင့် မွေးဖွားနူန်းကိုထိန်းချုပ်ပေးတယ်ဆိုတာ လူ့အခွင့်အရေးချိုးဖေါက်နေ တယ်လို့မြင်တာထက် အမျိုးသမီးတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးတာဖြစ်တယ်။
၃။ အစိုးရဘက်ကလဲ ကလေးနှစ်ဦးတည်းမွေးဖွားရမယ်လို့ကန့်သတ်တာအပြင် အမျိုးသမီးတွေသိရှိ နားလည်လာအောင် မိသားစုစီမံကိန်းတွေ၊ သားဆက်ခြားစီမံကိန်းတွေ၊ သားကြောဖြတ်တဲ့နည်းလမ်းတွေကို ပညာပေးပြီးအကူအညီထောက်ပံ့ပေးသင့်တယ်။
RFA presenter တောင် အထက်ကပညာရှင်နှစ်ယောက်ဆွေးနွေးသွားတာကို
ထူးထူးခြားခြား ထောက်ခံပေး ထားပါတယ်။ နောက်တခုက ရိုဟင်ဂျာလို့မသုံးနူန်းဘဲ
ဘူးသီးတောင်၊ မောင်တောက မူဆလင်တွေလို့ သုံးနူန်းသွားတာသတိထားမိလိုက်ပါတယ်။
https://soundcloud.com/burmeserfa/fxtiggqhgn82
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်