Pages

Tuesday, 11 June 2013

မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်



အဲပုဂံက မလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာဒေသများသို့ သွားရောက်နိုင်ရန်အတွက် အဲပုဂံလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။

“ကျမတို့က International လေကြောင်းလိုင်းမဟုတ်တဲ့အတွက် သူတို့ ပြန်လာမှာကို သွားခေါ်လို့မရပါဘူး ၊ ဒါပေမယ့် မလေးရှားကိုရောက်နေတဲ့ မြန်မာတွေမှာ နယ်တွေက များတဲ့အတွက် သူတို့ ပြန်ရင် အဆင်ပြေအောင် ကျမတို့ အဲပုဂံ ပြည်တွင်း လေကြောင်းလိုင်းမှာ အခမဲ့ စီးနင်းခွင့်ပြုသွားမှာပါ ” ဟု အဲပုဂံမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာများအနေဖြင့် အဲပုဂံ လေကြောင်းလိုင်း PR ဌာန (ဖုန်း- ၅၀၄၂၈၄ ) သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။မလေးရှားရောက်ဗမာများပြန် လာနိုင်ရေးအတွက် ထူးဖောင်ဒေးရှင်းက ကနဦးဒေါ်လာ ၁သိန်းလှုဒါန်းမည်ဖြစ်ကြောင်းသိရသည်။

2 comments:

  1. ကောင်းပါတယ်ကိုယ့်လူမျိုးကိုကူညီရမှာပဲဦးတေဇကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ရွှေပလောင်11 June 2013 at 10:34

    တကယ်ဟုတ်ခဲ့မယ်ဆိုရင် အတိုင်မသိ ၀မ်းသားပါတယ် ဦးတေဇလိုဘဲ ကျန်တဲ့ကားဂိတ်တွေ ကူညီကြပါအုန်း

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်