Tuesday, 11 June 2013
“ကြွေ ခဲ့လို့ မကျေခဲ့ရင်...”
သားတာဝန်မကျေခဲ့ရင် ခွင့်လွှတ်ပါ အဖေနဲ့အမေ...။
တိုက်ကြီးကြီးနဲ့လည်း မနေချင်ပါဘူး
ကားကောင်းကောင်းလည်း မစီးချင်ပါဘူး
ငွေကို ရေလိုသုံးမယ်လို့ စိတ်မကူးပါဘူး.....။
အမေ့အပြုံးကို မြင်ချင်လို့
အဖေ့ ပုခုံးဝန်ကို လိုချင်လို့
ညီ ညီမလေးတွေ ကျောင်းစရိတ် ဖူလုံချင်လို့
သားတို့ မိသားစု သောကအပူ ထပ်မကြုံချင်လို့
အမေ့ရင်ခွင်နဲ့ ကမ္ဘာခြားလို့နေတဲ့
ဝေးတစ်မြေရပ်ခြားမှာ
အလုပ်သမားဘဝပါ အမေ...။
နေ့ည မသိ
စက်ရုပ်လို ရှိတဲ့ ဘဝတွေ
ပန်းချင်လည်း ပန်းပစေ
နွမ်းချင်လည်း နွမ်းပစေ
မိသားစုအရေး တွေးတွေးပြီး အလွမ်းဖြေရပါတယ်အမေ...။
ကိုယ်စိတ်ပန်းလို့ နွမ်းတဲ့အခါ
“ငါ့ သားကြီး ကျန်းကျန်းမာမာ ရှိပါစေ
ချမ်းချမ်းသာသာရှိပါစေ....”ဆိုတဲ့ မေတ္တာပြည့်တဲ့ အမေ့စကား
ခွန်အားတွေ ထပ်တိုး
သား ဒိထက်ပိုပြီး အလုပ်ကြိုးးစားပါ့မယ်အမေ...။
“ဘုရားတရားလည်း မမေ့နဲ့
အပျော်အပါးလည်း မတွေ့နဲ့
ပြန်ချိန်တန် ပြန်လာခဲ့...”လို့ သွန်သင်တဲ့အဖေ့စကား
သား..မြေဝယ်မကျ နားထောင်ပါတယ်အဖေ...။
ညီ ညီမလေးတွေ နောင်ရေး
မကြာမကြာတွေးပြီး
မပြည့်စုံမှာကို ရင်လေးတယ်...။
ဒါပမဲ့...
အချိန်မတန် အိမ်အပြန်ဝေး
ကွေးသောလက် မဆန့်ခင်
ဆန့်သောလက် မကွေးခင်
သားတာဝန်မကျေခဲ့ရင် ခွင့်လွှတ်ပါ အဖေနဲ့အမေ...။
(အချိန်မတန် အိမ်မပြန်ခင် ကြွေလွင့်သွားရှာသော မြန်မာအလုပ်သမားများနှင့် ဘဝတူ ရုန်းကန်နေမြဲဖြစ်သော မြန်မာအလုပ်သမား ညီအကိုများ ၏ ရင်တွင်းခံစားချက်ကို မျှဝေခံစားကြည့် ပါသည်....။)
စာရေးသူ >> winlatt
အမျိုးအစာ
ကဗျာ
Subscribe to:
Post Comments (Atom)

ခွင့်လွှတ်ပါတယ်သားရယ်.... သား ရောက်ရာအရပ်က အမြန်ပြန်လာပါ မြန်မာပြည်က ပြည်သူတွေအားလုံး နွေးထွေးစွာ ကြိုဆိုလျှက်ပါ
ReplyDelete