Pages

Wednesday, 5 June 2013

နာမည် အကြီးအကျယ်ကျဆင်းနေတာကိုး သတိပြုမိဖို့ လိုပါတယ် ....



နာမည် အကြီးအကျယ်ကျဆင်းနေတဲ့ အဖွဲ့က တခြားအဖွဲ့တော့ မဟုတ်ပါဘူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (N.L.D) ပါ ...လာမယ့် ၂၀၁၅ မှာ ၁၉၉၀ ကလို ရလာဒ်မျိုးရဖို့ ဖြစ်နိုင်စရာ အခွင့်အရေး အင်မတန် နည်းပါတယ် ...
ကြားဖြတ်တုန်းက ရခဲ့တဲ့ ထောက်ခံမှုမျိုးရဖို့ ဆိုတာဟာလည်း မလွယ်တော့ပါ ...

အန်တီ နေအိမ်အကျယ်ချုပ်က လွတ်ကာစ ၀ါရင့်နိုင်ငံရေးသမားတွေ ကန်တော့ပွဲတစ်ခု လုပ်ပါတယ် ...
အဲဒီပွဲမှာ ဥပမာ- သခင်တင်မြတို့ကို မတွေ့ရပါ။ မွန်ပါတီခေါင်းဆောင် နိုင်ငွေသိမ်းကို တွေ့ရပါတယ် ...
၂၀၁၀ မှာ ၀င်ပြိုင်တဲ့ မွန်ပါတီနဲ့ ၂၀၁၀ ကို သပိတ်မှောက်တဲ့ မွန်ပါတီ ပေါင်းသွားကြပါပြီ ...
ရခိုင်နှစ်ပါတီလည်း ပေါင်းကြပါတော့မယ် ...
ရှမ်းပါတီတွေလည်း ပေါင်းကြပါတယ် ...
မြန်မာတွေကတော့ ပါတီအသစ်တွေတောင် ထပ်ပေါ်လာဖို့ ရှိနေပါတယ် ...
“နိုင်ငံရေးဆိုတာ ... သမုဒ္ဒရာရေပဲလေ ... ဘယ်သူ သောက်သောက်” လို့ ပြောကြမလို့လား ...
ပြောကြပါဗျာ ... ပြောကြပါ ....


လောလောဆယ်မှာတော့ လစ်ဗရယ် တွေကို လူထုက အကြီးအကျယ် အယုံအကြည် ကင်းမဲ့နေပါတယ် ...
လစ်ဗရယ်တွေ ကံနိမ်လို့ ဆိုရှယ်ဒီမိုကရက်တွေရော ကံဇာတာ တက်သလား ဆိုတော့ သူတို့လည်း ကံဇာတာ မတက်ပါဘူး ....

ကျိန်းသေတာ တစ်ခုကတော့ ရန်ကုန်၊ နေပြည်တော်နဲ့ ပြည်မ အခြေစိုက် နိုင်ငံရေးပါတီတွေဟာ ... လာမယ့် ၂၀၁၅ ခုနှစ် အခင်းအကျင်းမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်နိုင်တယ်လို့ ထင်မိကြောင်းပါ ....

မှားနေတာကို သတိပြုမိရင် ပြင်သင့်ပါတယ် ...အမှန်တရားကို စုပ်ကိုင်ထားတယ်ဆိုပြီး ဇွတ်အတင်း ငြင်းနေ ကြမယ် ဆိုရင်တော့ ... 

Credit to Original

1 comment:

  1. တိုင်းရင်းသားပါတီများ အားလုံးစုပေါင်းပြီး မိမိတို့သက်ဆိုင်ရာပြည်နယ်များမှာ
    အခြားပါတီများ ကိုအနိုင်တိုက်ကြပါလို့အကြံပေးပါတယ်။ ပြည်နယ် တိုင်းမှာ
    ပြည်နယ်တိုင်းရင်းသားပါတီများသာ အနိုင်ရသင့်တယ်။ ပြည်နယ် သူ/သား
    များကလည်း မိမိတို့ တိုင်းရင်းသားပါတီများကို ရဲရဲဝင့်ဝင့်ထောက်ခံကြပါ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်