Pages

Wednesday, 12 June 2013

သူတောင်းစားမာန



ကျွန်တော်တို့ ရပ်ကွက်တွင် မူလက အကြော် ဖိုတွေရှိခဲ့သည်။ အကြော်ဖိုမိသားစုမှ ဆင်းသက်လာ သော   ဆွေမျိုးတစ်စုမှာ စုန်းပြူး တစ် ယောက်ပေါ်ပေါက်လာခဲ့ပါသည်။ ထို စုန်းပြူးလူငယ်မှာ အလုပ်ကောင်း ကောင်း မလုပ်၊ ဟိုလိုလို ဒီလိုလိုနှင့် အိယောင်ဝါးနေလာခဲ့ပါသည်။ အချိန်တန်သည့်အခါ မိန်းမယူ သည်။ အရက်ကလေး ပါ   သောက် တတ်လာသည်။ စည်ပင်သာယာမှ ဈေးသစ်ကြီးတည်ဆောက်သည့်အခါ အကြော်ဖိုများ ကြက်ပျောက်   ငှက် ပျောက် ပျောက်သွားကြတော့သည်။

ထိုသူငယ်မှာ မူလက အကြော်ကြော် သော ဆွေမျိုးမိသားစုများ၏ ထောက် ပံ့မှုဖြင့် စားသောက်နေထိုင်ခဲ့သော် လည်း အကြော်ဖိုများ ပျောက်ကွယ် ခြင်းနှင့်အတူ ထိုသူငယ်အား ထောက် ပံ့ပေးကမ်းမှုလည်း ပျောက်ကွယ်သွား ခဲ့ပါသည်။ ထိုအချိန်တွင် သူ့မိန်းမမှာ လူ မမယ်ကလေး နှစ်ယောက်မွေးထား ပြီးဖြစ်သည့်အပြင် ဗိုက်ထဲတွင် လည်း   တစ်ယောက်ရှိ နေသည်။ ကိုယ်ဝန် သည် မိန်းမနှင့် လူမမယ်လေး နှစ် ယောက်အပေါ် ရပ်ကွက်က သနား ကရုဏာသက်ကြသည်။ ရပ်ကွက် လူကြီးတစ်ယောက်က ကွမ်းယာ ဆိုင်လေးတည်ပေးကာ ကူညီထောက် ပံ့ခဲ့ သည် ။ တချို့က ထမင်းကျန် ၊ ဟင်းကျန် ပေးကြသည်။ ငွေကြေး ပြည့်စုံသော အိမ်တစ်အိမ်ကမူ နေ့စဉ် ဆွမ်းတော် တင်သော ရှယ် ထမင်း ၊ ဟင်းများကို စွန့်ပေးလေ့ရှိ သည်။ တချို့က ကလေးမုန့်ဖိုး ငွေကြေးပင်   ပေးကြသည်။
ယင်းသို့ ပေးကမ်းကြသော ငွေ ကြေး အစားအစာများဖြင့် သာယာ ကာ ကွမ်းယာဆိုင်ကို ဂရုမထားဘဲ နေ လာကြသည်။ ထို့ကြောင့် လ အနည်းငယ်အတွင်းမှာပင် ကွမ်းယာ ဆိုင် ပျောက်ကွယ်သွားခဲ့သည်။ တစ် နေ့ တွင်နို့ညှာကလေးမ အပြင်းဖျား နေသည်ကို ကျွန်တော်တွေ့မြင်ရရာ ဥပေက္ခာပြုကာ မျက်နှာမလွှဲရက် သဖြင့် နီးရာဆေးခန်းသို့ ပို့ဆောင် ဆေးကုသပေးခဲ့ရသည်။ ဤသို့လျှင် ရပ်ကွက်၏ သနားကြင်နာမှုကို နို့ သက်ခံ စို့နေသော ထိုလင်မယားကို မြင်တွေ့နေရသည့်အခါ မြန်မာ ဆရာ ဝန်မ တစ်ယောက်ရေးသော အဖြစ် အပျက် တစ်ခုကို အမှတ် ရလာပါ သည်။ လာအိုနှင့် ကမ္ဘောဒီးယားတို့ တွင် စစ်ဖြစ်စဉ်က ထိုင်းနယ်စပ်သို့ ပြေးလာ ကြသော စစ်ပြေး ဒုက္ခသည် များကို ကုလသမဂ္ဂမှ ကယ်ဆယ် ရေးစခန်းဖွင့်၍ စောင့်ရှောက်ပေးခဲ့ သည်။

ဒုက္ခသည်စခန်းသို့ တာဝန် ကျ၍ သွားရောက်ခဲ့သော မြန်မာ ဆရာဝန်မက စစ်ပြေးဒုက္ခသည်များ အကြောင်း ကို ရေးသားဖော်ပြရာ၌ 'မူလက မိမိတို့နိုင်ငံ၊ မိမိတို့ ရပ်ရွာ တွင် လုပ်ကိုင်စားသောက်နေကြ သော မိသားစုများ သည် ဒုက္ခသည် စခန်းတွင် ထောက်ပံ့ပြုစုမှုများကို ခံယူကာ အနေကြာလာသော အခါ မိမိတို့နိုင်ငံတွင် တည်ငြိမ်အေးချမ်း၍ မိ မိတို့နေရပ်သို့  ပြန်ပို့သော်လည်း မပြန်လိုကြတော့ပေ။

 ပင်ပင်ပန်းပန်း လုပ်ကိုင်မစားလိုကြတော့ဘဲ စားဝတ် နေရေးအတွက် ဒုက္ခသည်စခန်းမှ ပေး ကမ်းထောက်ပံ့ မှုကိုသာ မျှော်လင့်  နေကြသည်ကိုတွေ့ရသည်' ဟု ဖတ် လိုက်ရပါသည်။ ထို့အတူပင် ကျွန်တော်တို့ ရပ် ကွက် လမ်းဘေးတွင်ရှိနေသော ထို မိသားစုမှာလည်း ရပ်ကွက်၏ ပေးစာ ကမ်းစာကိုသာ အားထားနေသည် ကို တွေ့ရပါသည်။

ထိုမိသားစုအား လူ မှုဝန်ထမ်းစိတ် ထက်သန်သော ရပ် ကွက် လူကြီးတစ်ဦးက အပတ်စဉ် ဆွမ်းလောင်းသော ဆွမ်းချက် စက်ရုံတွင် ယောက်ျားလုပ်သူအား ဝေယျာဝစ္စလုပ်ရန် ခန့်ထားခဲ့သည်။ ထမင်းလည်းကျွေး ကာ နေ့ တွက် လည်းပေးခဲ့သည်။ သို့ သော် ထို သကောင့်သားမှာ အလုပ်ကောင်း ကောင်းမလုပ် ဘဲ အရက် ကလေး တမြမြနှင့်  အိပ်၍သာနေနေသဖြင့် ထုတ်ပယ်လိုက်ရပါသည်။ မိန်းမ လုပ်သူကိုလည်း ရပ်ကွက်ရှိ ဥယျာဉ် ပိုင်ရှင် တစ်ဦးက သူ့ခြံမှ ခြံထွက် ပစ္စည်းများကို အလကားခူး၍ နံနက် ခင်းဈေးတွင် ရောင်းချ စားသောက် ရန်ပြောခဲ့ပါ သည်။ သို့သော် ထို မိန်းမ က အပင်ပန်းခံကာ ခူးယူ ရောင်းချ ခြင်းမပြုဘဲ ရပ်ကွက်မှ ပေးကမ်း သော ထမင်း၊ ဟင်းနှင့် ငွေကြေးကို သာမျှော်လင့်စားသောက်နေလျက်ရှိ ပါသည်။ ထိုလင်မယားအပေါ် ဘယ် လိုဟာတွေလဲဟု နားမလည်နိုင်အောင် ဖြစ်ရသည်။

ထိုအချိန်တွင် အပြည် ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာ ပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာ တော်၏ တရားခွေကို နားထောင်မိ ပါသည်။ ဆရာတော်က တဏှာမာန နှင့်ပတ်သက်၍ ဟောပြောရာတွင် သူတောင်းစား မှာလည်း သူတောင်း စားမာနရှိကြောင်း ဤသို့ ဟောကြား ပါသည်။ တစ်ခါက သူတောင်းစား တစ် ယောက်ကို သူဋ္ဌေးတစ်ဦးက ခေါ်ယူကာ လစာငွေကြေးပေးလျက် အလုပ်ခန့်ကာ ခိုင်းစေခဲ့သည်။

ထို အခါ သူတောင်းစားက အလုပ်ခန့် သော သူဋ္ဌေးအား ဤသို့ပြန်ပြောခဲ့ သည်။ ''ကျုပ်က သူတောင်းစားဗျ ။ တောင်းစားတဲ့ သူတောင်းစား အလုပ် ပဲလုပ်တယ်။ ခင်ဗျားခိုင်းတာ မလုပ် နိုင်ဘူး''ဟူ၍ သူတောင်းစား မာနဖြင့် ပြန်ပြောခဲ့ကြောင်း နာယူလိုက်ရပါ သည်။

ထိုအခါမှ သူတောင်းစားမာန ဆိုသည်ကို နားလည်ခြင်းနှင့်အတူ ရပ်ကွက်ပေးစာ၊ ကမ်းစာကိုသာ လက်ဖြန့်ခံ စားနေသော ထိုလင် မယားကို နားလည်လာရပါသည်။

 ဗုဒ္ဓဘာသာသည် မိမိ၏ဆင်းရဲဒုက္ခ အတွက် ပြင်ပမှကယ် တင်ရှင် ကို လက်ခံယုံကြည်ခြင်းမရှိသော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အချို့မှာမူ ဗုဒ္ဓဘာသာ၏ အရိပ်ကိုခိုလျက် ဗုဒ္ဓ အလိုတော်နှင့် ဆန့်ကျင်နေထိုင်လျက် ရှိသည်ကို တွေ့နေရပါသည်။


 စိုးဝင်း(ချောက်)

6 comments:

  1. နိုင်ငံရေးလုပ်စားမင်းကိုနိုင်တို့လိုအုပ်စုတွေကသူတို့စောင်းပြောတယ်ထင်ပြီး
    စိတ်ကောက်နေပါဦးမယ်ဗျာ

    ReplyDelete
    Replies
    1. right, ! commenter you're right.

      Delete
  2. ၀က်သားအားရပါးရစားနေတဲ့ကုလား မြအေးဖို့လည်းချန်ထားဦးကွ ကုလားမြအေးက၀က်သားသိပ်ကြိုက်တယ်။

    ReplyDelete
  3. သန်းအေး12 June 2013 at 20:14

    ကျနော်တော့ ရှယ်လိုက်ပြီဗျာ

    ReplyDelete
  4. ကိုကုလား15 June 2013 at 04:30

    "ရခိုင်ပြည်ကြီးချမ်းသာဖို့ ၀က်မွေးကြပါစို့"
    ( ဘုးသီးတောင်နဲ့မောင်တောမှာ ပို၍မွေးပေးကြပါ )

    ReplyDelete
  5. ဂွစာမောင်မောင်22 November 2013 at 03:05

    မလုပ်နဲ့ ခွေးကုလားတွေကိုယ်တိုင် ဝက်မွေးပြီးခင်ဗျားတို့ က်ု ရောင်းရမယ်လို့ OICက မှာခဲ့တယ်
    အဲဒီ ကုလားမွေးတဲ့ ဝက်သား ကို ဝယ်စားတဲ့ ခင်ဗျားတီု့ ရခိုင်တွေပန်းသေတာတို့ သားမြုံတာတို့
    သားလျှောတာတို့ ဖြစ်အောင် ညွန်ကြားထားတယ်..အစားအစာ တို့ ရေတို့ မှာ အဆိပ်ခတ်ဘို့လဲ ညွန်ကြားထားတယ်...သတိရှိကြပါ.....ခိုင်တယ် ဒီသတင်းက

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်