Pages

Tuesday, 28 May 2013

လားရှိုးမြို့တွင်အစ္စလာမ်ဘာသာဝင်တစ်ဦးက လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွား


ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။ “ဒီကိစ္စနဲ့ပတ် သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော ကြားသည်။ 

 မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့်ရှိပြီးလားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း   ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှ လာရောက် သူတစ်ဦး ဖြစ်ကြောင်း လာရှိုးမြို့ခံမြန်မာ့ခေတ် သတင်းထောက်၏သတင်းပေးပို့ချက်အရ သိရသည်။ အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့်စုရုံးရောက် ရှိနေပြီးသံဃာတော်တချို့မှာ ရဲစခန်းတွင်းသို့ ဝင်ရောက် ညှိ နှိုင်းနေကြောင်း၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။ 





အဖမ်းခံထားရတဲ့သူကိုသူတို့လက်ထဲ အပ်ဖို့လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။ 

ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့ လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။ ထက်နောင်နောင်

1 comment:

  1. ရဲထွက်ကိုယ်တော်29 May 2013 at 14:11

    ကာဋ္ဌုရေ တို့လူကြီးတွေက ဗလီတွေကို လုံခြုံရေး ချစောင့်ပေးတယ် ဆိုတော့ တို့ဘုန်းကြီးကျောင်းနဲ့တို့သံဃာတော်ကျတော့ရော
    တို့လူကြီးတွေက ကုလားတော်တော်ပဲချစ်သလား။
    ကုလားတွေက တော်တော်ချမ်းသာတယ်ဆို။
    တို့နိုင် ငံကသူရဲကောင်းဘွဲ့တွေက ရော ဘောင်းဘီစိမ်း
    နဲ့သူအတွက်ပဲရှိတာလား ။ပြန်တင်ပေးပါဦး။နာမည်ရှေ့ကျ
    ဘွဲ့တွေနဲ့ကုလားကျတော့ကြောက်သဟ ဟားဟားဟား
    ကိုယ့်လူမျိုးချင်းကျတော့မတရားဖိပြီး သတ်ပြီး ကုလားကျ
    တော့ တော်တော်ဖေါ့ပြီ တော်တော်ကယ်တယ်။လေးစားပါ
    တယ်သူရဲကောင်း လူကြီးမင်းတို့ရယ်။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်