Tuesday, 28 May 2013
မြန်မာ သတင်းဌာန အများစုက မဖေါ်ပြရဲတဲ့ ရဟန်းတော် တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
( နိရဉ္စရာ- ၂၇ မေလ ၂၀၁၃)
မြန်မာ သတင်းဌာန အတော်များများက သတင်း အဖြစ် မဖေါ်ပြရဲတဲ့ ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့ ဆန္ဒပြမူ တစ်ခု သီရိလင်္ကာ နိုင်ငံမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အဲသလို ရဟန်းတော်တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာ မှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indaratna (၃၀) နှစ်ဖြစ်ပြီး သူဟာ လူဦးရေ သန်း ၂၀ ခန့်
ရှိတဲ့ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ သီရိလင်္ကာ နိုင်ငံအတွင်းမှာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်မူ
ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ခုလို မီးရှို့ဆန္ဒပြပြီး အဆုံး စီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ သောကြာနေ့က ကန်ဒီ ( Kandy) လို့ အမည်ရတဲ့ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘုရားပွဲတော်
အတွင်း ဘုရားဖူး လာသူ အများစုရှေ့မှာ မိမိခန္ဓာကိုယ်ကို ရေနံဆီ သွန်လောင်းပြီး မီးရှို့ကာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို တားမြစ်ပေးဖို့ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန် ဘာသာထဲကို သွတ်သွင်းနေတာတွေကိုလည်း တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။
မီးရှို့ ဆန္ဒပြပြီးတဲ့ နောက်မှာ သူ့ကို ကိုလံဘိုမြို့ အမျိုးသား ဆေးရုံကြီးကို လေယာဉ်နဲ့ ယူသွားပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စနေနေ့မှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့မှာတော့ ရဟန်းတော်ကို နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ပြုလုပ်ပေးဖို့ တောင်းဆိုတာကို အစိုးရက ပယ်ချလိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းခန့်ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
သူတို့တွေဟာ သီရိလင်္ကာ သမ္မတအိမ်တော်အနီးမှာ ထိုင်ဆန္ဒပြပြီး Bowatee Indaratna ရဟန်းတော်
ဟာ ပထမဆုံး မိမိကိုယ်ကို အဆုံးစီရင်ပြီး ဆန္ဒပြတဲ့ ရဟန်းတစ်ပါး ဖြစ်တဲ့အတွက် ကိုလံဘိုမြို့က လွှတ်
လပ်ရေး ရင်ပြင်မှာ နိုင်ငံတော် ဈာပန အဖြစ် သဂြိုလ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပေမယ့် ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာနဲ့ ခရစ်ယာန် ဘာသာသို့
ကူးပြောင်းနေတာတွေကို တားဆီးဖို့ အစိုးရကို ဆက်လက် ဖိအားပေး တောင်းဆိုသွားမယ်လို့ ဂတိ က
ဝတ် ပြုခဲ့ကြတယ်လို့ သိရပါတယ်။
နိဉ္စရာ-သတင်းဋ္ဌာနမှကူးယူမျှဝေသည်။
အမျိုးအစာ
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်