Pages

Thursday, 23 May 2013

မင်းကွန်းဆရာတော်ဘုရားကြီး၏ အမျိုးသားရေးစိတ်ဓာတ်


အဆုံးအမပေးနိုင်ကြသော ဗုဒ္ဓအမည်ရသည့် ဘုရားတို့သည် ၄-မျိုးရှိသည်ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဖော်ပြထားပေသည်။(အံ-ဋ္ဌ ၁-၈၉)

၁။ သုတဗုဒ္ဓ-ပိဋကတ်ကျမ်းဂန်တို့၌ ဗဟုသုတရှိသည့် ရဟန်း-ဟူသော ဘုရား။
၂။ စတုသစ္စဗုဒ္ဓ-သစ္စာလေးပါးကို သိသော ရဟန္တာ-ဟူသော ဘုရား။
၃။ ပစ္စေကဗုဒ္ဓ-သီးခြားကိုယ်တိုင် သစ္စာလေးပါးကိုသိသော ဘုရား။
၎။ သဗ္ဗညုဗုဒ္ဓ-သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၍ သူတပါးတို့ကိုလည်း သိစေသော ဘုရား-ဟူ၍ ဗုဒ္ဓအမည်ရသည့် ဘုရား ၄-မျိုးရှိသည်ဟု ဖော်ပြထားပေသည်။

၁။ သုတဗုဒ္ဓ-ပိဋကတ်ကျမ်းဂန်တို့၌ ဗဟုသုတရှိသည့် ရဟန်း ဟူသော ဘုရားဟုဆိုရာ၌-ယခုခေတ်အခါ အကြင်ရဟန်းတော်တို့သည် ပိဋကတ်ကျမ်းဂန်များ တတ်မြောက်၍ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံကြ၏။ ထိုရဟန်းတော်တို့ကို ဒကာ ဒကာမများက မိမိတို့၏ ကျောင်းတိုက် မိမိတို့၏ ရိပ်သာများသို့ ပင့်ဆောင်၍ သီတင်းသုံးစေကြကုန်၏။ ထိုရဟန်းတော်တို့သည် သုတဗုဒ္ဓ ဘုရားတို့ ဖြစ်ကြပေသည်။ ကြည်ညိုတတ်ပါက သဗ္ဗညုဘုရားရှင်ကို ကိုးကွယ်ရသကဲ့သို့ စိတ်ကြည်နူးမှုများ ရရှိနိုင်ကြပေသည်။


သုတဗုဒ္ဓဖြစ်တော်မူသော မင်းကွန်းဆရာတော်ဘုရားကြီးဆိုတာနဲ့ သာသနာ့သမိုင်းမှာ နေတစ်ဆူ လတစ်ဆူ ပမာ ဖြစ်ခဲ့ တဲ့အတွက် မသိသူ ရှားပါတယ်၊ ယင်းဆရာတော်ဘုရားကြီးဟာ မြန်မာပြည်တွင်မက ကမ္ဘာထိအောင် ထင်ရှားကျော်ကြားခဲ့တဲ့ တိပိဋကဓရ ဖခင်ကြီးပါပဲ၊ ဆရာတော်ဘုရားကြီးဟာ သာသနာ့အာဇာနည် သူရဲကောင်း ကြီးပီပီ ဘာသာရေး အားမာန်တွေလည်း အပြည့်အ၀ရှိခဲ့ပါတယ်။

တစ်နေ့မှာ ဆရာတော်ဘုရားကြီးရဲ့ ဒကာဒကာမတွေဟာ သာသနာ့အဆောက်အဦဖြစ် တဲ့ ကျောင်းဆောင် သစ် ဆောက်လုပ်လှူဒါန်းကြပါတယ်။အဲဒီအခါမှာ ကျောင်းဆောင်သစ် အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ဆရာတော်က သူရဲ့ဥပ္ပိယဥပါသကာတွေကို မန္တလေးဘက်ကို အ၀ယ်လွှတ်လိုက်ပါတယ်၊ အသွားတုန်းက မမှာလိုက်ရလို့ အပြန်မှာ....

``မင်းတို့ ဘယ်ဆိုင်က ၀ယ်ခဲ့ကြသလဲ´´ လို့ မိန့်လိုက်ပါတယ်။
ကပ္ပိယဥပါသကာတွေကလည်ဆိုင်နာမည်မေးတာမှတ်လို့
``တပည့်တော်တို့ လှရတနာဆိုင်က ၀ယ်ခဲ့ပါတယ်ဘုရား´´ လို့လျှောက်ထားကြတယ်။


``ငါမေးတာက ဆိုင်နာမည်ကို မေးတာ မဟုတ်ဘူးကွဲ့ ဘယ်ဘာသာ ဘယ်လူမျိုးဆိုင်က ၀ယ်ခဲ့တာလဲလို့ မေးတာ´´ ဟု မိန့်မှ ..

``တပည့်တော်တို့ လူမျိုးခြား ဘာသာခြားဆိုင်က တခြားမြန်မာဆိုင်တွေထက် ဈေးသက်သာ တာနဲ့ အဲဒီလှရတနာဆိုင်ကပဲ ၀ယ်ခဲ့ပါတယ်ဘုရား´´လို့လျှောက်တော့..

ဆရာတော်ဘုရားကြီးက .....
`` အေး အေး ဒီတစ်ခါတော့ ရှိပါစေတော့ကွာ နောက်တော့ အဲဒီလိုဆိုင်တွေမှာ သွားမ၀ယ်ကြနဲ့ ကိုယ့်အမျိုး ကိုယ့်ဘာသာဆိုင်တွေမှာပဲ ၀ယ်အားပေးကြရမယ်  မင်းတို့က ဈေးသက်သာ တာကိုပဲ မြင်ကြတာကိုး၊ သူတို့ ဆီရောက်သွားတဲ့ အမြတ်အစွန်းတွေက ဒို့ဘာသာ   ဒို့လူမျိုးတွေ အတွက် အကျိုးမရှိဘူးကွဲ့ သူတို့ဘာသာ သူတို့လူမျိုးတွေ တိုးတတ်ကြီးပွားဖို့ အားပေးသလို မျိုးဖြစ်နေတယ် သူတို့က ဒို့ဘုန်းကြီးတွေကို ဆွမ်းတစ်ဇွန်း မှ လောင်းကြတာမဟုတ်ဘူး၊  ဘုရားတည်ကျောင်းဆောက်တော့လည် တစ်ပြာ်းတစ်ချပ်မှ ထည့်ကြတာ မဟုတ်ဘူး ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဆီရောက်သွားတဲ့ အမြတ်အစွန်းတွေကျတော့ ဒို့ဘုန်းကြီးတွေကို ဆွမ်းလည်လောင်းတယ်၊ ကျောင်းဆောက် ဘုရားတည်တော့လည် တတ်နိုင်သလောက် ထည့်ဝင် လှူဒါန်းကြ တယ်၊ နောက်ပြီး အလှူအတန်းတွေပေးပြီး ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်၊ အဲဒါကြောင့် မင်းတို့နောက် ဘာပစ္စည်းပဲ ၀ယ်ဝယ် ကိုယ့်အမျိုး ကိုယ့်ဘာသာဆိုင်မှာ ၀ယ်ကြပါ´´  လို့ မိန့်ကြားတော်မူလိုက်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့စကားဟာ လူမျိုးရေး ဘာသာရေးကို ခွဲခြားဆက်ဆံလို တဲ့စိတ်နဲ့ ပြော သွားတာ မဟုတ် ပါ ဘူး။ဖြစ်သင့်တာကို ဖြစ်စေချင်တဲ့သဘော လုပ်သင့်တာကို လုပ်စေချင်တဲ့ သဘောနဲ့ ပြောသွား တာဖြစ် ပါတယ်။ အခုခေတ် ဗုဒ္ဓဘာသာဝင်တွေဟာ သုတဗုဒ္ဓဖြစ်တော်မူသည့် မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ စိတ်ဓာတ်မျိုးကို အတုယူ အားကျသင့်ပါတယ်။

မိမိတို့ ချွေးနဲ့သွေးနဲ့ရင်းပြီး ရှာဖွေထားတဲ့ ငွေကြေးကို  လူမျိုးခြား ဘာသာခြားတွေရဲ့ဆိုင်မှာ အားပေးနေတာ စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်။ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်တွေမှာပဲ အားပေးသင့်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်