Thursday, 23 May 2013
ဘာသာရေးခွဲတမ်း
ကိုယ့်ဘက်ကသား၊ သူကားသမီး ချစ်ကျွမ်းနီးက
သားချည်းခေါင်ကောက် သူ့လက်အောက်
တစ်ယောက်မျှသာ ကျစေမည်။
သူ့ဘက်ကသား ကိုယ်ကသမီး ချစ်ကျွမ်းနီးသော်
သမီးကပါ သွေးသားအားလုံး အတုံးအရုံးပင်
သူ့အောက်ကခွင် နွယ်ငင်စင်းလုံး ဆုံးတော့သည်။
မျိုးခြားရိုးခြား ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်
သတိုးဆက်သည့် ရစ်ပက်စုလျား ထိုပွဲများတွင်
ဘက်မှားဆိုက်ဆိုက် သူ့နောက်လိုက်က ခိုက်မည့်ဆုံးရှုံး
ကိန်းတွက်နှုံးကို ပေါင်းရုံးတွက်ဆ ခွဲတမ်းချလျှက်
မကျခင်က ကျမည့်အရာ စဉ်းစားပါ
မရခင်က ရမည့်အရာ စဉ်းစားပါ.......တဲ့။
အထက်ပါ ကဗျာဟာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကိုယ်တော်တိုင် ရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဒီကဗျာလေးကို ကြည့်ခြင်းအားဖြင့် ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ်တွေ
ဟာ ဘယ်လောက်ထိကြီးကျယ်ခန်းနားလွန်းလှတယ်ဆိုတာ အပွေးမြင် အပင်သိဆိုသလို ထင်ရှား
လွန်းလှပါတယ်။
ဒီဆရာတော်ဘုရားကြီးက သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးပါးနှင့် ပြည့်စုံတဲ့ ဆရာတော်ဘုရား
ကြီးဆိုတာ အားလုံးအသိပါ ဆရာတော်ဘုရားကြီးဟာ ဘာလို့ ဒီလိုကဗျာတွေရေးပြီး မြန်မာလူမျိုး
တွေကို သတိပေးနေရတာလဲဆိုရင် အဖြေကတော့ အမျိုးပျောက်မည့်အရေးတကယ်စိတ်မအေးလို့
ပဲဖြစ်ပါတယ်။
တတ်သိနာလည် အသိညာဏ်ကြွယ်ဝတဲ့ ရဟန်းပညာရှိ လူပညာရှိတွေက ဘယ်လိုပဲ စိတ်မအေးနိုင်
ဖြစ်နေ တချို့မြန်မာလူမျိုးတွေကတော့ ကိုယ်နဲ့ဘာမှမဆိုင် ဘာမှမပက်သက်သလို နေကြပါတယ်။
ဒီလိုစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မိဘဘိုးဘွားတွေထိမ်းသိမ်းစောင့်ရှောက်ခဲ့တဲ့ အမျိုးသားရေး
တာဝန်တွေကို မျက်ကွယ်ပြုရာ တာဝန်မကျေရာရောက်ပါတယ်။
လူဆိုတာ လူကသာအောက်က ရောက်နေပေမယ့် စိတ်ဓာတ်ကတော့ အမြင့်ဆုံးနေရာမှာထားနိုင်
ရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ်ကအဓိကကျပါတယ် စိတ်ဓာတ်ခိုင်မာနေရင် အရာရာမှာ
ပြီးမြောက်အောင်မြင်နိုင်ပါတယ် သူတစ်ပါးတွေက ကိုယ့်ကို လာရောက်ဖျက်ဆီးတောင်မှ ကိုယ်က
ခိုင်မာတဲ့စိတ်ဓာတ်ရှိမှ ပြန်ပြီးတွန်းလှန်နိုင်မှာပါ။
ဆရာတော်ဘုရားကြီးရေးထားတဲ့ကဗျာလေးကို ပြန်ပြီးအနှစ်ချုပ်လိုက်မယ်ဆိုရင် ယောင်္ကျားလေးတစ်ယောက် လူမျိုးခြား ဘာသာခြားနောက်ပါသွားရင် အဲဒီယောင်္ကျားလေးတစ်ယောက်တည်းပဲ
ဆုံးရှုံးပါတယ်။ မိန်းကလေးတစ်ယောက်ပါသွားရင်တော့ အဲဒီမိန်းကလေးမှ ပေါက်ဖွားလာမယ့်
မျိုးဆက်သစ်တွေ အားလုံး ဆုံးရှုံးသွားတယ်ဆိုတဲ့ သဘောပါ။
ဒါကြောင့်မို့ မြန်မာမိန်းကလေးတိုင်း အမျိုးသားရေး ဘာသာရေးနဲ့ပက်သက်လာရင် အမှားဆိုတာ
မျိုး ဘယ်တော့မှ ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ပြီး အားမွေးထားဖို့ လိုအပ်ပါတယ်။မှားပြီးမှရတဲ့
နောင်တမျိုးဟာ အခါလွန်ရင် ပြင်ဖို့ခက်ပါတယ်။တစ်ဘ၀စာ တစ်နပ်စာ မကြည့်ပါနဲ့ ကိုယ့်ကြောင့်
ဖြစ်လာမယ့် မျိုးဆက်သစ်လေးတွေ အယူမှားကြောင့် သံသရာမှာခံရမယ့် ဒုက္ခတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။
အချူပ်အားဖြင့်ပြောရမယ်ဆိုရင် မြန်မာမိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုပြီဆိုရင် မျိုးဆက်သစ်အဖြစ် သားသမီးရတနာလေးတွေ ပေါက်ဖွားပေးရဦးမှာ သဘာဝပဲဖြစ်ပါတယ်။အဲဒီအခါ မိမိရင်မှ ပေါက်ဖွားလာမယ့် ရင်သွေးရတနာလေးတွေဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာအတွက် ပေါက်ဖွားပေးမလာ ဒါမှမဟုတ် လူမျိုးခြား ဘာသာခြားတွေအတွက် ပေါက်ဖွားပေးမလားဆိုတာပါပဲ။
ဒို့အမျိုး ဒို့ဘာသာ မကွယ်ပျောက်စေဖို့
အမျိုးအစာ
ဝံသာနုရက္ခိတစာပေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်