Pages

Thursday, 2 May 2013

မောင်တောမြို့နယ်အတွင်း အစိုးရစာသင်ကျောင်းများတွင် ဘင်္ဂလီများကို ခန့်ထားရန် လျှောက်လွှာခေါ်ယူပြီ၊ ကျောင်းအတူ တက်ခြင်းမှာ လုံးဝမဖြစ်နိုင်ဟု ဒေသခံများပြောဆို


မောင်တော၊ မေ(၁) ရက်
မောင်တောနယ်စပ်ဒေသရှိ အစိုးရစာသင်ကျောင်းများတွင် ရွာခန့် ဆရာ များ အဖြစ် ဘင်္ဂလီများကို ခန့်ထားရန် လျှောက်လွှာများခေါ် ယူနေကြောင်း ပညာရေးဌါမှ ထုတ်ပြန်သော သတင်းရရှိသည်။
မောင်တောနယ်စပ်ဒေသတွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ဆူပူအကြမ်းဖက်မှုများတွင် ကျောင်းအုပ် ဆရာကြီး တစ်ဦးအား ကျောင်းသားများက သတ်ဖြတ်ခြင်း၊ လူနေအိမ်များ အပါအ၀င် အစိုးရစာသင်ကျောင်းများကို အကြမ်းဖက်ဘင်္ဂလီများမှ မီးရှို့ တိုက်ခိုက်ခဲ့သည့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ဆရာ/မများ မှ မောင်တော နယ်စပ်ဒေသတွင် မနေရဲဘဲမိမိတို့၏ နေရင်းဒေသသို့ ပြောင်းရွေ့ နေထိုင်ခဲ့မှုများရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို အခွင့်ကောင်းယူကာ မောင်တောနယ်စပ်ရှိ ဘင်္ဂလီများမှာ ဘင်္ဂလီကျေးရွာရှိအစိုးရ စာသင်ကျောင်းများတွင် ရွာခန့် ဆရာအဖြစ် ခန့်ထားရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုမှု များရှိခဲ့ပြီး မကြာမီကာလတွင် ဘင်္ဂလီများကို ရွာခန့် ဆရာအဖြစ်ခန့်ထားရန် လျှောက်လွှာများ ခေါ်ယူ ခဲ့ကြောင်း   သိရသည်။

ယင်းသို့ ရွာခန့်ဆရာအဖြစ်ခန့်ထားနိုင်ရေးအတွက် လျှောက်ထားသည့် လျှောက်လွှာအရေအတွက်မှာ (၇၀၀)ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ ''ရွာခန့်ဖြစ်ဖြစ်၊ နေ့စားဖြစ်ဖြစ် ဘင်္ဂလီတွေကို ၀န်ထမ်း အဖြစ် ခန့်ထားတာက နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ကို ဆုံးရှုံးစေပါတယ်။ ပြီးတော့ ဘင်္ဂလီတွေကို ၀န်ထမ်း အဖြစ်ခန့်လိုက်တယ်ဆိုတာဟာ သွယ်ဝိုက်သောနည်းဖြင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုလိုက်တာနဲ့ အတူတူပါဘဲ။ အခုလျှောက်လွှာ တင်တဲ့ ဘင်္ဂလီတွေမှာ ဇွန်လ(၈)ရက်နေ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်က ပါဝင်ခဲ့သူတွေ၊ ကျောင်းဆရာအလုပ်ကို လုပ်ဖို့မလိုတဲ့ ငွေကြေးတတ်နိုင်သူတွေလည်းပါလာတာ ကိုတွေ ပါတယ်။ ဒါဟာသူတို့ ရဲ့ မဟာဗျူ ဟာမြောက်လုပ်ဆောင်ချက် တစ်ခုဖြစ်နေတယ်။ ကျောင်းတွေမှာ ဘင်္ဂလီကျောင်းသား၊ ဘင်္ဂလီဆရနဲ့ ဆိုရင် အဲဒီကျောင်းဟာ မကြာခင်မှာပဲ ဗလီဖြစ်သွားပါလိမ့်မယ်။''ဟု ပညာရေးဌါနမှ ၀န်ထမ်း တစ်ဦးက သုံးသပ် ပြောကြား ခဲ့ပါသည်။

လာမည့်ကျောင်းဖွင့်ရာသီတွင် မောင်တောနယ်စပ်ရှိ ဆရာ/မများ အနေဖြင့်လည်း မိမိတာဝန် ထမ်းဆောင်နေသည့် ကျောင်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် လိုလားနေကြသည့်အတွက် ဘင်္ဂလီများအား ဆရာအဖြစ်ခန့်ထားရန် မလိုအပ်ကြောင်း ပညာရေးဌါနအရာရှိတစ်ဦးက ပြောကြားသည်။ ထို့နောက် ဧပြီလ(၂၁)ရက်နေ့က မောင်တောနယ်စပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတရုံး   ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ကလည်း မောင်တောနယ်စပ်ဒေသတွင် အုပ်ချုပ်ရေးအာဏာ ပိုင်များနှင့် ဌါနဆိုင်ရာများ၏ အုပ်ချုပ်ရေးယန္တရားမှာ ကျေးရွာအောက်ခြေအဆင့်ထိ သက်ရောက်မှုရှိစေ ရန်လိုအပ်နေပြီး ဘင်္ဂလီကျေးရွာတွင် ဘင်္ဂလီအုပ်ချုပ်ရေးမှူး က အုပ်ချုပ်၊ ဘင်္ဂလီလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကိုလည်း ဘင်္ဂလီများက ပြုလုပ်နေလျှင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အုပ်ချုပ်ရေးအောက်မှလွတ်သွားမည်ဖြစ်ကြောင်း အကြပြုပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂလီများနှင့်တန်းတူ ကျောင်းတက်ရန်လုံးဝမဖြစ်နိုင်တော့ကြောင်း လည်းပြောဆိုကြသည်။ တက်လျင်ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်နေမည်ဖြစ်ကြောင်းလည်း ဒေသခံများ က ပြောဆိုကြသည်။ ယင်းအတွက် သီးခြားကျောင်းများတည်ဆောက်ကာ ပညာသင် ကြားရေးကို လုပ်ကိုင်သွားရန်လိုအပ်ကြောင်းလည်း သိရသည်။

"ဘယ်လိုမှ အတူတက်လို့မရဘူး။ ရခိုင်တွေဟာ ကုလားကို ဘယ်တော့မှ စာသင်ပေးတော့မှာမဟုတ်ဘူး။ ဒါဟာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေဖြစ်တယ်။ အတင်းခိုင်းရင် အလုပ်ထွက်လိုက်ရုံရှိမယ်။ တခြားဘာ မှတွေးစရာမလိုဘူး" ဟု ကျောက်ဖြူမြို့နယ်မှ အလယ်တန်းပြ ဆ၇ာတစ်ဦးကပြောပါသည်။ 

မိမိတို့စာသင်ပေးသော ကလေးများက ဆရာအားဝိုင်းပြီးသတ်ဖြတ်လိုက်သော ကိစ္စသည် ကျောင်းဆရာ များတွင် လုံးဝမပျောက်နိုင်သော စိတ်အမာရွတ်များထင် ကျန်စေသော လုပ်ရပ်များသာဖြစ်ကြောင်းလည်း အဆိုပါ ဆရာမှပင် ပြောဆိုခဲ့ ပါသည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်