Thursday, 2 May 2013
ရေကန်တူးဖေါ်စဉ် မြေကြီးအတွင်းမှ မီးတောက် ၁ ပေခန့်ရှိ မီးတောက်ထွက်ပေါ်လာခဲ့
နေပြည်တော်၊ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ ရွာလယ်ပိုင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နောက်ဘက်တွင်ရှိသည့် အကျယ်(၁၂၀)ပေ၊ အနက်(၁၅)ပေခန့်ရှိ အများသုံးရေကန်မှာ ရေခန်းခြောက် သွားသဖြင့် ၃၀-၄-၂၀၁၃ ရက်နေ့မှစ၍ အလုပ်သမား(၉)ဦးဖြင့် ထပ်မံတူးဖော်ခြင်းများဆောင်ရွက်ခဲ့ရာ
၁-၅-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ကန်တူးဖော်စဉ် အနက်(၂)ပေခန့် အရောက်၌ မြေကြီးအတွင်းမှ (၁)ပေခန့်ရှိမီးတောက်(၁)ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ကြောင်းသတင်းအရ ပဲခူးအမှတ်(၁)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ မီးတောက်မှာ ခေတ္တခဏသာ ထွက်ပေါ် လာခြင်းဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာခြင်းမရှိကြောင်းနှင့် ရေကန်တူးဖော် သည့်လုပ်ငန်းအား ရပ်တန့်ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
အမျိုးအစာ
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်