Pages

Sunday, 26 May 2013

“ခရီးသွားသံဃာ ဆိုင်ကယ်တိုက်ခံရမှု ယနေ့အခြေအနေ”


စကုတိုက်၊ မြသိန်းတန်ကျောင်းမှ ဦးသောပါက အသက် (၆၆)နှစ်၊ သိက္ခာ (၁၁)ဝါကို ဦးထိန်ဝင်းက ၂၅-၅-၂၀၁၃ မနက် ၄း၃၀ အချိန်တွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသည်။ဦးထိန်ဝင်းကို ရပ်ကွက်မှဖမ်းပြီး ရဲစခန်း ပို့လိုက်သည်။ ဦးသောပါကကို နိဗ္ဗာန်သုခအသင်းမှ ဆေးရုံတင်ပို့သည်။

ဦးသောပါက ဆေးရုံတက်စဉ် သစ္စာရွှေစည်တိုက်၊ သာယာရွှေပြည်ကျောင်းမှ ဦးဝိသုတက ကျေးအေး လက်မှတ်ထိုးခိုင်းသည်။အသက် (၆၆)နှစ် အရွယ် ဦးခေါင်းထိခိုက်သောကြောင့် ဦးသောပါက ဘာမျှ သတိမရ၊ သည်အခါ ဦးဝိသုတ က ဦးသောပါကကိုယ်စား လက်မှတ်ထိုးကာ ဦးသောပါကကို လူမသိသူမသိ ဆေးရုံမှခေါ်ထု တ်ပြီး စကုတိုက် ၊ တိုက်ပေါက်ဝတွင် ချထားပေးခဲ့သည်။

၎င်းဦးဝိသုတသည် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပြီး ရဟန်းဝတ်နေသည်မှာ (၈)ဝါပင် ရပြီး ဖြစ်သည်။ ဆိုင်ကယ်ပိုင်ရှင် ဦးထိန်ဝင်း၏ ဝမ်းကွဲအစ်ကို ဖြစ်ကြောင်း သိရသည်။ဦးသောပါက   ကျောင်းပြန်ရောက် သည့်အခါ ကျောင်းထိုင်ဆရာတော်က မကျေနပ်၍ ဦးဝီရသူထံ အကူအညီတောင်းသည်။ ဦးဝီရသူက ချမ်းအေးသာစံနှင့် အောင်မြေသာစံ ရဲဌာနကို ဆက်သွယ်ပေးကာ ဦးသောပါက ကို ဆေးရုံပြန်တက် ကုသမှု ရသည့်အထိ စီမံပေးခဲ့သည်။ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဦးသောပါက ကုသမှုခံ ယူနေသည်။

ယနေ့ ၂၆-၅-၂၀၁၃ တွင် စကုတိုက်၊ မြသိန်းတန်ကျောင်းသို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဒေါ်ခင်စောဦး (Oriental House)နှင့် ဦးကျော်ဝင်း (သစ္စာစေတနာ အိမ်ဆောက်ပစ္စည်း)တို့ လာရောက်ကာ ကျေနပ် သည် အထိ တောင်းပန်ဖို့ ကမ်းလှမ်းသည်။ မြသိန်းတန်ဆရာတော်ကြီးနှင့် တပည့်များက စာနယ်ဇင်း မှာ ကြေငြာပေး လျှင် ကြေအေးမည်။

သို့သော် ဦးဝီရသူ သဘောတူမှ အတည်ပြုမည်ဟု ဆိုသည်။ ဦးဝီရသူက “လူနာနဲ့လည်း မတွေ့ရသေးကြောင်း၊ လူနာရှင်နဲ့လည်း စကားမပြောရသေးကြောင်း၊ တိုက်သူ ဆိုင်ကယ်ရှင် ဦးထိန်ဝင်းအကြောင်း ကိုလည်း မသိ ရသေးကြောင်း၊ အခင်းဖြစ်သည့်နေရာကိုလည်း မလေ့လာ ရသေးကြောင်း ဒါကြောင့် ချက်ချင်း အဖြေး မပေးနိုင်သေးကြောင်း ” ပြန်ကြားခဲ့ပါသည်။


၂၆-၅-၂၀၁၃ မနက် ၉း၀၀ နာရီကျော်တွင် ကရဝိက်ဦးမောင်မောင်ရောက် လာပြီး ညှိနှိုင်းပါသည်။ ဦးဝီရသူက “ကုလားအဖမ်းခံရတဲ့အခါကျ ခင်ဗျားတို့ တောင်းပန်တာနဲ့ ကျေးနပ်ပေးခဲ့တယ်။

ထက်ဝေယံဆိုတဲ့ကောင်လေး အဖမ်းခံရတုန်းက အာမခံရဖို့လေး အတွက်တောင် မူဆလင်တွေက တောင်းပန် မခံဘူး။ နောက်တော့ ထက်ဝေယံနှင့် အဖော်ပါသွားတဲ့ကောင်လေးကို ထပ်ပြီးထောင်ချ လိုက်ပြန်တယ် ။ တောင်းပန်တာမကျေနပ်တဲ့အပြင် ရုံးမတက်ဘဲအချိန် ဆွဲထားလို့ GTC စာမေးပွဲ မဖြေလိုက်ရဘူး။

သမီးနှင့်လည်း အဆက်အသွယ်ဖြတ်ပါ့မယ်။ နောက်နောင် လုံးဝမပတ် သက်စေ ရပါဘူး လို့ အကြိမ်ကြိမ် ကတိပေး ဝန်ချတောင်းပန်တာတောင် ခင်ဗျားသား ထောင်ထဲမှာ မသေနိုင်ပါဘူး ဆိုတဲ့ဖြေဘဲ ပေးခဲ့တယ်။ ဒီလို ဗမာတွေ မတရားခံနေရချိန်ကျ ခင်ဗျားတို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဘာလုပ်ပေးခဲ့သလဲ” ဟု မိန့်ကြား ခဲ့ပါသည်။

ကရဝိက်ဦးမောင်မောင်က ဒီကိစ္စလည်း ညှိကြည့်ပါဦးမည်း ဟု ပြောသွားပါသည်။ထက်ဝေယံသည် ဗမာ ဗုဒ္ဓ ဘာသာ GTI ကျောင်းသားဖြစ်ပြီး ၎င်း၏ချစ်သူသည် Three Tri မျက်မှန်ဆိုင်မှ GTI ကျောင်းသူ မူဆလင် မလေးဖြစ်ပါသည်။ ချစ်သူခေါ်၍ အိမ်သွားမိရာ အိမ်ကျော်နင်းမှုနဲ့ ယခုအချိန်အထိ ထောင်ကျနေပါသည်။

ရုံချိန်းအကြိမ်ကြိမ်ချိန်းသော်လည်း တရားလို မိဘများ ရုံးမတက်ကြလို့ ထက်ဝေယံ အာမခံလည်း မရ၊ စာမေးပွဲ လည်း မဖြေခဲ့ရခြင်း ဖြစ်ပါသည်။ထက်ဝေယံကို အာမခံမပေးရဲခြင်းမှာ ကုလားတွေက အတိုင်အတော ထူသောကြောင့် ဟု ဥပဒေအရာရှိနှင့် တရားသူကြီးတို့က အကြောင်းပြခဲ့ ပါသည်။

ဦးသောပါကကို ကျေအေးဖို့ တောင်းပန်ညှိနှိုင်းပေးသော ဘာသာပေါင်း စုံငြိမ်းချမ်းရေးအဖွဲ့သည် Three Tri မျက်မှန်ဆိုင်ကို ကျေးအေးပေးဖို့ ညှိနှိုင်းပေးနိုင်မှု ရှိ/မရှိ စောင့်မျှော် ရှုစားကြပါကုန်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်