Pages

Saturday 18 May 2013

သီတာထွေးတံဆိပ်နဲ့ သတိတရားရဲ့ အလံတော်






ဒါဟာ
အကုသိုလ် ကံပါလို့
ငါ့ကို မပြောနဲ့
မပြောကြပါနဲ့ကွာ
အရိပ်
တစ်ဦးတစ်ယောက်ရဲ့ အရိပ်ပါ ။
ငါတို့ပင်လယ်ကို
အမဲရောင်မြစ်တို့စီးဆင်း
လမ်းခင်းပေးခဲ့တာ ဘယ်သူလဲ
ဘယ်သူပါလဲ ခင်ဗျာ
ဒီမှာ
ငါတို့ရဲ့ ဖြစ်ထွန်းနေတဲ့ သီးနှံနဲ့ အမွေများ
ပိုးစားလို့ ခြ ကိုက်
အမဲရောင်မြစ်တို့ တိုက်စားနေပုံ ။

ညီမလေးရေ သွားတော့
နင်ဟာ
ငါတို့ရဲ့ ဝမ်းနည်းခြင်း တယော
ဆွေးမြေ့မှု မြို့တော်
သတိရမှု နိုင်ငံ
နာကျင်ခြင်း ပန်းချီကား
မဟုတ်မခံတဲ့ မျိုးချစ်စိတ်
အနောက်တံတိုင်းရဲ့ ခေါင်းလောင်းသံ
အမျိုးသီလရဲ့ ပြယုဂ်
သတိပေးခြင်းအလံတော်
(သတိပေးခြင်း အလံတော် )
အလံတော် ဖြစ်တယ်ကွဲ့ ။

ညီမလေးရေ
နောင်သံသရာ တစ်ကွေ့
ငါတို့ ပြန်ဆုံ တွေ့ရင်
တောက်! တစ်ချက် ခေါက်
အသက်ကို သုံးစက္ကန့် အောင့်
တပြည်လုံး သုံးမိနစ် ငြိမ်
အဓိဋ္ဌာန် မယ်
ဒါ ငါတို့ပြည်
ဒါ ငါတို့အမွေ
ဒါ ငါတို့ ဘာသာ
ဒါ ငါတို့ သာသနာ
ဒါ ငါတို့ အမျိုး
တိုးရာမှ ကျယ် ကျယ်၍
ဆုတောင်းလို့ ညီညွတ်မယ်
ဟေ့
အမျိုးကောင်းသားတို့ ရေ့ ။ ။


Translated by: Zwe Thit (Rammarmray)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်